New York ဖက်ရှင်ရှိုးမှာတွေ့ရတဲ့ Song Hye Kyo နဲ့ Lee Min Ho

Posted on

မကြာသေးခင်ရက်ပိုင်းက Song Hye Kyo နဲ့ Lee Min Ho တို့အသီးသီးကတောင်ကိုရီးယားနိုင်ငံလေဆိပ်ကနေထွက်ခွာလာခဲ့ကြတာပါ။ သူတို့နှစ်ဦးကတော့ New York ဖက်ရှင်ရှိုးကိုတက်ရောက်ကြမယ်လို့လည်း သိခဲ့ရပါတယ်။ နှစ်ဦးစလုံးကတော့ ပွဲတစ်ခုကိုအတူတူတက်ရောက်ခဲ့ကြတာပါ။


နာမည်ကျော်အမှတ်တံဆိပ်ဖြစ်တဲ့ Fendi ရဲ့ပွဲကိုတက်ရောက်ခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးကတော့ Fendi အမှတ်တံဆိပ်ရဲ့ Ambassador တွေလည်း ဖြစ်ပါတယ်။ ပွဲကပုံရိပ်တွေထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဒိတ်ဒိတ်ကြဲနာမည်ကျော်တွေဖြစ်တဲ့ Song Hye Kyo နဲ့ Lee Min Ho ကို တွဲပြီးတွေ့ရတဲ့ ရှားရှားပါးပါးပုံရိပ်ပါပဲ။ သူတို့နှစ်ဦးကတော့ဖက်ရှင်ရှိုးရဲ့ရှေ့တန်းမှာထိုင်နေတာဖြစ်ပြီး ဘေးချင်းကပ်လျှက်ထိုင်နေတာပါ။


နှစ်ယောက်စလုံးကတော့ Fendi အမှတ်တံဆိပ်ဖက်ရှင်တွေနဲ့အတူ အမိုက်စားဖြစ်နေခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်နှစ်ဦးကိုအခုလိုတွေ့ရတာကတော့ တကယ့်ကိုစိတ်လှုပ်ရှားစရာပါပဲ။ Hallyu Starနှစ်ဦးရဲ့ဖက်ရှင်တွေကြောင့် Fendi အမှတ်တံဆိပ်ကတော့ အမျိုးသားရောအမျိုးသမီးပါ အထက်တန်းဆန်ပြီးအမိုက်စားဖြစ်စေမယ့်ဖက်ရှင်မျိုးဆိုတာ သိသာစေပါတယ်နော်။
Zawgyi ဖြင့်ဖတ်ရန်

New York ဖက္ရွင္ရႈိးမွာေတြ႕ရတဲ့ Song Hye Kyo နဲ႔ Lee Min Ho
မၾကာေသးခင္ရက္ပိုင္းက Song Hye Kyo နဲ႔ Lee Min Ho တို႔အသီးသီးကေတာင္ကိုရီးယားႏိုင္ငံေလဆိပ္ကေနထြက္ခြာလာခဲ့ၾကတာပါ။ သူတို႔ႏွစ္ဦးကေတာ့ New York ဖက္ရွင္ရႈိးကိုတက္ေရာက္ၾကမယ္လို႔လည္း သိခဲ့ရပါတယ္။ ႏွစ္ဦးစလုံးကေတာ့ ပြဲတစ္ခုကိုအတူတူတက္ေရာက္ခဲ့ၾကတာပါ။


နာမည္ေက်ာ္အမွတ္တံဆိပ္ျဖစ္တဲ့ Fendi ရဲ႕ပြဲကိုတက္ေရာက္ခဲ့တာျဖစ္ၿပီး သူတို႔ႏွစ္ဦးကေတာ့ Fendi အမွတ္တံဆိပ္ရဲ႕ Ambassador ေတြလည္း ျဖစ္ပါတယ္။ ပြဲကပုံရိပ္ေတြထြက္ေပၚလာခဲ့တာျဖစ္ၿပီး ဒိတ္ဒိတ္ႀကဲနာမည္ေက်ာ္ေတြျဖစ္တဲ့ Song Hye Kyo နဲ႔ Lee Min Ho ကို တြဲၿပီးေတြ႕ရတဲ့ ရွားရွားပါးပါးပုံရိပ္ပါပဲ။ သူတို႔ႏွစ္ဦးကေတာ့ဖက္ရွင္ရႈိးရဲ႕ေရွ႕တန္းမွာထိုင္ေနတာျဖစ္ၿပီး ေဘးခ်င္းကပ္လွ်က္ထိုင္ေနတာပါ။


ႏွစ္ေယာက္စလုံးကေတာ့ Fendi အမွတ္တံဆိပ္ဖက္ရွင္ေတြနဲ႔အတူ အမိုက္စားျဖစ္ေနခဲ့ပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံရဲ႕နာမည္ေက်ာ္ႏွစ္ဦးကိုအခုလိုေတြ႕ရတာကေတာ့ တကယ့္ကိုစိတ္လႈပ္ရွားစရာပါပဲ။ Hallyu Starႏွစ္ဦးရဲ႕ဖက္ရွင္ေတြေၾကာင့္ Fendi အမွတ္တံဆိပ္ကေတာ့ အမ်ိဳးသားေရာအမ်ိဳးသမီးပါ အထက္တန္းဆန္ၿပီးအမိုက္စားျဖစ္ေစမယ့္ဖက္ရွင္မ်ိဳးဆိုတာ သိသာေစပါတယ္ေနာ္။