(၂၀၂၃) မှာထပ်မံထွက်ရှိလာမယ့် Dr. Romantic 3 ဇာတ်လမ်းတွဲ

Posted on

ပရိသတ်တွေအထူးနှစ်ခြိုက်အားပေးခဲ့တဲ့စီးရီးတစ်ခုဖြစ်တဲ့ Dr. Romantic ကတော့ season 3 ထပ်မံထွက်ရှိလာဦးမှာပါ။ စက်တင်ဘာလ(၁၅)ရက်နေ့မှာတော့ ပီဒီ Yoo In Sik ၊ စာရေးဆရာ Kang Eun Kyung နဲ့ Lim Hye Min တို့ကတော့ Dr. Romantic 3 အတွက်အလုပ်လုပ်နေပြီလို့ SBS ကကြေညာခဲ့ပါတယ်။


Season 2 မှာ ပါဝင်ခဲ့တဲ့သရုပ်ဆောင်တွေဖြစ်တဲ့ Han Seo Gyu ၊ AHn Hyo Seop နဲ့ Lee Sung Kyung တို့ကလည်း Season အသစ်မှာပါဝင်သွားဦးမှာပဲ ဖြစ်ပါတယ်။ ထုတ်လုပ်ရေးအဖွဲ့သားတစ်ဦးက “ဒရမ်မာကတော့ Season တိုင်းမှာ ကြည့်ရှုသူတွေဆီကနေအချစ်တွေကို ရရှိထားပါတယ်။ နောက်ဆုံးထွက်ခဲ့တာကတော့ (၂)နှစ်နီးပါးလောက်ရှိပါပြီ။ ဒါပေမဲ့ ထုတ်လုပ်ရေးအဖွဲ့သားတွေနဲ့ သရုပ်ဆောင်တွေက Season အသစ်မှာအကောင်းဆုံးတွေပြသနိုင်ဖို့ ကြိုးစားကြမှာပါ” လို့ ဆိုပါတယ်။


Dr. Romantic ရဲ့ Season 3 ကိုတော့ SBS ကနေပြီး (၂၀၂၃) ခုနှစ်ရဲ့ပထမနှစ်ဝက်မှာပြသဖို့ရည်မှန်းထားပါတယ်။ Dr. Romantic ဒရမ်မာရဲ့ ပရိသတ်တွေကတော့ စိတ်လှုပ်ရှားနေကြမယ် ထင်ပါရဲ့နော်။
Zawgyi ဖြင့်ဖတ်ရန်



