(၁၄) နှစ်ကြာအောင်ထိပ်တန်းနေရာမှာ ရပ်တည်နေနိုင်တဲ့ IU ကို လေးစားတဲ့အကြောင်းပြောလာတဲ့ Jay Park

Posted on

နာမည်ကျော်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ IU ကတော့ သူ့ရဲ့မွေးနေ့မှာ “Golden Hour: Under the Orange Sun” ဆိုတဲ့ အမိုက်စား ဖျော်ဖြေပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။ ဒီဖျော်ဖြေပွဲကိုတော့ ဆိုးလ်အိုလံပစ်ကွင်းမှာပြုလုပ်ခဲ့တာဖြစ်ပြီး (၂၀၁၉) ခုနှစ်ကတည်းကဆို ပထမဆုံးပြန်လည်ဖျော်ဖြေတဲ့ တစ်ကိုယ်တော်ပွဲလည်း ဖြစ်ပါတယ်။


ဒီပွဲမှာတော့ နာမည်ကြီးအဆိုတော်ဖြစ်တဲ့ Jay Park က GANADAR ဆိုတဲ့သီချင်းမှာ အတူပါဝင်သီဆိုဖျော်ဖြေခဲ့ပါတယ်။ Jay Park ကတော့ အခုလိုဖိတ်ကြားတဲ့အတွက် IU ကိုကျေးဇူးတင်ကြောင်းနဲ့ ဂုဏ်ယူကြောင်းပြောခဲ့ပါတယ်။ ဒါ့အပြင် အသက်ငယ်တဲ့သူတစ်ယောက်ဖြစ်ပေမဲ့ လေးစားစရာကောင်းတဲ့အကြောင်းကိုပြောခဲ့ပါသေးတယ်။ သူကတော့ “IU ကကျွန်တော့် ထက်အသက်ငယ်ပါတယ်။ ဒါပေမဲ့လည်း လေးစားရတဲ့အဆိုတော်တစ်ယောက်ပါ။


ကိုယ့်ကိုကိုယ်လည်းဂရုစိုက်သလို အယ်လ်ဘမ်ကနေပြီး ဖျော်ဖြေမှုတွေအထိကောင်းမွန်ပြီးပြည့်စုံအောင်လုပ်ဆောင်ပြီးတော့ ထိပ်တန်းနေရာမှာ (၁၄) နှစ်ကြာအောင်ဒီလိုမျိုးထိန်းသိမ်းထားနိုင်တာကတကယ့်ကိုမိုက်ပါတယ်။ ကျွန်တော် လည်းအဆိုတော်တစ်ယောက်ဖြစ်တာကြောင့် သူဘယ်လောက်အထိအားစိုက်နှစ်မြှုပ်ထားတယ်ဆိုတာကို နားလည်ပါတယ်။ အဲ့ဒါကသူ့ကိုပိုပြီးတောင် အံ့သြဖွယ်ရာဖြစ်စေတာပါပဲ။ ထင်တာတော့ မင်းတို့က IU ရဲ့ပရိသတ်ဖြစ်လို့ပျော်နေကြမှာပါပဲ” လို့ ပြောခဲ့ပါတယ်။
IU ကတော့ ကောင်းသတင်းတွေ ချီးကျူးဖွယ်ရာတွေနဲ့ပြည့်နေတဲ့ အမျိုးသမီးလေးပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်

(၁၄) ႏွစ္ၾကာေအာင္ထိပ္တန္းေနရာမွာ ရပ္တည္ေနႏိုင္တဲ့ IU ကို ေလးစားတဲ့အေၾကာင္းေျပာလာတဲ့ Jay Park
နာမည္ေက်ာ္အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့ IU ကေတာ့ သူ႔ရဲ႕ေမြးေန႔မွာ “Golden Hour: Under the Orange Sun” ဆိုတဲ့ အမိုက္စား ေဖ်ာ္ေျဖပြဲတစ္ခုကို က်င္းပခဲ့ပါတယ္။ ဒီေဖ်ာ္ေျဖပြဲကိုေတာ့ ဆိုးလ္အိုလံပစ္ကြင္းမွာျပဳလုပ္ခဲ့တာျဖစ္ၿပီး (၂၀၁၉) ခုႏွစ္ကတည္းကဆို ပထမဆုံးျပန္လည္ေဖ်ာ္ေျဖတဲ့ တစ္ကိုယ္ေတာ္ပြဲလည္း ျဖစ္ပါတယ္။


ဒီပြဲမွာေတာ့ နာမည္ႀကီးအဆိုေတာ္ျဖစ္တဲ့ Jay Park က GANADAR ဆိုတဲ့သီခ်င္းမွာ အတူပါဝင္သီဆိုေဖ်ာ္ေျဖခဲ့ပါတယ္။ Jay Park ကေတာ့ အခုလိုဖိတ္ၾကားတဲ့အတြက္ IU ကိုေက်းဇူးတင္ေၾကာင္းနဲ႔ ဂုဏ္ယူေၾကာင္းေျပာခဲ့ပါတယ္။ ဒါ့အျပင္ အသက္ငယ္တဲ့သူတစ္ေယာက္ျဖစ္ေပမဲ့ ေလးစားစရာေကာင္းတဲ့အေၾကာင္းကိုေျပာခဲ့ပါေသးတယ္။ သူကေတာ့ “IU ကကြၽန္ေတာ့္ ထက္အသက္ငယ္ပါတယ္။ ဒါေပမဲ့လည္း ေလးစားရတဲ့အဆိုေတာ္တစ္ေယာက္ပါ။
ကိုယ့္ကိုကိုယ္လည္းဂ႐ုစိုက္သလို အယ္လ္ဘမ္ကေနၿပီး ေဖ်ာ္ေျဖမႈေတြအထိေကာင္းမြန္ၿပီးျပည့္စုံေအာင္လုပ္ေဆာင္ၿပီးေတာ့ ထိပ္တန္းေနရာမွာ (၁၄) ႏွစ္ၾကာေအာင္ဒီလိုမ်ိဳးထိန္းသိမ္းထားႏိုင္တာကတကယ့္ကိုမိုက္ပါတယ္။ ကြၽန္ေတာ္ လည္းအဆိုေတာ္တစ္ေယာက္ျဖစ္တာေၾကာင့္ သူဘယ္ေလာက္အထိအားစိုက္ႏွစ္ျမႇဳပ္ထားတယ္ဆိုတာကို နားလည္ပါတယ္။ အဲ့ဒါကသူ႔ကိုပိုၿပီးေတာင္ အံ့ၾသဖြယ္ရာျဖစ္ေစတာပါပဲ။ ထင္တာေတာ့ မင္းတို႔က IU ရဲ႕ပရိသတ္ျဖစ္လို႔ေပ်ာ္ေနၾကမွာပါပဲ” လို႔ ေျပာခဲ့ပါတယ္။
IU ကေတာ့ ေကာင္းသတင္းေတြ ခ်ီးက်ဴးဖြယ္ရာေတြနဲ႔ျပည့္ေနတဲ့ အမ်ိဳးသမီးေလးပါပဲေနာ္။