New York မှာပျော်ရွှင်ခဲ့တဲ့ပုံရိပ်တွေကို မျှဝေခဲ့တဲ့ Song Hye Kyo
Posted on
Song Hye Kyo ကတော့ သူ့ရဲ့သူငယ်ချင်း Lee Jin Do နဲ့အတူရှိနေတဲ့ နယူးယောက်ကပုံရိပ်တွေကို ဆိုရှယ်မီဒီယာမှာ မျှဝေခဲ့ပါတယ်။ သူ့ရဲ့ပုံအများအပြားကိုတော့ ဝေမျှခဲ့တာဖြစ်ပြီး ချစ်ရတဲ့ခွေးလေးနဲ့ နယူးယောက်မှာရှိတဲ့ Central Park ထဲကပုံရိပ်တွေကို တွေ့ရတာပါ။
အစောပိုင်းရက်တွေကတော့ Song Hye Kyo ရဲ့သူငယ်ချင်းတွေဖြစ်တဲ့ Fin K.L နဲ့ Lee Jin Do တို့ကတော့ ပျော်ပွဲစားထွက်နေခဲ့တာပါ။ နာမည်ကျော်စတားနှစ်ယောက်ကတော့ စပ်စုတတ်တဲ့သူတွေကိုအာရုံမထားဘဲ ပျော်ရွှင်စွာအချိန်ကုန်ဆုံးခဲ့ကြပုံပါပဲ။ ဒါ့အပြင် မင်းသမီးချော Song Hye Kyo ရဲ့ချောမောလှပမှုကတော့ ပရိသတ်တွေကိုဆွဲဆောင်ခဲ့ပြန်ပါတယ်။
Song Hye Kyo ရဲ့ထူးခြားတဲ့ရုပ်သွင်ကတော့ နေ့စဉ်ဘဝပုံရိပ်တွေမှာတင်အမိုက်စားဖြစ်နေတာ မဂ္ဂဇင်းအတွက်ရိုက်ကူးထားတဲ့ပုံရိပ်တွေလိုပါပဲ။ သူကတော့ New York က ဖက်ရှင်ရှိုးနဲ့ဆိုင်တဲ့အလုပ်ချိန်တွေပြီးတဲ့အခါမှာတော့ (၂၀) ရက်နေ့မနက်က တောင်ကိုရီးယားကို ပြန်ရောက်လာခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်