ဒရမ်မာဇာတ်လမ်းတွဲသစ်မှာ အဓိကဇာတ်ဆောင်တွေအဖြစ်ပါဝင်လာမယ့် Extraordinary Attorney Wooဇာတ်လမ်းတွဲမှ Joo Jong Hyuk နဲ့ Ha Yoon Kyung

Posted on

Extraordinary Attorney Woo ကတော့ အရမ်းကိုအောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွဲဖြစ်ခဲ့တာကြောင့် အဓိကဇာတ်ဆောင်အပြင် အခြားသရုပ်ဆောင်တွေပါ ပရိသတ်တွေကြားရေပန်းစားခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ မင်းသားJoo Jong Hyuk နဲ့ မင်းသမီး Ha Yoon Kyung တို့နှစ်ဦးကလည်း ချစ်စရာကောင်းပြီးအတွဲညီခဲ့ပါတယ်။


အခုတော့သူတို့နှစ်ဦးကိုဇာတ်ကားသစ်မှာပြန်ပြီးမြင်တွေ့ရတော့မှာပါ။ သူတို့နှစ်ဦးကိုတော့ KBS ရဲ့အထူးဒရမ်မာအဖြစ် Do You Know Ashtanga? ဆိုတဲ့ဒရမ်မာမှာ မြင်တွေ့ရတော့မှာပါ။ ဒီဇာတ်လမ်းတွဲကတော့ အပိုင်း(၇)ပိုင်းပါဝင်မှာဖြစ်ပြီး အချစ်ဟာသဇာတ်လမ်းလေးဖြစ်တယ်လို့ သိရပါတယ်။ဘဝရဲ့ခက်ခဲကြမ်းတမ်းမှုတွေကြောင့် စိတ်ပျက်ညည်းညူမှုတွေနဲ့ပြည့်နေတဲ့အမျိုးသမီးတစ်ယောက်နဲ့ မြင့်မြတ်သောစိတ်ထားနဲ့ကူညီတတ်တဲ့အဆောက်အဦးပိုင်ရှင်ရဲ့သားတို့တွေ့တဲ့အခါဖြစ်ပေါ်လာတဲ့ဇာတ်လမ်းလေးကိုရိုက်ကူးထားတာပါ။


ဒီဇာတ်လမ်းမှာတော့ Joo Jong Hyuk နဲ့ Ha Yoon Kyung တို့နှစ်ဦးကိုအဓိကဇာတ်ဆောင်တွေအဖြစ်တွေ့ရမှာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့အတွဲညီမှုကိုတော့ Extraordinary Attorney Woo ဇာတ်လမ်းတွဲမှာ မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်နော်။
Zawgyi ဖြင့်ဖတ်ရန်

ဒရမ္မာဇာတ္လမ္းတြဲသစ္မွာ အဓိကဇာတ္ေဆာင္ေတြအျဖစ္ပါဝင္လာမယ့္ Extraordinary Attorney Wooဇာတ္လမ္းတြဲမွ Joo Jong Hyuk နဲ႔ Ha Yoon Kyung
Extraordinary Attorney Woo ကေတာ့ အရမ္းကိုေအာင္ျမင္ခဲ့တဲ့ဇာတ္လမ္းတြဲျဖစ္ခဲ့တာေၾကာင့္ အဓိကဇာတ္ေဆာင္အျပင္ အျခားသ႐ုပ္ေဆာင္ေတြပါ ပရိသတ္ေတြၾကားေရပန္းစားခဲ့ပါတယ္။ ဒီဇာတ္လမ္းတြဲထဲမွာ မင္းသားJoo Jong Hyuk နဲ႔ မင္းသမီး Ha Yoon Kyung တို႔ႏွစ္ဦးကလည္း ခ်စ္စရာေကာင္းၿပီးအတြဲညီခဲ့ပါတယ္။


အခုေတာ့သူတို႔ႏွစ္ဦးကိုဇာတ္ကားသစ္မွာျပန္ၿပီးျမင္ေတြ႕ရေတာ့မွာပါ။ သူတို႔ႏွစ္ဦးကိုေတာ့ KBS ရဲ႕အထူးဒရမ္မာအျဖစ္ Do You Know Ashtanga? ဆိုတဲ့ဒရမ္မာမွာ ျမင္ေတြ႕ရေတာ့မွာပါ။ ဒီဇာတ္လမ္းတြဲကေတာ့ အပိုင္း(၇)ပိုင္းပါဝင္မွာျဖစ္ၿပီး အခ်စ္ဟာသဇာတ္လမ္းေလးျဖစ္တယ္လို႔ သိရပါတယ္။ဘဝရဲ႕ခက္ခဲၾကမ္းတမ္းမႈေတြေၾကာင့္ စိတ္ပ်က္ညည္းညဴမႈေတြနဲ႔ျပည့္ေနတဲ့အမ်ိဳးသမီးတစ္ေယာက္နဲ႔ ျမင့္ျမတ္ေသာစိတ္ထားနဲ႔ကူညီတတ္တဲ့အေဆာက္အဦးပိုင္ရွင္ရဲ႕သားတို႔ေတြ႕တဲ့အခါျဖစ္ေပၚလာတဲ့ဇာတ္လမ္းေလးကို႐ိုက္ကူးထားတာပါ။


ဒီဇာတ္လမ္းမွာေတာ့ Joo Jong Hyuk နဲ႔ Ha Yoon Kyung တို႔ႏွစ္ဦးကိုအဓိကဇာတ္ေဆာင္ေတြအျဖစ္ေတြ႕ရမွာျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးရဲ႕အတြဲညီမႈကိုေတာ့ Extraordinary Attorney Woo ဇာတ္လမ္းတြဲမွာ ျမင္ေတြ႕ခဲ့ရၿပီးျဖစ္ပါတယ္ေနာ္။