Spotify chart မှာ Shut Down သီချင်းနဲ့အတူ နံပါတ်တစ်နေရာမှာရှိနေတဲ့ BLACKPINK

BLACKPINK ကတော့ နောက်ဆုံးထွက်သီချင်းတွေနဲ့အတူ စံချိန်တွေချိုးလျက်ရှိနေပါတယ်။ BLACKPINK ကတော့ စက်တင်ဘာလ (၁၆)ရက်နေ့မှာတော့ ပရိသတ်တွေ(၂)နှစ်ကြာအောင်စောင့်ခဲ့ရတဲ့ အယ်လ်ဘမ်အသစ် Born Pink ထွက်ရှိထားတာဖြစ်ပါတယ်။


အယ်လ်ဘမ်ထဲမှာမှ Shut Down သီချင်းကတော့ အယ်လ်ဘမ်အသစ်ရဲ့ Titleသီချင်းဖြစ်ပြီး ဂန္ထဝင်တေးရေးဆရာ Niccolò Paganini ရဲ့ La campanella ကို ဟစ်ဟော့ဂီတနဲ့ပေါင်းစပ်ထားတဲ့အမိုက်စားသီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ Shut Down သီချင်းဟာ ပထမဆုံးနေ့မှာတင် global Spotify chart မှာဆိုရင် နားဆင်မှု (၆.၆)သန်းကျော်နဲ့အံ့သြလောက်စရာစံချိန်ကိုရရှိထားတဲ့အဖွဲ့ပါ။

ဒုတိယမြောက်နေ့မှာလည်း Shut Down ဟာ နားဆင်မှု (၆.၂ သန်း) နဲ့အတူ နံပါတ်တစ်နေရာမှာဆက်ရှိနေတာ ဖြစ်ပါတယ်။ ဒီလိုမျိုးနံပါတ်တစ်နေရာမှာ ရပ်တည်နိုင်တဲ့စံချိန်ကတော့ ကေပေါပ့်အမျိုးသမီးအဖွဲ့ထဲမှာပထမဆုံးပဲဖြစ်ပြီး Pink Venom သီချင်းနဲ့လည်း နံပါတ်တစ်နေရာမှာ(၃)ရက်ကြာနေရယူထားနိုင်ခဲ့ဖူးပါတယ်။ Comeback သီချင်းတွေနဲ့အတူအောင်မြင်နေတဲ့ BLACKPINK ရေ Congradulations ပါ။
Zawgyi ဖြင့်ဖတ်ရန်

BLACKPINK ကတော့ BLACKPINK ပါပဲ…


 

 

 

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x