ဒေါ်လာ(၂.၄)သန်းတန်ဖိုးရှိတဲ့ လက်ဝတ်ရတနာတွေဝတ်ဆင်ခဲ့ပြီး အသက်ရှူမှားလောက်စရာအလှတရားတွေကိုဖော်ပြခဲ့တဲ့ Rose’

Posted on

တိုကျိုမှာကျင်းပခဲ့တဲ့Tiffany & Co ရဲ့ပွဲတစ်ခုဖြစ်တဲ့ 2022 Blue Book Botanica High Jewelry Event Gala မှာ တက်ရောက်ခဲ့တဲ့အနုပညာရှင်တွေကတော့ တန်ဖိုးကြီးလတ်ဝတ်ရတနာတွေနဲ့တင့်တယ်နေခဲ့ကြပါတယ်။ ဒီပွဲမှာတော့ Rose’ က အမှတ်တံဆိပ်ရဲ့ Ambassador အဖြစ်တက်ရောက်ခဲ့ပါတယ်။


ပွဲကိုတက်ရောက်လာခဲ့တဲ့ Rose’ကတော့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားခဲ့တာပါ။ ဒီဝတ်စုံကတော့ အနောက်ဘက်မှာရှည်လျားပြီးလှပတဲ့ဂါဝန်ရှည်တစ်ထည်ဖြစ်ပြီး off-shoulder ဝတ်စုံလည်း ဖြစ်ပါတယ်။ Global Ambassadorတစ်ယောက်ဖြစ်တဲ့ Rose’ကတော့ ဒေါ်လာ (၂.၄)သန်းတန်ဖိုးရှိတဲ့ လက်ဝတ်ရတနာတွေကို ဝတ်ဆင်လာခဲ့တာပါ။ အဲ့ဒီအထဲမှာတော့ ဒေါ်လာ (၂.၂၇)သန်းတန်ဖိုးရှိတဲ့ Jean Schlumberger Flower and Leaves ဆိုတဲ့ လည်ဆွဲကိုဝတ်ဆင်ထားခဲ့ပါတယ်။


ဒီပွဲမှာတက်ရောက်ခဲ့တဲ့ Rose’ရဲ့ပုံရိပ်တွေကတော့ ရေပန်းစားခဲ့ပြီး မီဒီယာတွေအာရုံကျခဲ့ပြန်ပါတယ်။ တန်ဖိုးကြီးလက်ဝတ်ရတနာတွေနဲ့အတူ အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Rose’ကတော့Global Ambassador တစ်ယောက်အနေနဲ့လည်း တောက်ပနေခဲ့တာ အမှန်ပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်

ေဒၚလာ(၂.၄)သန္းတန္ဖိုးရွိတဲ့ လက္ဝတ္ရတနာေတြဝတ္ဆင္ခဲ့ၿပီး အသက္ရႉမွားေလာက္စရာအလွတရားေတြကိုေဖာ္ျပခဲ့တဲ့ Rose’
တိုက်ိဳမွာက်င္းပခဲ့တဲ့Tiffany & Co ရဲ႕ပြဲတစ္ခုျဖစ္တဲ့ 2022 Blue Book Botanica High Jewelry Event Gala မွာ တက္ေရာက္ခဲ့တဲ့အႏုပညာရွင္ေတြကေတာ့ တန္ဖိုးႀကီးလတ္ဝတ္ရတနာေတြနဲ႔တင့္တယ္ေနခဲ့ၾကပါတယ္။ ဒီပြဲမွာေတာ့ Rose’ က အမွတ္တံဆိပ္ရဲ႕ Ambassador အျဖစ္တက္ေရာက္ခဲ့ပါတယ္။


ပြဲကိုတက္ေရာက္လာခဲ့တဲ့ Rose’ကေတာ့ ဆြဲေဆာင္မႈအျပည့္ရွိတဲ့ အျဖဴေရာင္ဝတ္စုံကိုဝတ္ဆင္ထားခဲ့တာပါ။ ဒီဝတ္စုံကေတာ့ အေနာက္ဘက္မွာရွည္လ်ားၿပီးလွပတဲ့ဂါဝန္ရွည္တစ္ထည္ျဖစ္ၿပီး off-shoulder ဝတ္စုံလည္း ျဖစ္ပါတယ္။ Global Ambassadorတစ္ေယာက္ျဖစ္တဲ့ Rose’ကေတာ့ ေဒၚလာ (၂.၄)သန္းတန္ဖိုးရွိတဲ့ လက္ဝတ္ရတနာေတြကို ဝတ္ဆင္လာခဲ့တာပါ။ အဲ့ဒီအထဲမွာေတာ့ ေဒၚလာ (၂.၂၇)သန္းတန္ဖိုးရွိတဲ့ Jean Schlumberger Flower and Leaves ဆိုတဲ့ လည္ဆြဲကိုဝတ္ဆင္ထားခဲ့ပါတယ္။
ဒီပြဲမွာတက္ေရာက္ခဲ့တဲ့ Rose’ရဲ႕ပုံရိပ္ေတြကေတာ့ ေရပန္းစားခဲ့ၿပီး မီဒီယာေတြအာ႐ုံက်ခဲ့ျပန္ပါတယ္။ တန္ဖိုးႀကီးလက္ဝတ္ရတနာေတြနဲ႔အတူ ေအာင္ျမင္ေက်ာ္ၾကားတဲ့အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့ Rose’ကေတာ့Global Ambassador တစ္ေယာက္အေနနဲ႔လည္း ေတာက္ပေနခဲ့တာ အမွန္ပါပဲေနာ္။