ပရိသတ်တွေစောင့်မျှော်နေရတဲ့ Little Women ဇာတ်လမ်းတွဲကတော့ ကြည့်ရှုနှုန်းများစွာရရှိနေတာဖြစ်သလို ပိုစတာနဲ့ပတ်သက်ပြီးလည်း ဝေဖန်မှုတွေရင်ဆိုင်နေရတာပါ။ ဒီဒရမ်မာရဲ့ပိုစတာပုံရိပ်ကတော့ နာမည်ကျော်အလှကုန်အမှတ်တံဆိပ်ဖြစ်တဲ့ Shiseido ရဲ့ကြော်ငြာပုံကို ကူးယူထားတယ်ဆိုပြီးလူပြောများနေတာလည်း ဖြစ်ပါတယ်။
ဒီလိုမျိုးအိုင်ဒီယာကိုကူးယူထားတယ်ဆိုတဲ့ကိစ္စဖြစ်ပွားပြီးနောက်မှာ ဒရမ်မာရဲ့ထုတ်လုပ်သူတစ်ယောက်ကတော့ တုံ့ပြန်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်ခြင်းနဲ့တောင်းပန်ခြင်းတွေတော့မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ ဒရမ်မာရဲ့ပိုစတာနဲ့ပတ်သက်ပြီးတော့ သူ့ရဲ့နောက်ကွယ်ကအဓိပ္ပာယ်တွေကို ရှင်းပြခဲ့ပါတယ်။
သူကတော့”ဒီပိုစတာကတော့ ညီအစ်မ(၃)ဦးနဲ့ပတ်သက်တဲ့ Concept ဖြစ်ပြီးတော့ ပိုတောက်ပတဲ့နေရာကိုလျှောက်လှမ်းနေတဲ့အခါမှာတွေ့ရတဲ့အရိပ်တွေကိုပုံဖော်ထားတာပါ။ ဒါကိုဖန်တီးတုန်းကတော့ ဒီဇိုင်းပိုင်းကဖန်တီးသူတွေက အကြိမ်ကြိမ်ပြန်လည်သုံးသပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။” ဆိုပြီးတော့ ပိုစတာဖန်တီးမှုကို ပြောပြခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
Little Women ဇာတ်လမ်းတွဲရဲ့ပိုစတာပုံဟာ ကူးယူထားတယ်ဆိုတဲ့ဝေဖန်မှုတွေကို တုံ့ပြန်ပြောဆိုခဲ့