အခြားအမျိုးသမီးအိုင်ဒေါအဖွဲ့တွေမရရှိသေးတဲ့စံချိန်အသစ်တွေနဲ့ BLACKPINK

နာမည်ကျော်အမျိုးသမီးအဖွဲ့ဖြစ်တဲ့ BLACKPINK ကတော့ Single သီချင်းတစ်ပုဒ်နဲ့စံချိန်တွေချိုးခဲ့ပါတယ်။ ဒီတစ်ခေါက် Comback ဟာလည်း မျှော်လင့်ထားတဲ့ပရိသတ်တွေကို စိတ်မပျက်စေခဲ့ရပါဘူး။ BLACKPINK အဖွဲ့ကတော့ Pink Venom ထွက်ရှိပြီးနောက်မှာလည်း Billboard စာရင်းတွေမှာစံချိန်သစ်တွေရရှိနေပြန်ပါတယ်။

Pink Venom သီချင်းကတော့ ဒုတိယအပတ်မှာတင် Billboard ရဲ့ Global 200 နဲ့ Global Excl. US တို့တွေမှာ တစ်ပြိုင်တည်း ပထမနေရာကိုရယူထားနိုင်တာလည်း ဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာတော့ သမိုင်းဝင်စံချိန်ကိုရရှိထားတဲ့ တစ်ခုတည်းသော ကေပေါပ့်သီချင်းတစ်ပုဒ်ဖြစ်လာပါတယ်။


Pink Venom ထွက်ရှိပြီး ဒုတိယအပတ်အကြာမှာတော့ ကြည့်ရှုနှုန်း (၁၀၈.၄)သန်း နဲ့ ဒေါင်းလုတ်ပေါင်း (၇,၀၀၀) ရှိခဲ့ပါတယ်။ အမေရိကပြင်ပမှာတော့ ကြည့်ရှုနှုန်း (၉၉.၅)သန်းနဲ့ ဒေါင်းလုတ်ပေါင်း(၅,၀၀၀)ကျော်ရရှိခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




 

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x