လက်ရှိမှာရေပန်းအစားဆုံး ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲက ဘာဖြစ်မလဲ

Posted on

တောင်ကိုရီးယားနိုင်ငံရဲ့ဒရမ်မာဇာတ်လမ်းတွဲတွေကတော့ အာရှကပရိသတ်တွေတင်သာမက ကမ္ဘာတစ်ဝှမ်းကပရိသတ်တွေကိုပါ ဖမ်းစားထားနိုင်တာပါ။ လက်ရှိမှာတောင်ကိုရီးယားနိုင်ငံရဲ့ရေပန်းအစားဆုံး ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲတွေကို ဖော်ပြလိုက်ပါတယ်။


မကြာသေးခင်ကတော့ Good Data Corporation သြဂုတ်လဒုတိယအပတ်ရဲ့ရေပန်းအစားဆုံး ဒရမ်မာ(၁၀)ကားကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုအဆင့်သတ်မှတ်ချက်တွေကတော့ လက်ရှိပြသနေတဲ့ဒရမ်မာတွေနဲ့မကြာခင်ပြသတော့မယ့်ဒရမ်မာတွေနဲ့ပတ်သက်ပြီး အွန်လိုင်းအသုံးပြုသူတွေကြား သတင်း၊ဘလော့၊ ဗီဒီယိုနဲ့လူမှုကွန်ရက်တွေကအချက်အလက်တွေကိုကောက်ခံပြီး ဆုံးဖြတ်တာဖြစ်ပါတယ်။


လက်ရှိမှာ နံပါတ်တစ်နေရာမှာရှိနေတာ Extraordinary Attorney Woo ဖြစ်ပြီး Big Mouth နဲ့ Alchemy of Souls တို့ကတော့ ဒုတိယနဲ့ တတိယနေရာမှာပါ။ နံပါတ်(၄) က It’s Beautiful Now ၊ (၅)နေရာမှာ Gold Mask ၊ (၆) နေရာမှာ Good Detective 2 ၊ နံပါတ်(၇) ကNew Recruit ၊ နံပါတ်(၈) နေရာမှာ မင်းသား Ji Chang Wook ရဲ့ If You Wish Upon Me ၊ နံပါတ် (၉) မှာ Today’s Webtoon နဲ့ (၁၀) မှာတော့ Joseon Psychiatrist Yoo ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




