V ကိုမျက်နှာဖုံးမော်ဒယ်လ်အဖြစ်အသုံးပြုထားတဲ့ Vogue Korea မဂ္ဂဇင်းဟာ ကြိုတင်မှာယူမှုသန်းချီရှိခဲ့ပြီး အရောင်းရဆုံးအဖြစ်စံချိန်တင်ခဲ့

Posted on

BTS အဖွဲ့ကတော့ ဒိတ်ဒိတ်ကြဲနာမည်ကြီးဖြစ်သလို အဖွဲ့ဝင်တွေကလည်း အားပေးကြမ်းတဲ့ပရိသတ်တွေကို ပိုင်ဆိုင်ထားတာပါ။ အဲ့ဒီအထဲမှာတော့ Kim Taehyung တစ်ယောကလည်း အပါအဝင်ပါပဲ။


အခုလမှာတော့ Taehyung ဟာ Vogue Korea ရဲ့မျက်နှာဖုံးမော်ဒယ်လ်တစ်ယောက်အဖြစ်ရိုက်ကူးခဲ့တာပါ။ သူကတော့ ထူးချွန်တဲ့အိုင်ဒေါတစ်ယောက်အဖြစ်နာမည်ကြီးသလို လက်တွဲအလုပ်လုပ်တဲ့သူတွေကိုလည်း အကျိုးအမြတ်များစွာရစေခဲ့ပါတယ်။ အားပေးကြမ်းတဲ့ပရိသတ်တွေကတော့ ပထမဆုံးအော်ဒါတင်တဲ့နေ့မှာတင်တစ်သန်းအထိဝယ်ယူမှုရှိခဲ့ကာ သမိုင်းမှာအရောင်းရဆုံးမဂ္ဂဇင်းဖြစ်လာခဲ့ပါတယ်။


မဂ္ဂဇင်းကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းအွန်လိုင်းစတိုးတွေမှာတင်မက Amazon Japan လိုမျိုးတွေမှာလည်း နံပါတ်တစ်အရောင်းရဆုံးဖြစ်ခဲ့ပါတယ်။ မဂ္ဂဇင်းရဲ့အယ်ဒီတာဖြစ်သူကလည်း V2 is coming လို့နောက်ပြောင်လိုက်တာကြောင့် ပရိသတ်တွေရဲ့မျှော်လင့်ချက်ကပိုများလာခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်


