ဒရမ်မာဇာတ်လမ်းတွဲအသစ်မှာ Junho နဲ့အတူအလုပ်တွဲလုပ်ဖြစ်ခဲ့တဲ့အပေါ်ပြောပြလာတဲ့ YoonA

Posted on

YoonA ကတော့ ရုပ်ရှင်ဇာတ်ကားသစ်ဖြစ်တဲ့ Confidential Assignment 2: International ရဲ့အင်တာဗျူးမှာ ဒရမ်မာသစ် King the Land နဲ့ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။ ဒီဒရမ်ဇာတ်လမ်းတွဲသစ်မှာတော့ 2PM အဖွဲ့ဝင် Junho နဲ့အတူ အဓိကဇာတ်ဆောင်တွေအဖြစ်ပါဝင်ထားပါတယ်။


YoonA ကတော့ Junho နဲ့အတူတွဲပြီးတော့အလုပ်လုပ်ဖြစ်တာနဲ့ပတ်သက်ပြီး “အိုင်ဒေါကနေ သရုပ်ဆောင်အဖြစ်ပြောင်းလဲသွားတဲ့သူအချင်းချင်း တကယ့်ကိုရင်းနှီးကြပါတယ်။ မနှစ်က Gayo Daejejeon မှာ MC လုပ်ကတည်းက ဒါကိုခံစားခဲ့ရတယ်။ အခုလိုပြန်တွေ့တဲ့အတွက်ဂုဏ်ယူပါတယ်။သူကလည်း ပရိသတ်များစွာရဲ့ချစ်ခင်မှုကိုရရှိထားတာပါ။ အရင်ကတော့ Girls’ Generation နဲ့ 2PM အဖြစ်ဆုံကြတယ် အခုကတော့ Im YoonA နဲ့ Lee Junhoအဖြစ်ဆုံရပါတယ်။ ဒီဒရမ်မာကတော့ အဓိပ္ပာယ်ပြည့်ဝပြီး ကောင်းမွန်တဲ့ဒရမ်မာလို့ယုံကြည်ပါတယ်။ ကြည့်ရှုကြပါ ” လို့ ပြောပြခဲ့ပါတယ်။


King the Land ကတော့ အချစ်ဟာသဇာတ်လမ်းပုံစံဖြစ်ပြီး ဒိတ်ဒိတ်ကြဲချမ်းသာကြွယ်ဝတဲ့မိသားစုရဲ့အမွေဆက်ခံသူ Gu Won ရဲ့အချစ်ဇာတ်လမ်းကိုပုံဖော်ထားတာပါ။ သူကတော့ကြွယ်ဝတဲ့မိသားစုကလာပြီး ထက်မြက်ကာငယ်ရွယ်ခန့်ညားချောမောတဲ့အမျိုးသားဖြစ်ပေမဲ့ အချစ်ရေးနဲ့ပတ်သက်ပြီးသိပ်မတော်လှပါဘူး။ Cheon Sarang ကတော့ Gu Won မိသားစုပိုင်ဟိုတယ်တစ်ခုမှာအလုပ်လုပ်နေတာပါ။ ဒီဇာတ်ကားမှာတော့ သူတို့နှစ်ဦးကြားက အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပါ။
အခုလနှောင်းပိုင်းမှာရိုက်ကူးမယ့်ဒီဇာတ်လမ်းကတော့ နောက်နှစ်ရဲ့နှစ်ဝက်အတွင်းမှာကြည့်ရှုရမှာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ဒရမ္မာဇာတ္လမ္းတြဲအသစ္မွာ Junho နဲ႔အတူအလုပ္တြဲလုပ္ျဖစ္ခဲ့တဲ့အေပၚေျပာျပလာတဲ့ YoonA
YoonA ကေတာ့ ႐ုပ္ရွင္ဇာတ္ကားသစ္ျဖစ္တဲ့ Confidential Assignment 2: International ရဲ႕အင္တာဗ်ဴးမွာ ဒရမ္မာသစ္ King the Land နဲ႔ပတ္သက္ၿပီး ေျပာျပခဲ့ပါတယ္။ ဒီဒရမ္ဇာတ္လမ္းတြဲသစ္မွာေတာ့ 2PM အဖြဲ႕ဝင္ Junho နဲ႔အတူ အဓိကဇာတ္ေဆာင္ေတြအျဖစ္ပါဝင္ထားပါတယ္။


YoonA ကေတာ့ Junho နဲ႔အတူတြဲၿပီးေတာ့အလုပ္လုပ္ျဖစ္တာနဲ႔ပတ္သက္ၿပီး “အိုင္ေဒါကေန သ႐ုပ္ေဆာင္အျဖစ္ေျပာင္းလဲသြားတဲ့သူအခ်င္းခ်င္း တကယ့္ကိုရင္းႏွီးၾကပါတယ္။ မႏွစ္က Gayo Daejejeon မွာ MC လုပ္ကတည္းက ဒါကိုခံစားခဲ့ရတယ္။ အခုလိုျပန္ေတြ႕တဲ့အတြက္ဂုဏ္ယူပါတယ္။သူကလည္း ပရိသတ္မ်ားစြာရဲ႕ခ်စ္ခင္မႈကိုရရွိထားတာပါ။ အရင္ကေတာ့ Girls’ Generation နဲ႔ 2PM အျဖစ္ဆုံၾကတယ္ အခုကေတာ့ Im YoonA နဲ႔ Lee Junhoအျဖစ္ဆုံရပါတယ္။ ဒီဒရမ္မာကေတာ့ အဓိပၸာယ္ျပည့္ဝၿပီး ေကာင္းမြန္တဲ့ဒရမ္မာလို႔ယုံၾကည္ပါတယ္။ ၾကည့္ရႈၾကပါ”လို႔ ေျပာျပခဲ့ပါတယ္။
King the Land ကေတာ့ အခ်စ္ဟာသဇာတ္လမ္းပုံစံျဖစ္ၿပီး ဒိတ္ဒိတ္ႀကဲခ်မ္းသာႂကြယ္ဝတဲ့မိသားစုရဲ႕အေမြဆက္ခံသူ Gu Won ရဲ႕အခ်စ္ဇာတ္လမ္းကိုပုံေဖာ္ထားတာပါ။ သူကေတာ့ႂကြယ္ဝတဲ့မိသားစုကလာၿပီး ထက္ျမက္ကာငယ္႐ြယ္ခန႔္ညားေခ်ာေမာတဲ့အမ်ိဳးသားျဖစ္ေပမဲ့ အခ်စ္ေရးနဲ႔ပတ္သက္ၿပီးသိပ္မေတာ္လွပါဘူး။ Cheon Sarang ကေတာ့ Gu Won မိသားစုပိုင္ဟိုတယ္တစ္ခုမွာအလုပ္လုပ္ေနတာပါ။ ဒီဇာတ္ကားမွာေတာ့ သူတို႔ႏွစ္ဦးၾကားက အခ်စ္ဇာတ္လမ္းေလးကို ၾကည့္ရႈရမွာပါ။
အခုလေႏွာင္းပိုင္းမွာ႐ိုက္ကူးမယ့္ဒီဇာတ္လမ္းကေတာ့ ေနာက္ႏွစ္ရဲ႕ႏွစ္ဝက္အတြင္းမွာၾကည့္ရႈရမွာလည္း ျဖစ္ပါတယ္။