မင်းသမီး Park Eun Bin ကတော့ ထူးချွန်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့အချစ်တွေကို ရရှိထားတာပါ။ သူကတော့ မကြာသေးခင်ကပြီးသွားခဲ့တဲ့ Extraordinary Attorney Woo ဆိုတဲ့ဇာတ်လမ်းတွဲမှာ အော်တစ်ဇင်ရှေ့နေမလေးအဖြစ်ပီပြင်စွာသရုပ်ဆောင်ခဲ့ပြီး နိုင်ငံတကာကပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုပါရရှိခဲ့တာပါ။
အခုဆိုရင် (၄၉)ကြိမ်မြောက် Korean Broadcasting Awards က ဆုရရှိသူတွေကို ကြေညာခဲ့ပါပြီ။ ဒီဆုပေးပွဲမှာတော့ Park Eun Bin က The King’s Affection ဇာတ်လမ်းတွဲထဲကဇာတ်ရုပ်နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့ပါတယ်။ ဒီဆုပေးပွဲမှာတော့အကောင်းဆုံးဒရမ်မာဆုကို ပရိသတ်တွေကြားရေပန်းစားခဲ့တဲ့နန်းတွင်းဇာတ်ကားဖြစ်တဲ့ The Red Sleeve ဇာတ်ကားက ရရှိခဲ့ပါတယ်။
Park Eun Bin ကတော့ ဆုရရှိခဲ့တဲ့အတွက်စင်မြင့်ပေါ်မှာစကားပြောတဲ့အခါ “မနှစ်က The King’s Affection ဇာတ်ကားရိုက်ခဲ့တဲ့အချိန်တွေကိုပြန်တွေးဖို့ အချိန်ယူခဲ့တယ်။ The King’s Affection ရိုက်ကူးခဲ့ရတာကတော့ ဂျိုဆွန်းမင်းဆက်ရဲ့ဘုရင်တစ်ပါးအနေနဲ့နေထိုင်ဖို့အတွက်အခွင့်အရေးရရှိခဲ့တဲ့အိမ်မက်တစ်ခုပါ။ ပြီးတော့ ဒီလိုဇာတ်ကားမျိုးမှာသရုပ်ဆောင်ခွင့်ရခဲ့တာကိုလည်း အနာဂတ်မှာအမှတ်ရနေပြီး ဝမ်းမြောက်နေမှာအမှန်ပါပဲ။” လို့ဆိုခဲ့ပါတယ်။
Congradulations ပါ Park Eun Bin ရေ
Zawgyi ဖြင့်ဖတ်ရန်
(၄၉)ႀကိမ္ေျမာက္ Korean Broadcasting Awards မွာ ဆုရရွိခဲ့တဲ့ မင္းသမီး Park Eun Bin
မင္းသမီး Park Eun Bin ကေတာ့ ထူးခြၽန္တဲ့သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ ပရိသတ္ေတြရဲ႕အခ်စ္ေတြကို ရရွိထားတာပါ။ သူကေတာ့ မၾကာေသးခင္ကၿပီးသြားခဲ့တဲ့ Extraordinary Attorney Woo ဆိုတဲ့ဇာတ္လမ္းတြဲမွာ ေအာ္တစ္ဇင္ေရွ႕ေနမေလးအျဖစ္ပီျပင္စြာသ႐ုပ္ေဆာင္ခဲ့ၿပီး ႏိုင္ငံတကာကပရိသတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈကိုပါရရွိခဲ့တာပါ။
အခုဆိုရင္ (၄၉)ႀကိမ္ေျမာက္ Korean Broadcasting Awards က ဆုရရွိသူေတြကို ေၾကညာခဲ့ပါၿပီ။ ဒီဆုေပးပြဲမွာေတာ့ Park Eun Bin က The King’s Affection ဇာတ္လမ္းတြဲထဲကဇာတ္႐ုပ္နဲ႔ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုကိုရရွိခဲ့ပါတယ္။ ဒီဆုေပးပြဲမွာေတာ့အေကာင္းဆုံးဒရမ္မာဆုကို ပရိသတ္ေတြၾကားေရပန္းစားခဲ့တဲ့နန္းတြင္းဇာတ္ကားျဖစ္တဲ့ The Red Sleeve ဇာတ္ကားက ရရွိခဲ့ပါတယ္။
Park Eun Bin ကေတာ့ ဆုရရွိခဲ့တဲ့အတြက္စင္ျမင့္ေပၚမွာစကားေျပာတဲ့အခါ “မႏွစ္က The King’s Affection ဇာတ္ကား႐ိုက္ခဲ့တဲ့အခ်ိန္ေတြကိုျပန္ေတြးဖို႔ အခ်ိန္ယူခဲ့တယ္။ The King’s Affection ႐ိုက္ကူးခဲ့ရတာကေတာ့ ဂ်ိဳဆြန္းမင္းဆက္ရဲ႕ဘုရင္တစ္ပါးအေနနဲ႔ေနထိုင္ဖို႔အတြက္အခြင့္အေရးရရွိခဲ့တဲ့အိမ္မက္တစ္ခုပါ။ ၿပီးေတာ့ ဒီလိုဇာတ္ကားမ်ိဳးမွာသ႐ုပ္ေဆာင္ခြင့္ရခဲ့တာကိုလည္း အနာဂတ္မွာအမွတ္ရေနၿပီး ဝမ္းေျမာက္ေနမွာအမွန္ပါပဲ။” လို႔ဆိုခဲ့ပါတယ္။
Congradulations ပါ Park Eun Bin ေရ