အနုပညာအလုပ်တွေများတဲ့ကြားက တက္ကသိုလ်ကျောင်းတက်နေတဲ့ Park Bo Gum ရဲ့ပုံရိပ်

Posted on

Park Bo Gum ကတော့ သာမန်ကျောင်းသားတွေလိုပဲ အေးဆေးစွာကျောင်းတက်နေတာပါ။ စက်တင်ဘာလ (၇)ရက်နေ့မှာတော့ သူလက်ရှိတက်ရောက်နေတဲ့ Sangmyung University ကပုံရိပ်ဟာ အွန်လိုင်းမှာပျံ့နှံ့လာတာပါ။ မင်းသားကတော့ New Media Music ဘာသာရပ်နဲ့မာစတာဘွဲ့တက်ရောက်နေတာလည်း ဖြစ်ပါတယ်။


ဒီပုံရိပ်မှာတော့ Park Bo Gum ဟာ အိုဗာဆိုဒ်ဖြစ်တဲ့သာမန်ထသွားထလာရှပ်အကျီင်္နဲ့ အနက်ရောင်ဘောင်းဘီကိုဝတ်ဆင်ထားပါတယ်။ ဒါ့အပြင်တခြားကျောင်းသားတွေလိုပဲ ကျောပိုးအိတ်ကိုလွယ်ထားပါသေးတယ်။ နာမည်ကျော်အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် အလုပ်ချိန်တွေများနေပေမဲ့ Park Bo Gumကတော့ သူ့ရဲ့အချိန်တွေကိုကျောင်းသားတစ်ယောက်အနေနဲ့လည်း အသုံးပြုပါသေးတယ်။


သူကတော့ ပညာရေးနဲ့ပတ်သက်ပြီးကြိုးစားတဲ့အပြင် နာမည်ကျော်တစ်ယောက်ဖြစ်သော်လည်း ဟိတ်ဟန်တွေမထုတ်ဘဲ သာမန်လူတစ်ယောက်လို့နှိမ့်ချတတ်တာကြောင့် ပရိသတ်တွေရဲ့ချီးကျူးမှုများစွာရရှိထားတာပါ။ ပရိသတ်တွေကတော့ သူ့ရဲ့ရုပ်ရှင်အသစ်ဖြစ်တဲ့ Wonderland ကို လည်း (၂၀၂၂)ခုနှစ်အတွင်းမှာ ကြည့်ရှုရဦးမှာပါ။
Zawgyi ဖြင့်ဖတ်ရန်

အႏုပညာအလုပ္ေတြမ်ားတဲ့ၾကားက တကၠသိုလ္ေက်ာင္းတက္ေနတဲ့ Park Bo Gum ရဲ႕ပုံရိပ္
Park Bo Gum ကေတာ့ သာမန္ေက်ာင္းသားေတြလိုပဲ ေအးေဆးစြာေက်ာင္းတက္ေနတာပါ။ စက္တင္ဘာလ (၇)ရက္ေန႔မွာေတာ့ သူလက္ရွိတက္ေရာက္ေနတဲ့ Sangmyung University ကပုံရိပ္ဟာ အြန္လိုင္းမွာပ်ံ႕ႏွံ႔လာတာပါ။ မင္းသားကေတာ့ New Media Music ဘာသာရပ္နဲ႔မာစတာဘြဲ႕တက္ေရာက္ေနတာလည္း ျဖစ္ပါတယ္။


ဒီပုံရိပ္မွာေတာ့ Park Bo Gum ဟာ အိုဗာဆိုဒ္ျဖစ္တဲ့သာမန္ထသြားထလာရွပ္အက်ီနၤဲ့ အနက္ေရာင္ေဘာင္းဘီကိုဝတ္ဆင္ထားပါတယ္။ ဒါ့အျပင္တျခားေက်ာင္းသားေတြလိုပဲ ေက်ာပိုးအိတ္ကိုလြယ္ထားပါေသးတယ္။ နာမည္ေက်ာ္အႏုပညာရွင္တစ္ေယာက္ျဖစ္တာေၾကာင့္ အလုပ္ခ်ိန္ေတြမ်ားေနေပမဲ့ Park Bo Gumကေတာ့ သူ႔ရဲ႕အခ်ိန္ေတြကိုေက်ာင္းသားတစ္ေယာက္အေနနဲ႔လည္း အသုံးျပဳပါေသးတယ္။


သူကေတာ့ ပညာေရးနဲ႔ပတ္သက္ၿပီးႀကိဳးစားတဲ့အျပင္ နာမည္ေက်ာ္တစ္ေယာက္ျဖစ္ေသာ္လည္း ဟိတ္ဟန္ေတြမထုတ္ဘဲ သာမန္လူတစ္ေယာက္လို႔ႏွိမ့္ခ်တတ္တာေၾကာင့္ ပရိသတ္ေတြရဲ႕ခ်ီးက်ဴးမႈမ်ားစြာရရွိထားတာပါ။ ပရိသတ္ေတြကေတာ့ သူ႔ရဲ႕႐ုပ္ရွင္အသစ္ျဖစ္တဲ့ Wonderland ကို လည္း (၂၀၂၂)ခုႏွစ္အတြင္းမွာ ၾကည့္ရႈရဦးမွာပါ။