ဒရမ်မာမထုတ်လွှင့်ခင်ကတည်းက ထူးခြားတဲ့ဇာတ်ရုပ်အတွက်စိတ်လှုပ်ရှားနေခဲ့တဲ့ မင်းသမီး Park Min Young

Posted on

Rom-Com Queen အဖြစ်သတ်မှတ်ခံရတဲ့မင်းသမီး Park Min Young ကတော့ Love In Contract ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့အတူ ပရိသတ်တွေဆီပြန်လာတော့မှာပါ။ သူကတော့ ဇာတ်ကားတိုင်းမှာ အပိုအလိုမရှိသရုပ်ဆောင်နိုင်ပြီး ဖက်ရှင်နဲ့ပတ်သက်ပြီးလည်း နာမည်ကြီးသူတစ်ယောက်ပါ။ဒီတစ်ခါထွက်ရှိလာမယ့် ဇာတ်လမ်းတွဲကတော့ အချစ်ဟာသဇာတ်လမ်းတွဲဖြစ်ပေမဲ့ မင်းသမီးရဲ့ဇာတ်ရုပ်ကတော့ထူးခြားပါတယ်။


ဒီဇာတ်လမ်းမှာတော့ ပွဲအခမ်းအနားတွေမှာ တစ်ကိုယ်တည်းသမားတွေရဲ့ပါတနာအမျိုးသမီးအဖြစ် ဝန်ဆောင်မှုပေးတဲ့အမျိုးသမီးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ Park Min Young ကတော့ ဒီဇာတ်ရုပ်အတွက်စိတ်လှုပ်ရှားနေခဲ့ပါတယ်။ သူ့ရဲ့ဇာတ်ရုပ်ဖြစ်တဲ့Choi Sang Eun ကတော့ (၁၃)ကြာသည့်တိုင်အောင် တစ်ကိုယ်တည်းသမားတွေအတွက်ပွဲအခမ်းအနားတွေမှာပါတနာအဖြစ်ဆောင်ရွက်ပေးတဲ့အလုပ်ကိုလုပ်ခဲ့သူပါ။


သူ့ရဲ့အလုပ်သဘာဝကတော့ ကြည့်ကောင်းနေရုံတင်မက ထက်မြက်ပြီး စမတ်ကျတဲ့သူဖြစ်နေဖို့လည်း လိုအပ်တာပါ။ ဒါကြောင့်လည်း မင်းသမီးကတော့ ဇာတ်ရုပ်အတွက် အားကစား၊ ဂီတ၊ အနုပညာတွေကို လေ့လာဖို့အချိန်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဇာတ်ကားရိုက်နေစဉ်မှာ တစ်ပတ်ကို(၂၄)နာရီအချိန်ပေးပြီး ဘာသာစကားကို မိခင်ဘာသာစကားလိုပြောနိုင်အောင် ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ကြိုးစားပြီးရိုက်ကူးထားတဲ့ဇာတ်ကားကို ပရိသတ်တွေစောင့်မျှော်ကြည့်ရှုပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ဒရမ္မာမထုတ္လႊင့္ခင္ကတည္းက ထူးျခားတဲ့ဇာတ္႐ုပ္အတြက္စိတ္လႈပ္ရွားေနခဲ့တဲ့ မင္းသမီး Park Min Young
Rom-Com Queen အျဖစ္သတ္မွတ္ခံရတဲ့မင္းသမီး Park Min Young ကေတာ့ Love In Contract ဆိုတဲ့ ဇာတ္လမ္းတြဲနဲ႔အတူ ပရိသတ္ေတြဆီျပန္လာေတာ့မွာပါ။ သူကေတာ့ ဇာတ္ကားတိုင္းမွာ အပိုအလိုမရွိသ႐ုပ္ေဆာင္ႏိုင္ၿပီး ဖက္ရွင္နဲ႔ပတ္သက္ၿပီးလည္း နာမည္ႀကီးသူတစ္ေယာက္ပါ။ဒီတစ္ခါထြက္ရွိလာမယ့္ ဇာတ္လမ္းတြဲကေတာ့ အခ်စ္ဟာသဇာတ္လမ္းတြဲျဖစ္ေပမဲ့ မင္းသမီးရဲ႕ဇာတ္႐ုပ္ကေတာ့ထူးျခားပါတယ္။


ဒီဇာတ္လမ္းမွာေတာ့ ပြဲအခမ္းအနားေတြမွာ တစ္ကိုယ္တည္းသမားေတြရဲ႕ပါတနာအမ်ိဳးသမီးအျဖစ္ ဝန္ေဆာင္မႈေပးတဲ့အမ်ိဳးသမီးတစ္ေယာက္အေၾကာင္းကို ႐ိုက္ကူးထားတာပါ။ Park Min Young ကေတာ့ ဒီဇာတ္႐ုပ္အတြက္စိတ္လႈပ္ရွားေနခဲ့ပါတယ္။ သူ႔ရဲ႕ဇာတ္႐ုပ္ျဖစ္တဲ့Choi Sang Eun ကေတာ့ (၁၃)ၾကာသည့္တိုင္ေအာင္ တစ္ကိုယ္တည္းသမားေတြအတြက္ပြဲအခမ္းအနားေတြမွာပါတနာအျဖစ္ေဆာင္႐ြက္ေပးတဲ့အလုပ္ကိုလုပ္ခဲ့သူပါ။


သူ႔ရဲ႕အလုပ္သဘာဝကေတာ့ ၾကည့္ေကာင္းေန႐ုံတင္မက ထက္ျမက္ၿပီး စမတ္က်တဲ့သူျဖစ္ေနဖို႔လည္း လိုအပ္တာပါ။ ဒါေၾကာင့္လည္း မင္းသမီးကေတာ့ ဇာတ္႐ုပ္အတြက္ အားကစား၊ ဂီတ၊ အႏုပညာေတြကို ေလ့လာဖို႔အခ်ိန္ေပးခဲ့တာလည္း ျဖစ္ပါတယ္။ ဇာတ္ကား႐ိုက္ေနစဥ္မွာ တစ္ပတ္ကို(၂၄)နာရီအခ်ိန္ေပးၿပီး ဘာသာစကားကို မိခင္ဘာသာစကားလိုေျပာႏိုင္ေအာင္ ျပင္းျပင္းထန္ထန္ေလ့က်င့္ခဲ့တယ္လို႔လည္း ဆိုပါတယ္။ ႀကိဳးစားၿပီး႐ိုက္ကူးထားတဲ့ဇာတ္ကားကို ပရိသတ္ေတြေစာင့္ေမွ်ာ္ၾကည့္ရႈေပးဖို႔လည္း ေတာင္းဆိုခဲ့ပါတယ္။