နာမည်ကြီးတဲ့တဲ့ဒရမ်မာဖြစ်တဲ့ Goblin ဇာတ်လမ်းတွဲကို တရုတ်ဗားရှင်းနဲ့ပြန်လည်ရိုက်ကူးမယ်လို့ သတင်းများထွက်ပေါ်

Posted on

Globin လို့သိကြတဲ့ Guardian: The Lonely and Great God စီးရီးကတော့ အလွန်အောင်မြင်တဲ့ဇာတ်လမ်းတွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ တရုတ်ဗားရှင်းနဲ့ပြန်လည်ရိုက်ကူးမယ်ဆိုတဲ့သတင်းတွေက တရုတ်နိုင်ငံက အွန်လိုင်းအသုံးပြုသူတွေကြားမှာ လူပြောများနေပါတယ်။


ကိုရီးယားနဲ့တရုတ်ကုမ္ပဏီတွေကပူးပေါင်းပြီးတော့ ထုတ်လုပ်မှာဖြစ်ပြီး (၃၆)ပိုင်းပါဝင်ပါတယ်။ အပိုင်းတစ်ပိုင်းချင်းစီက (၄၅) မိနစ်ခန့်ကြာမှာဖြစ်ပြီး Netflix ကထုတ်လွှင့်မှာပါ။ ရှာ့မန် ၊ ဟိုင်နန် နဲ့ မကာအိုမြို့တွေမှာရိုက်ကူးသွားမယ်လို့ သတင်းတွေထွက်ရှိလာတာပါ။ ပရိသတ်တွေကြားမှာတော့ မူရင်းဇာတ်လမ်းတွဲလောက်မကောင်းနိုင်ဘူးဆိုပြီးလည်း ဝေဖန်နေကြတာပါ။


တရုတ်ဗားရှင်းနဲ့ထွက်မယ်ဆိုတဲ့သတင်းကတော့ အတိအကျတော့မထွက်ရှိသေးပါဘူး။ Guardian: The Lonely and Great God ဇာတ်လမ်းတွဲကိုတော့(၂၀၁၆)ခုနှစ်က tvN ရုပ်သံလိုင်းကထုတ်လွှင့်ခဲ့တာဖြစ်ပြီး Gong Yoo နဲ့ Kim Go Eun တို့ကတော့ အဓိကဇာတ်ဆောင်တွေအဖြစ်ပါဝင်ထားပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

နာမည္ႀကီးတဲ့တဲ့ဒရမ္မာျဖစ္တဲ့ Goblin ဇာတ္လမ္းတြဲကို တ႐ုတ္ဗားရွင္းနဲ႔ျပန္လည္႐ိုက္ကူးမယ္လို႔ သတင္းမ်ားထြက္ေပၚ
Globin လို႔သိၾကတဲ့ Guardian: The Lonely and Great God စီးရီးကေတာ့ အလြန္ေအာင္ျမင္တဲ့ဇာတ္လမ္းတြဲတစ္ခု ျဖစ္ခဲ့ပါတယ္။ ဒီဇာတ္လမ္းတြဲကိုေတာ့ တ႐ုတ္ဗားရွင္းနဲ႔ျပန္လည္႐ိုက္ကူးမယ္ဆိုတဲ့သတင္းေတြက တ႐ုတ္ႏိုင္ငံက အြန္လိုင္းအသုံးျပဳသူေတြၾကားမွာ လူေျပာမ်ားေနပါတယ္။


ကိုရီးယားနဲ႔တ႐ုတ္ကုမၸဏီေတြကပူးေပါင္းၿပီးေတာ့ ထုတ္လုပ္မွာျဖစ္ၿပီး (၃၆)ပိုင္းပါဝင္ပါတယ္။ အပိုင္းတစ္ပိုင္းခ်င္းစီက (၄၅) မိနစ္ခန႔္ၾကာမွာျဖစ္ၿပီး Netflix ကထုတ္လႊင့္မွာပါ။ ရွာ့မန္ ၊ ဟိုင္နန္ နဲ႔ မကာအိုၿမိဳ႕ေတြမွာ႐ိုက္ကူးသြားမယ္လို႔ သတင္းေတြထြက္ရွိလာတာပါ။ ပရိသတ္ေတြၾကားမွာေတာ့ မူရင္းဇာတ္လမ္းတြဲေလာက္မေကာင္းႏိုင္ဘူးဆိုၿပီးလည္း ေဝဖန္ေနၾကတာပါ။
တ႐ုတ္ဗားရွင္းနဲ႔ထြက္မယ္ဆိုတဲ့သတင္းကေတာ့ အတိအက်ေတာ့မထြက္ရွိေသးပါဘူး။ Guardian: The Lonely and Great God ဇာတ္လမ္းတြဲကိုေတာ့(၂၀၁၆)ခုႏွစ္က tvN ႐ုပ္သံလိုင္းကထုတ္လႊင့္ခဲ့တာျဖစ္ၿပီး Gong Yoo နဲ႔ Kim Go Eun တို႔ကေတာ့ အဓိကဇာတ္ေဆာင္ေတြအျဖစ္ပါဝင္ထားပါတယ္။