ပွဲဦးထွက်တာ (၁၄) နှစ်မြောက်တဲ့အနေနဲ့ သန်းပေါင်းများစွာ လှူဒါန်းခဲ့ပြန်တဲ့ IU

IU ကတော့ ကေပေါပ့်လောကမှာတင်မက သရုပ်ဆောင်လောကမှာပါနာမည်ကြီးတဲ့အနုပညာရှင်တစ်ဦးပါ။ စွယ်စုံရတဲ့အနုပညာရှင်တစ်ယောက်ဖြစ်သလို စိတ်ထားကောင်းမွန်မှုကလည်း လေးစားစရာဖြစ်ပါတယ်။ လိုအပ်တဲ့နေရာတွေကိုအမြဲလှူတန်းလေ့ရှိတဲ့ IU ကတော့ သူ့ရဲ့ပွဲဦးထွက်တာ (၁၄) နှစ်မြောက်တဲ့အချိန်မှာလည်း အလှူအတန်းတွေပြုလုပ်ခဲ့ပြပါတယ်။


IU ကတော့ ပွဲဦးထွက်တာ (၁၄) နှစ်မြောက်တဲ့အချိန်မှာ ဝမ်သန်း (၂၀၀ )လှူဒါန်းခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ EDAM Entertainment ရဲ့အဆိုအရ IUaena ဆိုတဲ့နာမည်နဲ့လှူဒါန်းခဲ့တာလို့ သိရပါတယ်။ ဒီနာမည်ကတော့ သူ့ရဲ့နာမည် IU နဲ့ အမာခံပရိသတ်တွေဖြစ်တဲ့ ‘Uaena’ ကိုပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ဒီနာမည်နဲ့ ဝမ်သန်း(၁၀၀)ကို Asan Social Welfare Foundation နဲ့ နောက်ထပ်သန်း(၁၀၀)ကို Seoul Metropolitan Child Welfare Association ကို လှူဒါန်းခဲ့တာပါ။


IU ကတော့ (၁၅) နှစ်တိုင်တိုင်ချစ်ခင်အားပေးလာတဲ့ပရိသတ်တွေကို ကျေးဇူးတင်ပြီး ချစ်ခင်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် နှစ်ပတ်လည်အနေနဲ့ The Golden Hour ဆိုတဲ့ပွဲကို ဆိုးလ်မှာရှိတဲ့အိုလံပစ်အားကစားကွင်းမှာ စက်တင်ဘာလ(၁၇)ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ပြဲဦးထြက္တာ (၁၄) ႏွစ္ေျမာက္တဲ့အေနနဲ႔ သန္းေပါင္းမ်ားစြာ လႉဒါန္းခဲ့ျပန္တဲ့ IU
IU ကေတာ့ ေကေပါပ့္ေလာကမွာတင္မက သ႐ုပ္ေဆာင္ေလာကမွာပါနာမည္ႀကီးတဲ့အႏုပညာရွင္တစ္ဦးပါ။ စြယ္စုံရတဲ့အႏုပညာရွင္တစ္ေယာက္ျဖစ္သလို စိတ္ထားေကာင္းမြန္မႈကလည္း ေလးစားစရာျဖစ္ပါတယ္။ လိုအပ္တဲ့ေနရာေတြကိုအၿမဲလႉတန္းေလ့ရွိတဲ့ IU ကေတာ့ သူ႔ရဲ႕ပြဲဦးထြက္တာ (၁၄) ႏွစ္ေျမာက္တဲ့အခ်ိန္မွာလည္း အလႉအတန္းေတြျပဳလုပ္ခဲ့ျပပါတယ္။


IU ကေတာ့ ပြဲဦးထြက္တာ (၁၄) ႏွစ္ေျမာက္တဲ့အခ်ိန္မွာ ဝမ္သန္း (၂၀၀ )လႉဒါန္းခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ႕ေအဂ်င္စီျဖစ္တဲ့ EDAM Entertainment ရဲ႕အဆိုအရ IUaena ဆိုတဲ့နာမည္နဲ႔လႉဒါန္းခဲ့တာလို႔ သိရပါတယ္။ ဒီနာမည္ကေတာ့ သူ႔ရဲ႕နာမည္ IU နဲ႔ အမာခံပရိသတ္ေတြျဖစ္တဲ့ ‘Uaena’ ကိုေပါင္းစပ္ထားတာ ျဖစ္ပါတယ္။ ဒီနာမည္နဲ႔ ဝမ္သန္း(၁၀၀)ကို Asan Social Welfare Foundation နဲ႔ ေနာက္ထပ္သန္း(၁၀၀)ကို Seoul Metropolitan Child Welfare Association ကို လႉဒါန္းခဲ့တာပါ။
IU ကေတာ့ (၁၅) ႏွစ္တိုင္တိုင္ခ်စ္ခင္အားေပးလာတဲ့ပရိသတ္ေတြကို ေက်းဇူးတင္ၿပီး ခ်စ္ခင္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ ႏွစ္ပတ္လည္အေနနဲ႔ The Golden Hour ဆိုတဲ့ပြဲကို ဆိုးလ္မွာရွိတဲ့အိုလံပစ္အားကစားကြင္းမွာ စက္တင္ဘာလ(၁၇)ရက္ေန႔မွာ က်င္းပခဲ့ပါတယ္။

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x