ဒရမ်မာအသစ်မှာ ကြွယ်ဝတဲ့မိသားစုရဲ့အမွေဆက်ခံသူအဖြစ် ဖက်ရှင်အလန်းစားတွေနဲ့တွေ့ရဦးမယ့် မင်းသမီး Ha Ji Won

Posted on

ဒရမ်မာချစ်သူပရိသတ်တွေမသိသူမရှိလောက်အောင်နာမည်ကြီးခဲ့တဲ့မင်းသမီးတွေထဲမှာတော့ မင်းသမီး Ha Ji Won ပါဝင်ပါတယ်။ သူကတော့ (၂၀၀၀)ခုနှစ်တွေကတည်းကဒရမ်မာဇာတ်လမ်းတွေနဲ့နာမည်ကြီးတဲ့မင်းသမီးတစ်လက်ပါ။ အခုဆိုရင်တော့ နှစ်တွေချီပြီးမှဒရမ်မာဇာတ်တစ်ကားခန့်သာရိုက်လေ့ရှိတာကြောင့် ပရိသတ်တွေကမျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။


သူကတော့ Curtain Call: Trees Die on Their Feet ဆိုတဲ့ဒရမ်မာနဲ့ပရိသတ်တွေဆီကို ပြန်လာမှာဖြစ်ပါတယ်။ ဒရမ်မာထဲမှာပါဝင်တဲ့သူ့ရဲ့စတိုင်ကျကျပုံရိပ်တွေကတော့ ထွက်ရှိလာခဲ့ပါပြီ။ဒီဇာတ်လမ်းတွဲကတော့ အသက်ရှင်သန်နေထိုင်ဖို့အချိန်သိပ်မကျန်တော့တဲ့အဖွားဖြစ်သူရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့အတွက်ကြိုးစားတဲ့ မြောက်ကိုရီးယားနိုင်ငံသားပြဇာတ်သရုပ်ဆောင်တစ်ဦးရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။


Ha Ji Won ကတော့ Hotel Nakwon ရဲ့အထွေထွေမန်နေဂျာလည်းဖြစ်ပြီး ဟိုတယ်ကိုပိုင်တဲ့မိသားစုရဲ့အငယ်ဆုံးသမီး Park Se Yeon နေရာကပါဝင်ထားပါတယ်။ Park Se Yeon ကတော့ ကောလိပ်တက်နေစဉ်အချိန်မှာကတည်းက ဟိုတယ်မှာအချိန်ပိုင်းဝင်လုပ်ကာကြိုးစားခဲ့တဲ့သူဖြစ်ပြီး ခေါင်းဆောင်တစ်ယောက်အနေနဲ့အရည်အချင်းပြည့်စုံနေပြီဖြစ်ပါတယ်။


အရည်အချင်းပြည့်စုံပြီးနွေးထွေးတဲ့နှလုံးသားရှိတဲ့Park Se Yeon ကတော့ သူ့ဘဝထဲကိုအမျိုးသားတစ်ယောက်ရောက်လာတဲ့အခါမှာ ဘဝမှာမကြုံဖူးတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်လာရတော့တာပဲဖြစ်ပါတယ်။ ဒီဒရမ်မာမှာတော့ မင်းသမီး Ha Ji Won နဲ့အတူ မင်းသား Kang Ha Neul ကပါဝင်ထားပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ဒရမ္မာအသစ္မွာ ႂကြယ္ဝတဲ့မိသားစုရဲ႕အေမြဆက္ခံသူအျဖစ္ ဖက္ရွင္အလန္းစားေတြနဲ႔ေတြ႕ရဦးမယ့္ မင္းသမီး Ha Ji Won
ဒရမ္မာခ်စ္သူပရိသတ္ေတြမသိသူမရွိေလာက္ေအာင္နာမည္ႀကီးခဲ့တဲ့မင္းသမီးေတြထဲမွာေတာ့ မင္းသမီး Ha Ji Won ပါဝင္ပါတယ္။ သူကေတာ့ (၂၀၀၀)ခုႏွစ္ေတြကတည္းကဒရမ္မာဇာတ္လမ္းေတြနဲ႔နာမည္ႀကီးတဲ့မင္းသမီးတစ္လက္ပါ။ အခုဆိုရင္ေတာ့ ႏွစ္ေတြခ်ီၿပီးမွဒရမ္မာဇာတ္တစ္ကားခန႔္သာ႐ိုက္ေလ့ရွိတာေၾကာင့္ ပရိသတ္ေတြကေမွ်ာ္လင့္ေနၾကတာလည္း ျဖစ္ပါတယ္။

သူကေတာ့ Curtain Call: Trees Die on Their Feet ဆိုတဲ့ဒရမ္မာနဲ႔ပရိသတ္ေတြဆီကို ျပန္လာမွာျဖစ္ပါတယ္။ ဒရမ္မာထဲမွာပါဝင္တဲ့သူ႔ရဲ႕စတိုင္က်က်ပုံရိပ္ေတြကေတာ့ ထြက္ရွိလာခဲ့ပါၿပီ။ဒီဇာတ္လမ္းတြဲကေတာ့ အသက္ရွင္သန္ေနထိုင္ဖို႔အခ်ိန္သိပ္မက်န္ေတာ့တဲ့အဖြားျဖစ္သူရဲ႕ေနာက္ဆုံးဆႏၵကိုျဖည့္ဆည္းေပးဖို႔အတြက္ႀကိဳးစားတဲ့ ေျမာက္ကိုရီးယားႏိုင္ငံသားျပဇာတ္သ႐ုပ္ေဆာင္တစ္ဦးရဲ႕အေၾကာင္းကို ႐ိုက္ကူးထားတာျဖစ္ပါတယ္။


Ha Ji Won ကေတာ့ Hotel Nakwon ရဲ႕အေထြေထြမန္ေနဂ်ာလည္းျဖစ္ၿပီး ဟိုတယ္ကိုပိုင္တဲ့မိသားစုရဲ႕အငယ္ဆုံးသမီး Park Se Yeon ေနရာကပါဝင္ထားပါတယ္။ Park Se Yeon ကေတာ့ ေကာလိပ္တက္ေနစဥ္အခ်ိန္မွာကတည္းက ဟိုတယ္မွာအခ်ိန္ပိုင္းဝင္လုပ္ကာႀကိဳးစားခဲ့တဲ့သူျဖစ္ၿပီး ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔အရည္အခ်င္းျပည့္စုံေနၿပီျဖစ္ပါတယ္။


အရည္အခ်င္းျပည့္စုံၿပီးေႏြးေထြးတဲ့ႏွလုံးသားရွိတဲ့Park Se Yeon ကေတာ့ သူ႔ဘဝထဲကိုအမ်ိဳးသားတစ္ေယာက္ေရာက္လာတဲ့အခါမွာ ဘဝမွာမႀကဳံဖူးတဲ့အခက္အခဲေတြနဲ႔ရင္ဆိုင္လာရေတာ့တာပဲျဖစ္ပါတယ္။ ဒီဒရမ္မာမွာေတာ့ မင္းသမီး Ha Ji Won နဲ႔အတူ မင္းသား Kang Ha Neul ကပါဝင္ထားပါတယ္။