စစ်မှုထမ်းရမယ့်အကြောင်းအရာအသေးစိတ်ကိုအတည်ပြုခဲ့တဲ့ Kang Tae Oh ရဲ့အေဂျင်စီ

Posted on

Kang Tae Oh ရဲ့အေဂျင်စီကတော့ စစ်မှုထမ်းရမယ့်အကြောင်းအရာအသေးစိတ်ကိုအတည်ပြုခဲ့တာပဲ ဖြစ်ပါတယ်။ မင်းသားကတော့ စက်တင်ဘာလ(၁၅)ရက်နေ့က သူ့ရဲ့ပရိသတ်တွေနဲ့တွေ့ဆုံပွဲမှာ စစ်မှုထမ်းဆောင်ရန်စာရင်းသွင်းထားကြောင်းပြောပြခဲ့ပါတယ်။


သူကတော့ Jeungpyeong မှာရှိတဲ့ Training Center မှာ စက်တင်ဘာလ(၂၀)ရက်နေ့ကစတင်မှာဖြစ်ပါတယ်။ အခုလိုစစ်မှုထမ်းခြင်းအတွက် အထူးပွဲတွေဘာတစ်ခုမှလုပ်မှာမဟုတ်ဘူးလို့လည်း သိရပါတယ်။ အေဂျင်စီကတော့ Kang Tae Oh ဟာ သူ့ရဲ့အလုပ်တွေကို စက်တင်ဘာလ(၂၀)ရက်နေ့မတိုင်ခင်အထိလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင်ပရိသတ်တွေကိုလည်း စစ်မှုတာဝန်ကျေပွန်စွာထမ်းဆောင်လာမယ့်Kang Tae Oh ကို နွေးထွေးစွာထောက်ခံအားပေးကြဖို့ ပြောဆိုလိုက်ပါတယ်။အခြေခံသင်တန်း(၄)ပတ်တာပြီးနောက် တာဝန်ကျစစ်သားတစ်ယောက်အနေနဲ့ (၁၈) လတာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ (၂၀၂၄)ခုနှစ်မတ်လမှာတော့ တာဝန်ပြီးဆုံးမှာဖြစ်တယ်လို့သိရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

စစ္မႈထမ္းရမယ့္အေၾကာင္းအရာအေသးစိတ္ကိုအတည္ျပဳခဲ့တဲ့ Kang Tae Oh ရဲ႕ေအဂ်င္စီ
Kang Tae Oh ရဲ႕ေအဂ်င္စီကေတာ့ စစ္မႈထမ္းရမယ့္အေၾကာင္းအရာအေသးစိတ္ကိုအတည္ျပဳခဲ့တာပဲ ျဖစ္ပါတယ္။ မင္းသားကေတာ့ စက္တင္ဘာလ(၁၅)ရက္ေန႔က သူ႔ရဲ႕ပရိသတ္ေတြနဲ႔ေတြ႕ဆုံပြဲမွာ စစ္မႈထမ္းေဆာင္ရန္စာရင္းသြင္းထားေၾကာင္းေျပာျပခဲ့ပါတယ္။


သူကေတာ့ Jeungpyeong မွာရွိတဲ့ Training Center မွာ စက္တင္ဘာလ(၂၀)ရက္ေန႔ကစတင္မွာျဖစ္ပါတယ္။ အခုလိုစစ္မႈထမ္းျခင္းအတြက္ အထူးပြဲေတြဘာတစ္ခုမွလုပ္မွာမဟုတ္ဘူးလို႔လည္း သိရပါတယ္။ ေအဂ်င္စီကေတာ့ Kang Tae Oh ဟာ သူ႔ရဲ႕အလုပ္ေတြကို စက္တင္ဘာလ(၂၀)ရက္ေန႔မတိုင္ခင္အထိလုပ္ေဆာင္သြားမယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ပရိသတ္ေတြကိုလည္း စစ္မႈတာဝန္ေက်ပြန္စြာထမ္းေဆာင္လာမယ့္Kang Tae Oh ကို ေႏြးေထြးစြာေထာက္ခံအားေပးၾကဖို႔ ေျပာဆိုလိုက္ပါတယ္။အေျခခံသင္တန္း(၄)ပတ္တာၿပီးေနာက္ တာဝန္က်စစ္သားတစ္ေယာက္အေနနဲ႔ (၁၈) လတာဝန္ထမ္းေဆာင္ရမွာျဖစ္ပါတယ္။ (၂၀၂၄)ခုႏွစ္မတ္လမွာေတာ့ တာဝန္ၿပီးဆုံးမွာျဖစ္တယ္လို႔သိရပါတယ္။