Lee Jong Suk နဲ့ နောက်ထပ်လည်းအလုပ်တူတွဲလုပ်ချင်သေးတယ်ဆိုတဲ့ Girls’ Generation အဖွဲ့ဝင် YoonA

Posted on

ပရိသတ်တွေကြားနာမည်ကြီးခဲ့ပြီးလူကြိုက်များခဲ့တဲ့ Big Mouth ဇာတ်လမ်းတွဲကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီဇာတ်လမ်းတွဲကတော့ ရုပ်ရည်ချောမောလှပပြီး သရုပ်ဆောင်ကောင်းတဲ့ Lee Jong Suk နဲ့ YoonA တို့နှစ်ဦးပါဝင်ခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးနဲ့ပတ်သက်လို့ YoonA က အင်တာဗျူးမှာပြောပြခဲ့ပါတယ်။


YoonA ကတော့ “တစ်ယောက်နဲ့တစ်ယောက်သိတာတော့ကြာပါပြီ။ ဒါက ပထမဆုံးအကြိမ်အလုပ်အတူတူလုပ်တာပါ။ ပျော်စရာလဲကောင်းပါတယ်။ အရင်ကစာနယ်ဇင်းပွဲမှာပြောခဲ့သလိုပဲ Lee Jong Suk က ကျွန်မရဲ့အမျိုးသားလို့တွေးရင်လည်း ဒါကမဆိုးလှပါဘူး။ သူကသရုပ်ဆောင်ပိုင်းမှာ အသေးစိတ်ကျကျအလုပ်လုပ်တယ်။ အကောင်းမြင်တဲ့သူဖြစ်ပြီးပြီး ဖန်သားပြင်ပေါ်မှာလည်း ခံစားချက်တွေကိုကောင်းကောင်းဖော်ပြနိုင်တယ်။ ဒါကြောင့်လည်း လူတွေက ပရော့ဂျက်ကြီးတွေအတွက်သူ့ကိုယုံကြည်ကြတာဖြစ်မှာပါ။” လို့ဆိုပါတယ်။


သူတို့နှစ်ဦးရဲ့အတွဲညီညီသရုပ်ဆောင်ချက်တွေကိုအားပေးကြတဲ့ပရိသတ်တွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောခဲ့ပါသေးတယ်။ YoonA ကတော့ “လူတော်တော်များများက ကျွန်မတို့ကိုအချစ်ဟာသဒရမ်မာမျိုးမှာ အတူတွဲသရုပ်ဆောင်ဖို့မေးကြပါတယ်။ အနာဂတ်မှာနောက်ထပ်ပရော့ဂျက်တစ်ခုနဲ့ပြန်လည်ဆုံတွေ့ဖို့ရာအခွင့်အရေးရဖို့ မျှော်လင့်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Lee Jong Suk နဲ႔ ေနာက္ထပ္လည္းအလုပ္တူတြဲလုပ္ခ်င္ေသးတယ္ဆိုတဲ့ Girls’ Generation အဖြဲ႕ဝင္ YoonA
ပရိသတ္ေတြၾကားနာမည္ႀကီးခဲ့ၿပီးလူႀကိဳက္မ်ားခဲ့တဲ့ Big Mouth ဇာတ္လမ္းတြဲကေတာ့ ၿပီးဆုံးသြားခဲ့ပါၿပီ။ ဒီဇာတ္လမ္းတြဲကေတာ့ ႐ုပ္ရည္ေခ်ာေမာလွပၿပီး သ႐ုပ္ေဆာင္ေကာင္းတဲ့ Lee Jong Suk နဲ႔ YoonA တို႔ႏွစ္ဦးပါဝင္ခဲ့ၿပီး သူတို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးနဲ႔ပတ္သက္လို႔ YoonA က အင္တာဗ်ဴးမွာေျပာျပခဲ့ပါတယ္။


YoonA ကေတာ့ “တစ္ေယာက္နဲ႔တစ္ေယာက္သိတာေတာ့ၾကာပါၿပီ။ ဒါက ပထမဆုံးအႀကိမ္အလုပ္အတူတူလုပ္တာပါ။ ေပ်ာ္စရာလဲေကာင္းပါတယ္။ အရင္ကစာနယ္ဇင္းပြဲမွာေျပာခဲ့သလိုပဲ Lee Jong Suk က ကြၽန္မရဲ႕အမ်ိဳးသားလို႔ေတြးရင္လည္း ဒါကမဆိုးလွပါဘူး။ သူကသ႐ုပ္ေဆာင္ပိုင္းမွာ အေသးစိတ္က်က်အလုပ္လုပ္တယ္။ အေကာင္းျမင္တဲ့သူျဖစ္ၿပီးၿပီး ဖန္သားျပင္ေပၚမွာလည္း ခံစားခ်က္ေတြကိုေကာင္းေကာင္းေဖာ္ျပႏိုင္တယ္။ ဒါေၾကာင့္လည္း လူေတြက ပေရာ့ဂ်က္ႀကီးေတြအတြက္သူ႔ကိုယုံၾကည္ၾကတာျဖစ္မွာပါ။” လို႔ဆိုပါတယ္။
သူတို႔ႏွစ္ဦးရဲ႕အတြဲညီညီသ႐ုပ္ေဆာင္ခ်က္ေတြကိုအားေပးၾကတဲ့ပရိသတ္ေတြကိုလည္း ေက်းဇူးတင္ေၾကာင္း ေျပာခဲ့ပါေသးတယ္။ YoonA ကေတာ့ “လူေတာ္ေတာ္မ်ားမ်ားက ကြၽန္မတို႔ကိုအခ်စ္ဟာသဒရမ္မာမ်ိဳးမွာ အတူတြဲသ႐ုပ္ေဆာင္ဖို႔ေမးၾကပါတယ္။ အနာဂတ္မွာေနာက္ထပ္ပေရာ့ဂ်က္တစ္ခုနဲ႔ျပန္လည္ဆုံေတြ႕ဖို႔ရာအခြင့္အေရးရဖို႔ ေမွ်ာ္လင့္ပါတယ္” လို႔ ေျပာျပခဲ့ပါတယ္။