သတို့သားနှစ်ဦးပါဝင်နေတဲ့ပိုစတာကြောင့် ပရိသတ်တွေစိတ်ဝင်စားနေတဲ့ ‘Love in Contract’

Posted on

မင်းသမီးချော Park Min Young ကတော့ ဖက်ရှင်ကျပြီး သွက်သွက်လက်လက်နဲ့ချစ်စရာကောင်းတဲ့ သရုပ်ဆောင်ချက်တွေနဲ့ဖမ်းစားနိုင်သူတစ်ယောက်ပါ။ အခုလည်း မကြာခင်ထုတ်လွှင့်ပြသတော့မယ့် ဇာတ်လမ်းတွဲ ‘Love in Contract’ မှာ အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။


‘Love in Contract’ကတော့ တစ်ကိုယ်တည်းသမားတွေအတွက် ပွဲအခမ်းအနားတွေတက်ရောက်တဲ့အခါမှာ ချစ်သူ၊ဇနီးအဖြစ် အခကြေးငွေယူပြီးဟန်ဆောင်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းကိုလုပ်ကိုင်နေတဲ့ အမျိုးသမီး Choi Sang Eun ရဲ့အကြောင်းကို အဓိကထားရိုက်ကူးထားတာပါ။Choi Sang Eun အဖြစ်ပါဝင်ထားတဲ့ Park Min Young ကတော့ Go Kyung Pyo အတွက် နှစ်ရှည်စာချုပ်ချုပ်ဆိုထားပြီး တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တွေမှာ တွေ့ဆုံရမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ Kim Jae Young အတွက် အင်္ဂါ၊ ကြသအပတေးနဲ့ စနေနေ့တွေကို အချိန်ပေးရဖို့ဖြစ်လာမှာပါ။

အခုထွက်ရှိလာတဲ့ပိုစတာပုံရိပ်တွေမှာလည်း သတို့သားနှစ်ဦးစလုံးရဲ့သတို့သမီးအဖြစ် Park Min Young ကိုတွေ့ရပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ စက်တင်ဘာလ(၃)ရက်နေ့မှာ စတင်ပြသမှာပါ။ Teaserထွက်ရှိလာပြီးနောက် သုံးပွင့်ဆိုင်ဇာတ်လမ်းမှာ Park Min Young ရဲ့ အချစ်ကိုဘယ်သူကရရှိမလဲဆိုတာ စိတ်ဝင်စားရာပါပဲ။
Zawgyi ဖြင့်ဖတ်ရန်

သတို႔သားႏွစ္ဦးပါဝင္ေနတဲ့ပိုစတာေၾကာင့္ ပရိသတ္ေတြစိတ္ဝင္စားေနတဲ့ ‘Love in Contract’
မင္းသမီးေခ်ာ Park Min Young ကေတာ့ ဖက္ရွင္က်ၿပီး သြက္သြက္လက္လက္နဲ႔ခ်စ္စရာေကာင္းတဲ့ သ႐ုပ္ေဆာင္ခ်က္ေတြနဲ႔ဖမ္းစားႏိုင္သူတစ္ေယာက္ပါ။ အခုလည္း မၾကာခင္ထုတ္လႊင့္ျပသေတာ့မယ့္ ဇာတ္လမ္းတြဲ ‘Love in Contract’ မွာ အဓိကဇာတ္ေဆာင္အေနနဲ႔ပါဝင္ထားပါတယ္။


‘Love in Contract’ကေတာ့ တစ္ကိုယ္တည္းသမားေတြအတြက္ ပြဲအခမ္းအနားေတြတက္ေရာက္တဲ့အခါမွာ ခ်စ္သူ၊ဇနီးအျဖစ္ အခေၾကးေငြယူၿပီးဟန္ေဆာင္ေပးတဲ့ ဝန္ေဆာင္မႈလုပ္ငန္းကိုလုပ္ကိုင္ေနတဲ့ အမ်ိဳးသမီး Choi Sang Eun ရဲ႕အေၾကာင္းကို အဓိကထား႐ိုက္ကူးထားတာပါ။Choi Sang Eun အျဖစ္ပါဝင္ထားတဲ့ Park Min Young ကေတာ့ Go Kyung Pyo အတြက္ ႏွစ္ရွည္စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီး တနလၤာ၊ ဗုဒၶဟူးနဲ႔ ေသာၾကာေန႔ေတြမွာ ေတြ႕ဆုံရမွာျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ Kim Jae Young အတြက္ အဂၤါ၊ ၾကသအပေတးနဲ႔ စေနေန႔ေတြကို အခ်ိန္ေပးရဖို႔ျဖစ္လာမွာပါ။


အခုထြက္ရွိလာတဲ့ပိုစတာပုံရိပ္ေတြမွာလည္း သတို႔သားႏွစ္ဦးစလုံးရဲ႕သတို႔သမီးအျဖစ္ Park Min Young ကိုေတြ႕ရပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ စက္တင္ဘာလ(၃)ရက္ေန႔မွာ စတင္ျပသမွာပါ။ Teaserထြက္ရွိလာၿပီးေနာက္ သုံးပြင့္ဆိုင္ဇာတ္လမ္းမွာ Park Min Young ရဲ႕ အခ်စ္ကိုဘယ္သူကရရွိမလဲဆိုတာ စိတ္ဝင္စားရာပါပဲ။