ကိုရီးယားရိုးရာဖိနပ်နဲ့အနောက်တိုင်းဝတ်စုံကိုတွဲဖက်ဝတ်ဆင်ခဲ့ခြင်းကြောင့် ဝေဖန်ခံခဲ့ရတဲ့ မော်ဒယ်လ်

Posted on

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးမော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ Han Hye Jin ကတော့ Vogue Korea အတွက်အိမ်ပြာတော်မှာရိုက်ကူးရေးလုပ်ပြီးနောက်မှာ ဝေဖန်မှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ အိမ်ပြာတော်ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့သမ္မတအိမ်နဲ့အမှုဆောင်ရုံးဖြစ်ခဲ့ဖူးတဲ့နေရာပါ။


ဒီနေရာမှာတော့ Han Hye Jin ဟာပိုစ့်အမျိုးမျိုးနဲ့ ဖက်ရှင်အမျိုးမျိုးကိုပြောင်းပြီး ရိုက်ကူးရေးလုပ်ခဲ့ပါတယ်။ ဂျပန်ဒီဇိုင်နာဖန်တီးခဲ့တဲ့ဝတ်စုံနဲ့ပတ်သက်ပြီးတော့ အိမ်ပြာတော်လိုမျိုးသမိုင်းဝင်နေရာမှာအခုလိုရိုက်ကူးတာက မသင်တော်ဘူးဆိုပြီးတော့ ဝေဖန်မှုတွေဖြစ်ခဲ့တာပါ။ကိုရီးယားရိုးရာဝတ်စုံဒီဇိုင်နာတစ်ယောက်ကလည်း အခုလိုမျိုးအနောက်တိုင်းဝတ်စုံနဲ့ရိုးရာဖိနပ်ကိုတွဲဖက်ထားခြင်းက Hanbok မဖြစ်သွားကြောင်းနဲ့အခုလိုလုပ်ရပ်အတွက်ရှုံချထားပါတယ်။


Vogue ကတော့ အခုလိုအငြင်းပွားမှုတွေကြောင့်ပုံတွေကို ဖြုတ်ချခဲ့ပါတယ်။ Han Hye Jin ကလည်း သူ့ရဲ့အင်စတာဂရမ်မှာ comment တွေကို ပိတ်ထားခဲ့တာပဲ ဖြစ်ပါတယ်။ အခုလိုဝတ်ဆင်ခြင်းနဲ့ပတ်သက်ပြီးပရိသတ်ကြီးကရော ဘယ်လိုထင်မြင်ယူဆမိပါသလဲ။
Zawgyi ဖြင့်ဖတ်ရန်

ကိုရီးယား႐ိုးရာဖိနပ္နဲ႔အေနာက္တိုင္းဝတ္စုံကိုတြဲဖက္ဝတ္ဆင္ခဲ့ျခင္းေၾကာင့္ ေဝဖန္ခံခဲ့ရတဲ့ ေမာ္ဒယ္လ္
ေတာင္ကိုရီးယားႏိုင္ငံရဲ႕နာမည္ႀကီးေမာ္ဒယ္လ္တစ္ေယာက္ျဖစ္တဲ့ Han Hye Jin ကေတာ့ Vogue Korea အတြက္အိမ္ျပာေတာ္မွာ႐ိုက္ကူးေရးလုပ္ၿပီးေနာက္မွာ ေဝဖန္မႈေတြကိုရင္ဆိုင္ခဲ့ရပါတယ္။ အိမ္ျပာေတာ္ကေတာ့ ေတာင္ကိုရီးယားႏိုင္ငံရဲ႕သမၼတအိမ္နဲ႔အမႈေဆာင္႐ုံးျဖစ္ခဲ့ဖူးတဲ့ေနရာပါ။


ဒီေနရာမွာေတာ့ Han Hye Jin ဟာပိုစ့္အမ်ိဳးမ်ိဳးနဲ႔ ဖက္ရွင္အမ်ိဳးမ်ိဳးကိုေျပာင္းၿပီး ႐ိုက္ကူးေရးလုပ္ခဲ့ပါတယ္။ ဂ်ပန္ဒီဇိုင္နာဖန္တီးခဲ့တဲ့ဝတ္စုံနဲ႔ပတ္သက္ၿပီးေတာ့ အိမ္ျပာေတာ္လိုမ်ိဳးသမိုင္းဝင္ေနရာမွာအခုလို႐ိုက္ကူးတာက မသင္ေတာ္ဘူးဆိုၿပီးေတာ့ ေဝဖန္မႈေတြျဖစ္ခဲ့တာပါ။ကိုရီးယား႐ိုးရာဝတ္စုံဒီဇိုင္နာတစ္ေယာက္ကလည္း အခုလိုမ်ိဳးအေနာက္တိုင္းဝတ္စုံနဲ႔႐ိုးရာဖိနပ္ကိုတြဲဖက္ထားျခင္းက Hanbok မျဖစ္သြားေၾကာင္းနဲ႔အခုလိုလုပ္ရပ္အတြက္ရႈံခ်ထားပါတယ္။


Vogue ကေတာ့ အခုလိုအျငင္းပြားမႈေတြေၾကာင့္ပုံေတြကို ျဖဳတ္ခ်ခဲ့ပါတယ္။ Han Hye Jin ကလည္း သူ႔ရဲ႕အင္စတာဂရမ္မွာ comment ေတြကို ပိတ္ထားခဲ့တာပဲ ျဖစ္ပါတယ္။ အခုလိုဝတ္ဆင္ျခင္းနဲ႔ပတ္သက္ၿပီးပရိသတ္ႀကီးကေရာ ဘယ္လိုထင္ျမင္ယူဆမိပါသလဲ။