စတင်စစ်မှုထမ်းဆောင်ပြီဖြစ်တဲ့မင်းသား Kang Tae Oh

Posted on

ပရိသတ်တွေရဲ့အချစ်တော်မင်းသားချော Kang Tae Oh ကတော့ စတင်စစ်မှုထမ်းဆောင်ခဲ့ပြီဖြစ်ပြီးသူ့ရဲ့ပုံရိပ်တွေကတော့ ထွက်ရှိလာခဲ့ပါတယ်။ မင်းသားကတော့ Jeungpyeong မှာရှိတဲ့ လေ့ကျင့်ရေးစင်တာကိုဒီနေ့စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး အခြေခံလေ့ကျင့်မှုတွေစတင်မှာ ဖြစ်ပါတယ်။


Kang Tae Oh ကတော့ ပေါ့ပေါ့ပါးပါး အင်္ကျီနဲ့ဂျင်းဘောင်းဘီကိုဝတ်ဆင်ထားတာပဲ ဖြစ်ပါတယ်။ ဒရမ်မာထဲမှာမြင်တွေ့နေကျဆံပင်နဲ့မတူဘဲ ဆံပင်တိုတိုကပ်ကပ်ကိုညှပ်ထားတာဖြစ်ပြီး စစ်မှုထမ်းဆောင်မှုမစတင်ခင်မှာ မီဒီယာတွေရှေ့မှာ ဓာတ်ပုံရိုက်ခံခဲ့တာပဲ ဖြစ်ပါတယ်။ မင်းသားကတော့ (၂၀၂၄) ခုနှစ် မတ်လ(၁၉) ရက်နေ့မှာစစ်မှုထမ်းဆောင်တဲ့တာဝန်ပြီးဆုံးမယ်လို့ မျှော်လင့်ရပါတယ်။


ဇာတ်လမ်းတွဲများစွာမှာပါဝင်ခဲ့ဖူးတဲ့ Kang Tae Oh ကတော့ နောက်ဆုံးရိုက်ကူးခဲ့တဲ့ Extraordinary Attorney Woo ဇာတ်လမ်းတွဲကတော့ အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့ပြီး အောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွဲတစ်ခုပါ။ (၂၀၂၄) ခုနှစ်မှာစစ်မှုထမ်းတာဝန်ပြီးတဲ့အချိန်မှာ ဇာတ်လမ်းတွဲတွေမှာ ပြန်လည်မြင်တွေ့ရဖို့ကို ပရိသတ်တွေမျှော်လင့်နေမယ် ထင်ပါရဲ့နော်။
Zawgyi ဖြင့်ဖတ်ရန်

ကေအသစ်တွေနဲ့….



