မော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Jung Ho Yeon ကိုတော့ ပရိသတ်တွေသိကြမှာပါ။ Squid Game ဇာတ်ကားနဲ့အတူ ကမ္ဘာတစ်ဝှမ်းအောင်မြင်ကျော်ကြားခဲ့တဲ့သူတစ်ယောက်ဖြစ်ပြီး မော်ဒယ်လ်အနေနဲ့လည်း နာမည်ကျော်အမှတ်တံဆိပ်တွေနဲ့လက်တွဲခဲ့တဲ့သူပါ။
သူကတော့ (၂၀၂၂)ခုနှစ်ရဲ့အမ်မီဆုပေးပွဲကိုတက်ရောက်လာခဲ့တာဖြစ်ပြီး ထူးခြားတဲ့အလှတရားကြောင့် ပရိသတ်ကိုဖမ်းစားခဲ့ပါတယ်။ ဒီဆုပေးပွဲကိုတော့ မင်းသားLee Jung Jae၊ Park Hae Soo၊ Oh Young Soo နဲ့ ဒါရိုက်တာ Hwang Dong Hyuk တို့တက်ရောက်ခဲ့ပါတယ်။ ဒီပွဲမှာတော့ ဆုမရရှိခဲ့ကြပေမဲ့လည်း Jung Ho Yeon ကတော့ သူ့ရဲ့လည်ပင်းနဲ့ပုခုံးအလှတွေကိုပေါ်စေတဲ့ ရှည်လျားတဲ့ဝတ်စုံနဲ့အတူ ကော်ဇောနီထက်မှာ ထင်ပေါ်တောက်ပခဲ့ပါတယ်။
ဒါ့အပြင် ရောင်စုံစီးကွင့်တွေစီခြယ်ထားတဲ့ဒီဝတ်စုံကတော့ Louis Vuittonအမှတ်တံဆိပ်ဖြစ်ပြီး Jung Ho Yeon ကတော့ ဒီအမှတ်တံဆိပ်ရဲ့ Global Ambassador အဖြစ်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ဝတ်စုံကတော့ ကိုရီးယားရိုးရာယဉ်ကျေးမှုအပေါ်အခြေခံထားတဲ့ စိတ်ကူးစိတ်သန်းတွေပါဝင်ပြီး ခေါင်းမှာတော့ ကိုရီးယားရိုးရာအရကံကောင်းခြင်းကိုကိုယ်စားပြုတဲ့bokjori ကို ဆင်ယင်ထားတာပဲဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
(၂၀၂၂)ခုႏွစ္ရဲ႕အမ္မီဆုေပးပြဲမွာ ထူးျခားတဲ့အလွေတြနဲ႔ထင္ေပၚခဲ့တဲ့ Jung Ho Yeon
ေမာ္ဒယ္လ္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ Jung Ho Yeon ကိုေတာ့ ပရိသတ္ေတြသိၾကမွာပါ။ Squid Game ဇာတ္ကားနဲ႔အတူ ကမာၻတစ္ဝွမ္းေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့သူတစ္ေယာက္ျဖစ္ၿပီး ေမာ္ဒယ္လ္အေနနဲ႔လည္း နာမည္ေက်ာ္အမွတ္တံဆိပ္ေတြနဲ႔လက္တြဲခဲ့တဲ့သူပါ။
သူကေတာ့ (၂၀၂၂)ခုႏွစ္ရဲ႕အမ္မီဆုေပးပြဲကိုတက္ေရာက္လာခဲ့တာျဖစ္ၿပီး ထူးျခားတဲ့အလွတရားေၾကာင့္ ပရိသတ္ကိုဖမ္းစားခဲ့ပါတယ္။ ဒီဆုေပးပြဲကိုေတာ့ မင္းသားLee Jung Jae၊ Park Hae Soo၊ Oh Young Soo နဲ႔ ဒါ႐ိုက္တာ Hwang Dong Hyuk တို႔တက္ေရာက္ခဲ့ပါတယ္။ ဒီပြဲမွာေတာ့ ဆုမရရွိခဲ့ၾကေပမဲ့လည္း Jung Ho Yeon ကေတာ့ သူ႔ရဲ႕လည္ပင္းနဲ႔ပုခုံးအလွေတြကိုေပၚေစတဲ့ ရွည္လ်ားတဲ့ဝတ္စုံနဲ႔အတူ ေကာ္ေဇာနီထက္မွာ ထင္ေပၚေတာက္ပခဲ့ပါတယ္။
ဒါ့အျပင္ ေရာင္စုံစီးကြင့္ေတြစီျခယ္ထားတဲ့ဒီဝတ္စုံကေတာ့ Louis Vuittonအမွတ္တံဆိပ္ျဖစ္ၿပီး Jung Ho Yeon ကေတာ့ ဒီအမွတ္တံဆိပ္ရဲ႕ Global Ambassador အျဖစ္လုပ္ေဆာင္ေနတာလည္း ျဖစ္ပါတယ္။ သူ႔ရဲ႕ဝတ္စုံကေတာ့ ကိုရီးယား႐ိုးရာယဥ္ေက်းမႈအေပၚအေျခခံထားတဲ့ စိတ္ကူးစိတ္သန္းေတြပါဝင္ၿပီး ေခါင္းမွာေတာ့ ကိုရီးယား႐ိုးရာအရကံေကာင္းျခင္းကိုကိုယ္စားျပဳတဲ့bokjori ကို ဆင္ယင္ထားတာပဲျဖစ္ပါတယ္။