(၈)နှစ်ကြာတွဲနေခဲ့တဲ့ချစ်သူနဲ့အတူ အမ်မီဆုပေးပွဲရဲ့ကော်ဇော်နီထက်ကို အတူလျှောက်လှမ်းလာတဲ့ Lee Jung Jae

Posted on

စက်တင်ဘာလ(၁၂)ရက်နေ့မှာတော့ (၇၄)ကြိမ်မြောက် အမ်မီဆုပေးပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့Lee Jung Jae ကတော့ ချစ်သူရဲ့လက်ကိုကိုင်ပြီးတော့ကော်ဇောနီထက်ကို လျှောက်လှမ်းလာခဲ့ပါတယ်။


သူ့ရဲ့ချစ်သူကတော့ Daesang Group ရဲ့ ဒုဥက္ကဌဖြစ်တဲ့ Im Se Ryung ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ အမ်မီဆုပေးပွဲကို တွဲတက်လာခဲ့တာဖြစ်ပြီး တစ်ယောက်လက်ကိုတစ်ယောက်ကိုင်ပြီးတော့ သဘာဝကျကျဓာတ်ပုံရိုက်ခံခဲ့ကြပါတယ်။ သူတို့စုံတွဲကတော့ (၂၀၁၅)ခုနှစ် ဇန်နဝါရီလတစ်ရက်နေ့မှာ သူတို့နှစ်ဦးတွဲခုတ်နေကြောင်း ဓာတ်ပုံတစ်ခုထွက်ပေါ်လာပြီးနောက် လူသိရှင်ကြားဝန်ခံခဲ့ကြတာပါ။


လိုက်ဖက်လှတဲ့သူတို့နှစ်ဦးကတော့ (၇၅)ကြိမ်မြောက်ကိန်းရုပ်ရှင်ပွဲတော်မှာလည်း အတူပွဲတက်ခဲ့ကြပါသေးတယ်။ မင်းသား Lee Jung Jae ကတော့ Squid Game ဇာတ်ကားနဲ့အတူ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအတွက် အတွက်ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

