လေဆိပ်မှာ BLACKPINKအဖွဲ့ဝင် Jisoo ရဲ့မထင်မှတ်ထားတဲ့ချစ်စရာအပြုအမူကြောင့် လူပြောများခဲ့

Posted on

BLACKPINK ကတော့ ဒုတိယမြောက်အယ်လ်ဘမ်ကိုပရိသတ်တွေဆီ အရောက်ပို့ပေးခဲ့ပါပြီနော်။ BLACKPINK ကတော့ စက်တင်ဘာလ(၁၅)ရက်နေ့က အင်ချွန်းလေဆိပ်ကနေ LA ကိုထွက်ခွာသွားခဲ့ကြတာဖြစ်ပါတယ်။


သူတို့ရဲ့အလုပ်နဲ့ပတ်သက်ပြီးထုတ်ဖော်ခြင်းမရှိပေမဲ့ LA မှာ Comback နဲ့ပတ်သက်တဲ့အလုပ်တွေရှိနေပုံရပြီး Spotify pop-up အတွက်လည်း ပါဝင်ပါတယ်။ သူတို့လေဦးဟာ မီဒီယာတွေရှေ့မှာတော့ စတိုင်ကျကျပိုစ့်ပေးခဲ့ကြတာဖြစ်ပြီး ရိုးရှင်းပြီးသက်တောင့်သက်သာဖြစ်တဲ့ဖက်ရှင်တွေကနှစ်လိုဖွယ်ရာပါပဲ။ လေဆိပ်မှာတော့ Jisoo ရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူကလူပြောများခဲ့ပါတယ်။


Jisooကတော့ ပျော်ရွှင်နေပုံရပြီးလူကူးတံတားပေါ်မှာ Jennie နဲ့အတူလမ်းလျှောက်ရင်း ခုန်ပေါက်နေခဲ့တာဖြစ်ပါတယ်။ Jisoo ရဲ့တက်ကြွမှုကတော့ တကယ့်ကိုချစ်စရာကောင်းတာလည်း ဖြစ်ပါတယ်။ နာမည်ကျော်အိုင်ဒေါတစ်ယောက်ရဲ့ချစ်စရာအပြုအမူကတော့တကယ့်ကိုနှစ်လိုဖွယ်ရာဖြစ်ပြီးလူပြောများခဲ့တာကြောင့်ပြန်လည် မျှဝေလိုက်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

လေဆိပ်မှာ BLACKPINKအဖွဲ့ဝင် Jisoo ရဲ့မထင်မှတ်ထားတဲ့ချစ်စရာအပြုအမူကြောင့် လူပြောများခဲံ



