စက်တင်ဘာလ(၁၉) ရက်နေ့က ဇာတ်လမ်းတွဲသစ် Love in Contract ရဲ့ သတင်းစာရှင်းလင်းပွဲကိုလုပ်ခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ rom-com goddess လို့တင်စားခံရတဲ့ မင်းသမီးချော Park Min Young ကိုပြန်လည်မြင်တွေ့ရမယ့်ဇာတ်ကားလည်း ဖြစ်ပါတယ်။
‘Love in Contract’ကတော့ တစ်ကိုယ်တည်းသမားတွေအတွက် ပွဲအခမ်းအနားတွေတက်ရောက်တဲ့အခါမှာ ချစ်သူ၊ဇနီးအဖြစ် အခကြေးငွေယူပြီးဟန်ဆောင်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းကိုလုပ်ကိုင်နေတဲ့ အမျိုးသမီး Choi Sang Eun ရဲ့အကြောင်းကို အဓိကထားရိုက်ကူးထားတာပါ။ Park Min Young ကတော့ Choi Sang Eun အဖြစ်ပါဝင်ထားတာဖြစ်ပါတယ်။ မင်းသားနှစ်လက်ဖြစ်တဲ့ Go Kyung Pyo နဲ့ Kim Jae Young ကတော့ နှစ်ရှည်စာချုပ်ချုပ်ဆိုထားတဲ့ Customer တွေအဖြစ်တွေ့ရမှာပါ။
Park Min Young ကတော့ ဇာတ်ရုပ်အတွက်စိတ်ဖိစီးမှုတွေရှိခဲ့တဲ့အကြောင်းနဲ့ တွဲဖက်သရုပ်ဆောင်တွေနဲ့အတူ အမှတ်တရကောင်းတွေရှိခဲ့တဲ့အကြောင်းကို မျှဝေခဲ့ပါတယ်။ Love in Contract ကိုတော့စက်တင်ဘာလ(၂၁) မှာစတင်ထုတ်လွှင့်သွားတော့မှာပဲဖြစ်ပါတယ်။ စောင့်မျှော်နေပြီလား ပရိသတ်ကြီးရေ။
Zawgyi ဖြင့်ဖတ်ရန်
Press Conference မွာေတြ႕ရတဲ့ ဇာတ္လမ္းတြဲသစ္ Love in Contract ရဲ႕ သ႐ုပ္ေဆာင္မ်ား
စက္တင္ဘာလ(၁၉) ရက္ေန႔က ဇာတ္လမ္းတြဲသစ္ Love in Contract ရဲ႕ သတင္းစာရွင္းလင္းပြဲကိုလုပ္ခဲ့ပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ rom-com goddess လို႔တင္စားခံရတဲ့ မင္းသမီးေခ်ာ Park Min Young ကိုျပန္လည္ျမင္ေတြ႕ရမယ့္ဇာတ္ကားလည္း ျဖစ္ပါတယ္။
‘Love in Contract’ကေတာ့ တစ္ကိုယ္တည္းသမားေတြအတြက္ ပြဲအခမ္းအနားေတြတက္ေရာက္တဲ့အခါမွာ ခ်စ္သူ၊ဇနီးအျဖစ္ အခေၾကးေငြယူၿပီးဟန္ေဆာင္ေပးတဲ့ ဝန္ေဆာင္မႈလုပ္ငန္းကိုလုပ္ကိုင္ေနတဲ့ အမ်ိဳးသမီး Choi Sang Eun ရဲ႕အေၾကာင္းကို အဓိကထား႐ိုက္ကူးထားတာပါ။ Park Min Young ကေတာ့ Choi Sang Eun အျဖစ္ပါဝင္ထားတာျဖစ္ပါတယ္။ မင္းသားႏွစ္လက္ျဖစ္တဲ့ Go Kyung Pyo နဲ႔ Kim Jae Young ကေတာ့ ႏွစ္ရွည္စာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့ Customer ေတြအျဖစ္ေတြ႕ရမွာပါ။
Park Min Young ကေတာ့ ဇာတ္႐ုပ္အတြက္စိတ္ဖိစီးမႈေတြရွိခဲ့တဲ့အေၾကာင္းနဲ႔ တြဲဖက္သ႐ုပ္ေဆာင္ေတြနဲ႔အတူ အမွတ္တရေကာင္းေတြရွိခဲ့တဲ့အေၾကာင္းကို မွ်ေဝခဲ့ပါတယ္။ Love in Contract ကိုေတာ့စက္တင္ဘာလ(၂၁) မွာစတင္ထုတ္လႊင့္သြားေတာ့မွာပဲျဖစ္ပါတယ္။ ေစာင့္ေမွ်ာ္ေနၿပီလား ပရိသတ္ႀကီးေရ။