MBC ရဲ့ ဒရမ်မာအသစ်မှာပါဝင်လာမယ့် Sooyoung နဲ့ Yoon Park

Posted on

အိုင်ဒေါတစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင်တစ်ယောက်အနေနဲ့အသိအမှတ်ပြုမှုတွေရရှိနေတဲ့ Girls’ Generation အဖွဲ့ဝင် Sooyoung ကိုတော့ မင်းသား Yoon Park နဲ့အတူ အချစ်ဒရမ်မာဇာတ်လမ်းတွဲမှာမြင်တွေ့ရတော့မှာပါ။ MBC ကထုတ်လွှင့်တဲ့ဒီဇာတ်လမ်းတွဲကတော့ Please Send a Fan Letter ဖြစ်ပါတယ်။


ဒရမ်မာကတော့ ဘဝမှာအဆိုးဆုံးအကြပ်အတည်းတစ်ခုကိုကြုံလိုက်ရတဲ့မင်းသမီးတစ်ယောက်နဲ့ သမီးဖြစ်သူရဲ့ဆန္ဒအတွက် နာမည်ကျော်မင်းသမီးဆီကပြန်စာကို ဖန်တီးခဲ့တဲ့ဖခင်ဖြစ်သူတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ Sooyoung ကိုတော့ နာမည်ကျော်ဒိတ်ဒိတ်ကြဲမင်းသမီးတစ်လက်အဖြစ် ဒီဇာတ်လမ်းမှာတွေ့ရမှာပါ။ Yoon Park ကိုတော့ လက်မထပ်ရသေးပေမဲ့သမီးဖြစ်သူကို တစ်ကိုယ်တည်းစောင့်ရှောက်နေတဲ့ အမျိုးသားအဖြစ်တွေ့ရမှာဖြစ်ပါတယ်။


ဒီဒရမ်မာကိုတော့ စက်တင်ဘာလမှာစတင်ရိုက်ကူးမှာဖြစ်ပြီး နိုဝင်ဘာလမှာ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ Sooyoung နဲ့ Yoon Park တို့နှစ်ဦးကိုတွဲပြီးတော့ ပထမဆုံးအနေနဲ့မြင့်တွေ့ရမယ့်ဇာတ်ကားလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

MBC ရဲ႕ ဒရမ္မာအသစ္မွာပါဝင္လာမယ့္ Sooyoung နဲ႔ Yoon Park
အိုင္ေဒါတစ္ေယာက္လည္းျဖစ္သလို သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔အသိအမွတ္ျပဳမႈေတြရရွိေနတဲ့ Girls’ Generation အဖြဲ႕ဝင္ Sooyoung ကိုေတာ့ မင္းသား Yoon Park နဲ႔အတူ အခ်စ္ဒရမ္မာဇာတ္လမ္းတြဲမွာျမင္ေတြ႕ရေတာ့မွာပါ။ MBC ကထုတ္လႊင့္တဲ့ဒီဇာတ္လမ္းတြဲကေတာ့ Please Send a Fan Letter ျဖစ္ပါတယ္။


ဒရမ္မာကေတာ့ ဘဝမွာအဆိုးဆုံးအၾကပ္အတည္းတစ္ခုကိုႀကဳံလိုက္ရတဲ့မင္းသမီးတစ္ေယာက္နဲ႔ သမီးျဖစ္သူရဲ႕ဆႏၵအတြက္ နာမည္ေက်ာ္မင္းသမီးဆီကျပန္စာကို ဖန္တီးခဲ့တဲ့ဖခင္ျဖစ္သူတစ္ေယာက္အေၾကာင္းကို ႐ိုက္ကူးထားတာပါ။ Sooyoung ကိုေတာ့ နာမည္ေက်ာ္ဒိတ္ဒိတ္ႀကဲမင္းသမီးတစ္လက္အျဖစ္ ဒီဇာတ္လမ္းမွာေတြ႕ရမွာပါ။ Yoon Park ကိုေတာ့ လက္မထပ္ရေသးေပမဲ့သမီးျဖစ္သူကို တစ္ကိုယ္တည္းေစာင့္ေရွာက္ေနတဲ့ အမ်ိဳးသားအျဖစ္ေတြ႕ရမွာျဖစ္ပါတယ္။
ဒီဒရမ္မာကိုေတာ့ စက္တင္ဘာလမွာစတင္႐ိုက္ကူးမွာျဖစ္ၿပီး ႏိုဝင္ဘာလမွာ ထုတ္လႊင့္ျပသသြားမယ္လို႔ သိရပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ Sooyoung နဲ႔ Yoon Park တို႔ႏွစ္ဦးကိုတြဲၿပီးေတာ့ ပထမဆုံးအေနနဲ႔ျမင့္ေတြ႕ရမယ့္ဇာတ္ကားလည္း ျဖစ္ပါတယ္။