Hip ဆိုတဲ့ ဒရမ်မာမှာ ပါဝင်လာနိုင်ဖွယ်ရှိတဲ့ EXO အဖွဲ့ဝင် Suho

Suho ရဲ့သရုပ်ဆောင်ပိုင်းလှုပ်ရှားမှုတွေကို မျှော်လင့်နေတဲ့ပရိသတ်တွေကတော့ သတင်းကောင်းပါပဲနော်။ သူကတော့ JTBC ကထုတ်လွှင့်မယ့် Hip ဆိုတဲ့ဇာတ်လမ်းတွဲမှာပါဝင်သွားမယ်လို့ သတင်းတွေထွက်ရှိလာတာပါ။


ဒီဇာတ်လမ်းတွဲမှာတော့ Suho ဟာ Our Blues ဇာတ်လမ်းတွဲမင်းသမီး Han Ji Min နဲ့ My Liberation Notes မင်သား Lee Min Kiနဲ့အတူတွဲပြီးတော့ ပါဝင်လာနိုင်ဖွယ်ရှိပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့သရုပ်ဆောင်၊ စာရေးဆရာနဲ့ဒါရိုက်တာတွေကတော့ မတူညီတဲ့ပရော့ဂျက်တွေမှာအလုပ်လုပ်ခဲ့ပြီး ဒီဇာတ်လမ်းတွဲမှာပြန်ဆုံတွေ့ကြမှာ ဖြစ်ပါတယ်။ Hip ဇာတ်လမ်းတွဲလေးဟာ ကျေးလက်ဒေသက လူတွေရဲ့ဘဝအကြောင်းကိုပုံဖော်ထားတဲ့ ဇာတ်လမ်းလေးပါ။

ဒီဇာတ်လမ်းတွဲကို Suho သာ လက်ခံခဲ့မယ်ဆိုရင်တော့ လေးနှစ်ကြာပြီးနောက် ဇာတ်လမ်းတွဲအသစ်နဲ့ ပရိသတ်တွေဆီပြန်လာမယ့် ဇာတ်လမ်းတွဲတစ်ခုပါ။ သရုပ်ဆောင်ရွေးချယ်မှုအတည်ပြုပြီးတာနဲ့ ဇာတ်ကားကိုစတင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဇာတ်လမ်းတွဲကတော့ (၂၀၂၃) ပထမနှစ်ဝက်မှာပြသဖို့ရည်ရွယ်ထားတာပါ။
Zawgyi ဖြင့်ဖတ်ရန်


 

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x