ထိတ်လန့်သည်းဖိုဒရမ်မာဇာတ်လမ်းတွဲမှာပါဝင်လာမယ့် Kim Tae Ri ၊ Oh Jung Se နဲ့ Hong Kyung

Posted on

ကျရာဇာတ်ရုပ်ကိုအပိုအလိုမရှိသရုပ်ဆောင်နိုင်တဲ့မင်းသမီး Kim Tae Ri ကိုတော့ ဒရမ်မာသစ်မှာတွေ့ရတော့မှာပါ။ SBS ရဲ့ဒရမ်မာသစ်မှာတော့ နာမည်ကျော်မင်းသားဖြစ်တဲ့ Oh Jung Se နဲ့အတူ Kim Tae Ri နဲ့ Hong Kyung တို့လည်း ပါဝင်မယ်လို့ သိရပါတယ်။


ဒရမ်မာနာမည်ကတော့ Demon လို့ သိရပြီး လျှို့ဝှက်ဆန်းကြယ်မှုတွေပါဝင်တဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းအမျိုးအစားပါ။ ဒီဇာတ်လမ်းတွဲကတော့ မကောင်းဆိုးဝါးပူးကပ်ခံထားရတဲ့အမျိုးသမီးနဲ့ ထူးဆန်းတဲ့သေဆုံးမှုတွေကိုရှာဖွေစုံစမ်းနေပြီး လူရဲ့ကိုယ်တွင်းမှာရှိတဲ့မကောင်းဆိုးဝါးကိုမြင်နိုင်တဲ့အမျိုးသားတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။


ဒီဇာတ်လမ်းတွဲကိုတော့ စိတ်ဝင်စားစရာဒရမ်မာဇာတ်လမ်းတွဲတွေဖြစ်တဲ့ Sign ၊ Ghost ၊ Signal နဲ့ Kingdom စတာတွေကိုရေးသားခဲ့တဲ့ စာရေးဆရာမ Kim Eun Hee ရေးသားထားတာ ဖြစ်ပါတယ်။ Demon ကိုတော့ SBS ကနေပြီးတာ့ (၂၀၂၃) ခုနှစ်မှာ ထုတ်လွှင့်သွားဖို့ ရည်ရွယ်ထားတာပဲ ဖြစ်ပါတယ်။ နာမည်ကျော်သရုပ်ဆောင်တွေပါဝင်တဲ့ဒီဇာတ်လမ်းတွဲကို ပရိသတ်တွေစိတ်ဝင်စားနေမှာအမှန်ပါပဲနော်။
Zawgyiဖြင့်ဖတ်ရန်


