ပရိသတ်တွေအရမ်းကိုမျှော်လင့်စောင့်စားနေတဲ့ BLACKPINK အဖွဲ့ရဲ့အယ်လ်ဘမ်သစ်ဟာ မယုံနိုင်လောက်တဲ့အရေအတွက်အထိရောင်းချခဲ့ရ

Posted on

BLACKPINK အဖွဲ့ကတော့ ပရိသတ်တွေကို အကောင်းဆုံးဖျော်ဖြေမှုတွေနဲ့ဖမ်းစားလေ့ရှိတာပါ။ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားတဲ့ဒီအဖွဲ့ကတော့ သီချင်းအသစ်မထွက်ရှိတာ (၂)နှစ်ကြာတဲ့အချိန်အထိ ပရိသတ်တွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားဆဲ ဖြစ်ပါတယ်။ အခုလည်း အယ်လ်ဘမ်အသစ် Born Pink ဟာ ပရိသတ်ကိုဘယ်လောက်ထိမျှော်လင့်စောင့်စားနေစေခဲ့သလဲဆိုတာ တွေ့ရမှာပါ။


အယ်လ်ဘမ်မထွက်ရှိခင်ကတည်းကလည်း ပရိသတ်တွေရဲ့အာရုံစိုက်မှုကိုအပြည့်အဝရရှိထားတာပါ။ လက်ရှိမှာလည်း အယ်လ်ဘမ်မထွက်ခင်ကြိုတင်မှာယူမှုဟာ (၁.၅) သန်းအထိရှိနေပြီဆိုတာကို YG Entertainment က ဖော်ပြခဲ့ပါတယ်။ ဒါဟာ တစ်ပတ်အတွင်း ရောင်းချထားတာဖြစ်ပါတယ်။ အယ်လ်ဘမ်ထွက်ရှိဖို့ကတော့တစ်လလောက်လိုသေးတာလည်း ဖြစ်ပါတယ်။ အယ်လ်ဘမ်ထွက်ရှိတဲ့အချိန်အထိဆိုရင် (၂) သန်းကနေ (၃) သန်းအထိ ရောင်းချရမယ်လို့ မျှော်လင့်နေကြပါတယ်။


အယ်လ်ဘမ်မထွက်ရှိခင်မှာ Pre-realeasing သီချင်းတစ်ပုဒ်အနေနဲ့ Pink Venom ကိုလည်း သြဂုတ်လ(၁၉)ရက်နေ့မှာ ထွက်ရှိသွားမှာပါ။ အမြဲအသစ်အဆန်းတွေနဲ့ပရိသတ်တွေကို စိတ်ကျေနပ်စေခဲ့တဲ့ BLACKPINK ကတော့ ဒီတစ်ခါမှာဘယ်လိုပုံစံမျိုးတွေနဲ့ထွက်ပေါ်လာမလဲဆိုတာ ရင်ခုန်စရာပါပဲ။
Zawgyi ဖြင့်ဖတ်ရန်

ပရိသတ္ေတြအရမ္းကိုေမွ်ာ္လင့္ေစာင့္စားေနတဲ့ BLACKPINK အဖြဲ႕ရဲ႕အယ္လ္ဘမ္သစ္ဟာ မယုံႏိုင္ေလာက္တဲ့အေရအတြက္အထိေရာင္းခ်ခဲ့ရ
BLACKPINK အဖြဲ႕ကေတာ့ ပရိသတ္ေတြကို အေကာင္းဆုံးေဖ်ာ္ေျဖမႈေတြနဲ႔ဖမ္းစားေလ့ရွိတာပါ။ လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ေက်ာ္ၾကားတဲ့ဒီအဖြဲ႕ကေတာ့ သီခ်င္းအသစ္မထြက္ရွိတာ (၂)ႏွစ္ၾကာတဲ့အခ်ိန္အထိ ပရိသတ္ေတြရဲ႕အခ်စ္ေတြကိုသိမ္းပိုက္ထားဆဲ ျဖစ္ပါတယ္။ အခုလည္း အယ္လ္ဘမ္အသစ္ Born Pink ဟာ ပရိသတ္ကိုဘယ္ေလာက္ထိေမွ်ာ္လင့္ေစာင့္စားေနေစခဲ့သလဲဆိုတာ ေတြ႕ရမွာပါ။


အယ္လ္ဘမ္မထြက္ရွိခင္ကတည္းကလည္း ပရိသတ္ေတြရဲ႕အာ႐ုံစိုက္မႈကိုအျပည့္အဝရရွိထားတာပါ။ လက္ရွိမွာလည္း အယ္လ္ဘမ္မထြက္ခင္ႀကိဳတင္မွာယူမႈဟာ (၁.၅) သန္းအထိရွိေနၿပီဆိုတာကို YG Entertainment က ေဖာ္ျပခဲ့ပါတယ္။ ဒါဟာ တစ္ပတ္အတြင္း ေရာင္းခ်ထားတာျဖစ္ပါတယ္။ အယ္လ္ဘမ္ထြက္ရွိဖို႔ကေတာ့တစ္လေလာက္လိုေသးတာလည္း ျဖစ္ပါတယ္။ အယ္လ္ဘမ္ထြက္ရွိတဲ့အခ်ိန္အထိဆိုရင္ (၂) သန္းကေန (၃) သန္းအထိ ေရာင္းခ်ရမယ္လို႔ ေမွ်ာ္လင့္ေနၾကပါတယ္။
အယ္လ္ဘမ္မထြက္ရွိခင္မွာ Pre-realeasing သီခ်င္းတစ္ပုဒ္အေနနဲ႔ Pink Venom ကိုလည္း ၾသဂုတ္လ(၁၉)ရက္ေန႔မွာ ထြက္ရွိသြားမွာပါ။ အၿမဲအသစ္အဆန္းေတြနဲ႔ပရိသတ္ေတြကို စိတ္ေက်နပ္ေစခဲ့တဲ့ BLACKPINK ကေတာ့ ဒီတစ္ခါမွာဘယ္လိုပုံစံမ်ိဳးေတြနဲ႔ထြက္ေပၚလာမလဲဆိုတာ ရင္ခုန္စရာပါပဲ။