တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းနာမည်ကျော်မင်းသားတွေထဲကတစ်လက်ဖြစ်တဲ့ Song Joong Kiကိုတော့ ပရိသတ်တွေသိကြမှာပါ။ သူကတော့ (၂၀၂၁)ခုနှစ်မှာထွက်ရှိထားတဲ့ Vincenzo ဇာတ်လမ်းတွဲကနောက်ဆုံးထွက်ရှိထားတဲ့ဒရမ်မာလည်း ဖြစ်ပါတယ်။
အခုဆိုရင်တော့ မထင်မှတ်ဘဲ tvN ဒရမ်မာဇာတ်လမ်းတွဲဖြစ်တဲ့ Little Women မှာ Cameo အဖြစ်နဲ့ပါဝင်လာတာကြောင့် ပရိသတ်တွေက အံ့သြခဲ့ကြရပါတယ်။ စက်တင်ဘာလ(၄)ရက်နေ့ကထုတ်လွှင့်ခဲ့တဲ့ Little Women ဇာတ်လမ်းတွဲမှာမင်းသမီး Kim Go Eun နဲ့အတူ ဇာတ်ဝင်ခန်းတစ်ခုမှာပါဝင်ခဲ့တာကြောင့် ပရိသတ်တွေအံ့သြခဲ့ရပါတယ်။ ဒီဇာတ်ဝင်ခန်းမှာတော့ မင်းသားဟာ နာမည်ကျော်အမှတ်တံဆိပ်ရဲ့အရောင်းဝန်ထမ်းအဖြစ်ပါဝင်ထားတာပဲဖြစ်ပါတယ်။
ဒီဇာတ်ဝင်ခန်းမှာတော့ ပရိသတ်တွေက သေသေချာချာစူးစမ်းခဲ့ကြပြီး သူ့ရဲ့ရင်ဘတ်ကနာမည်ကတ်ကိုတွေ့ရှိခဲ့ကြပါတယ်။ ဒီနာမည်ကတ်မှာတော့ Park Joo Hyeong ဖြစ်ပြီး ဒီနာမည်ကတော့ Vincenzo ဇာတ်လမ်းတွဲရဲ့ဇာတ်ရုပ်မှာ Vincenzo Cassano အဖြစ်မပြောင်းလဲခင်ရှိခဲ့တဲ့ ကိုရီးယားနာမည်ဖြစ်ပါတယ်။ Kim Hee Won ကတော့ Little Women ဇာတ်လမ်းတွဲကိုရိုက်ကူးထားသလို Vincenzo ဇာတ်လမ်းတွဲရဲ့ဒါရိုက်တာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
Little Women ဒရမ္မာမွာ မထင္မွတ္ဘဲ Cameo အျဖစ္ပါဝင္လာတဲ့မင္းသား Song Joong Ki
ေတာင္ကိုရီးယားႏိုင္ငံရဲ႕ထိပ္တန္းနာမည္ေက်ာ္မင္းသားေတြထဲကတစ္လက္ျဖစ္တဲ့ Song Joong Ki
ကိုေတာ့ ပရိသတ္ေတြသိၾကမွာပါ။ သူကေတာ့ (၂၀၂၁)ခုႏွစ္မွာထြက္ရွိထားတဲ့ Vincenzo ဇာတ္လမ္းတြဲကေနာက္ဆုံးထြက္ရွိထားတဲ့ဒရမ္မာလည္း ျဖစ္ပါတယ္။
အခုဆိုရင္ေတာ့ မထင္မွတ္ဘဲ tvN ဒရမ္မာဇာတ္လမ္းတြဲျဖစ္တဲ့ Little Women မွာ Cameo အျဖစ္နဲ႔ပါဝင္လာတာေၾကာင့္ ပရိသတ္ေတြက အံ့ၾသခဲ့ၾကရပါတယ္။ စက္တင္ဘာလ(၄)ရက္ေန႔ကထုတ္လႊင့္ခဲ့တဲ့ Little Women ဇာတ္လမ္းတြဲမွာမင္းသမီး Kim Go Eun နဲ႔အတူ ဇာတ္ဝင္ခန္းတစ္ခုမွာပါဝင္ခဲ့တာေၾကာင့္ ပရိသတ္ေတြအံ့ၾသခဲ့ရပါတယ္။ ဒီဇာတ္ဝင္ခန္းမွာေတာ့ မင္းသားဟာ နာမည္ေက်ာ္အမွတ္တံဆိပ္ရဲ႕အေရာင္းဝန္ထမ္းအျဖစ္ပါဝင္ထားတာပဲျဖစ္ပါတယ္။
ဒီဇာတ္ဝင္ခန္းမွာေတာ့ ပရိသတ္ေတြက ေသေသခ်ာခ်ာစူးစမ္းခဲ့ၾကၿပီး သူ႔ရဲ႕ရင္ဘတ္ကနာမည္ကတ္ကိုေတြ႕ရွိခဲ့ၾကပါတယ္။ ဒီနာမည္ကတ္မွာေတာ့ Park Joo Hyeong ျဖစ္ၿပီး ဒီနာမည္ကေတာ့ Vincenzo ဇာတ္လမ္းတြဲရဲ႕ဇာတ္႐ုပ္မွာ Vincenzo Cassano အျဖစ္မေျပာင္းလဲခင္ရွိခဲ့တဲ့ ကိုရီးယားနာမည္ျဖစ္ပါတယ္။ Kim Hee Won ကေတာ့ Little Women ဇာတ္လမ္းတြဲကို႐ိုက္ကူးထားသလို Vincenzo ဇာတ္လမ္းတြဲရဲ႕ဒါ႐ိုက္တာလည္း ျဖစ္ပါတယ္။