MBC ကပြသခဲ့တဲ့ “Big Mouth” ဇာတ်လမ်းတွဲကတော့ ကြည့်ရှုနှုန်းမြင့်မားစွာရရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ မင်းသားချော Lee Jong Suk နဲ့ Girls’ Generation အဖွဲ့ဝင် YoonA တို့ပါဝင်ထားတာဖြစ်ပြီး စိတ်ဝင်စားဖွယ်ရာဇာတ်လမ်းကျောရိုးနဲ့အတူ သရုပ်ဆောင်တွေရဲ့ အပိုအလိုမရှိတဲ့သရုပ်ဆောင်ချက်တွေကတော့ ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့ကာ လူပြောအများဆုံးဇာတ်ကားတစ်ခုဖြစ်လာခဲ့ပါတယ်။
စက်တင်ဘာလ(၁၇)ရက်နေ့ကတော့ ဇာတ်လမ်းတွဲရဲ့ဇာတ်သိမ်းပိုင်းကိုထုတ်လွှင့်ခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ကြည့်ရှုနှုန်းဟာ (၁၃.၇%) ရှိခဲ့တယ်လို့ Nielsen Korea က ဆိုပါတယ်။ ဒီကြည့်ရှုနှုန်းကတော့ အဲ့ဒီအချိန်ပြသနေတဲ့ဒရမ်မာတွေထဲမှာ ကြည့်ရှုနှုန်းအများဆုံးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Season 2 ထွက်ရှိလာဖို့ကို ပရိသတ်တွေမျှော်လင့်နေရတဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။
Big Mouth ဇာတ်ကားဟာ အောင်မြင်မှုနှုန်း(၁၀%)သာရှိတဲ့ရှေ့နေတစ်ယောက်ဟာ မထင်မှတ်ဘဲအမှုတစ်ခုကိုကိုင်တွယ်ရာမှ လူသတ်မှုအတွက်စွပ်စွဲခံရကာအရှုပ်တော်ပုံထဲကိုကျရောက်ခဲ့တဲ့အကြောင်းကို ရိုက်ကူးထားတဲ့စိတ်ဝင်စားစရာဇာတ်လမ်းတွဲတစ်ခုပါ။ Season 2 ကိုစောင့်မျှော်နေတဲ့သူတွေရှိလားနော်။
Zawgyi ဖြင့်ဖတ်ရန်
ၾကည့္ရႈႏႈန္းအျမင့္ဆုံးနဲ႔ ဇာတ္သိမ္းသြားခဲ့တဲ့ Big Mouth ဇာတ္လမ္းတြဲ
MBC ကျပသခဲ့တဲ့ “Big Mouth” ဇာတ္လမ္းတြဲကေတာ့ ၾကည့္ရႈႏႈန္းျမင့္မားစြာရရွိခဲ့ပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ မင္းသားေခ်ာ Lee Jong Suk နဲ႔ Girls’ Generation အဖြဲ႕ဝင္ YoonA တို႔ပါဝင္ထားတာျဖစ္ၿပီး စိတ္ဝင္စားဖြယ္ရာဇာတ္လမ္းေက်ာ႐ိုးနဲ႔အတူ သ႐ုပ္ေဆာင္ေတြရဲ႕ အပိုအလိုမရွိတဲ့သ႐ုပ္ေဆာင္ခ်က္ေတြကေတာ့ ပရိသတ္ေတြကိုဖမ္းစားႏိုင္ခဲ့ကာ လူေျပာအမ်ားဆုံးဇာတ္ကားတစ္ခုျဖစ္လာခဲ့ပါတယ္။
စက္တင္ဘာလ(၁၇)ရက္ေန႔ကေတာ့ ဇာတ္လမ္းတြဲရဲ႕ဇာတ္သိမ္းပိုင္းကိုထုတ္လႊင့္ခဲ့ပါတယ္။ ဒီဇာတ္လမ္းတြဲရဲ႕ၾကည့္ရႈႏႈန္းဟာ (၁၃.၇%) ရွိခဲ့တယ္လို႔ Nielsen Korea က ဆိုပါတယ္။ ဒီၾကည့္ရႈႏႈန္းကေတာ့ အဲ့ဒီအခ်ိန္ျပသေနတဲ့ဒရမ္မာေတြထဲမွာ ၾကည့္ရႈႏႈန္းအမ်ားဆုံးလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ Season 2 ထြက္ရွိလာဖို႔ကို ပရိသတ္ေတြေမွ်ာ္လင့္ေနရတဲ့ဇာတ္ကားတစ္ကားပဲ ျဖစ္ပါတယ္။
Big Mouth ဇာတ္ကားဟာ ေအာင္ျမင္မႈႏႈန္း(၁၀%)သာရွိတဲ့ေရွ႕ေနတစ္ေယာက္ဟာ မထင္မွတ္ဘဲအမႈတစ္ခုကိုကိုင္တြယ္ရာမွ လူသတ္မႈအတြက္စြပ္စြဲခံရကာအရႈပ္ေတာ္ပုံထဲကိုက်ေရာက္ခဲ့တဲ့အေၾကာင္းကို ႐ိုက္ကူးထားတဲ့စိတ္ဝင္စားစရာဇာတ္လမ္းတြဲတစ္ခုပါ။ Season 2 ကိုေစာင့္ေမွ်ာ္ေနတဲ့သူေတြရွိလားေနာ္။