ကမ္ဘာကျော်အမှတ်တံဆိပ်ဖြစ်တဲ့ Burberry ရဲ့ Global Ambassador ဖြစ်လာတဲ့ Jun Ji Hyun
Posted on
တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ Jun Ji Hyun ကိုတော့ ပရိသတ်တွေသိကြမှာပါ။ ကောင်းမွန်တဲ့နာမည်ဂုဏ်သတင်းတွေရှိတဲ့မင်းသမီး Jun Ji Hyun ကိုတော့ ကမ္ဘာကျော်အမှတ်တံဆိပ်ဖြစ်တဲ့ Burberry က Global Ambassador အဖြစ်ရွေးချယ်ခဲ့ပါတယ်။
Burberry Korea ကတော့ “Jun Ji Hyun ဟာ အထက်တန်းဆန်တဲ့ဂုဏ်သရေရှိမင်းသမီးတစ်လက်ဖြစ်တယ်။ နှစ်ပေါင်း(၁၆၀)ကျော်ရှိခဲ့တဲ့အမှတ်တံဆိပ်အတွက် ဂုဏ်ယူဝံ့ကြွားစေပြီး Burberry အတွက်တော့ အသင့်တော်ဆုံးကိုရီးယားမင်းသမီးတစ်လက်ပါ။ “လို့ ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့စံထားရတဲ့နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ Jun Ji Hyun ကတော့ နာမည်ကျော်အမှတ်တံဆိပ်ရဲ့Global Ambassador အနေနဲ့လည်း တကယ့်ကိုလိုက်ဖက်လှပါတယ်။
မင်းသမီးကတော့ 2022 fall/winter collection အတွက် ဓာတ်ပုံတွေထွက်ရှိလာပါတယ်။ အရပ်မြင့်မြင့်စတိုင်ကျကျနဲ့ Jun Ji Hyun ကတော့ ထိပ်တန်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Burberry နဲ့လိုက်ဖက်နေတာတော့ အမှန်ပါပဲ။သူ့ရဲ့အမိုက်စားဓာတ်ပုံတွေကိုတော့ ပရိသတ်တွေကိုပြန်လည်မျှဝေလိုက်ပါတယ်နော်။
Zawgyi ဖြင့်ဖတ်ရန်