စတင်ထုတ်လွှင့်ပြသချိန်မှာတင် ကြည့်ရှုနှုန်းနံပါတ်တစ်နေရာမှာရှိနေတဲ့ ‘Love in Contract’

Posted on

tvN ရဲ့ဒရမ်မာသစ်ဖြစ်တဲ့ ‘Love in Contract’ ကတော့ စတင်ထုတ်လွှင့်ပြသခဲ့ပြီ ဖြစ်ပါတယ်။ ဒီအချစ်ဟာသဒရမ်မာဇာတ်လမ်းတွဲလေးကိုတော့ ပရိသတ်တွေစောင့်မျှော်နေကြတာလည်းဖြစ်ပြီး ကြည့်ရှုနှုန်းကောင်းမွန်ခဲ့ပါတယ်။Nielsen Korea ကတော့ Love in Contract ဟာနိုင်ငံအတွင်းမှာကြည့်ရှုမှုန်း (၃.၉၉၂%) ရှိခဲ့တယ်လို့ ဆိုပါတယ်။


ဒါကတော့ ပြသခဲ့တဲ့ Adamas ဇာတ်လမ်းတွဲမှာရရှိခဲ့တဲ့ (၃.၅%) ထက်တိုးတက်လာတာလည်း ဖြစ်ပါတယ်။‘Love in Contract’ကတော့ တစ်ကိုယ်တည်းသမားတွေအတွက် ပွဲအခမ်းအနားတွေတက်ရောက်တဲ့အခါမှာ ချစ်သူ၊ဇနီးအဖြစ် အခကြေးငွေယူပြီးဟန်ဆောင်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းကိုလုပ်ကိုင်နေတဲ့ အမျိုးသမီး Choi Sang Eun ရဲ့အကြောင်းကို အဓိကထားရိုက်ကူးထားတာဖြစ်ပြီး Park Min Young ကတော့ Choi Sang Eun အဖြစ်ပါဝင်ထားတာဖြစ်ပါတယ်။


ဒီဇာတ်လမ်းတွဲမှာတော့ နှစ်ရှည်စာချုပ်ချုပ်ဆိုထားတဲ့ Customer တွေအဖြစ်နဲ့ Go Kyung Pyo နဲ့ Kim Jae Young တို့က ပါဝင်ထားတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ Good Job ဇာတ်လမ်းတွဲက ကြည့်ရှုနှုန်းပျမ်းမျှ (၂.၀၇၈%) နဲ့ If You Wish Upon Me က ကြည့်ရှုနှုန်းပျမ်းမျှ (၁.၇%) ရှိနေတာကြောင့် Love in Contract က ပြသချိန်တူတဲ့ဇာတ်ကားတွေထဲမှာ နံပါတ်တစ်နေရာမှာရှိနေတယ်လို့ ဆိုရမှာပါ။
Zawgyi ဖြင့်ဖတ်ရန်

စတင္ထုတ္လႊင့္ျပသခ်ိန္မွာတင္ ၾကည့္ရႈႏႈန္းနံပါတ္တစ္ေနရာမွာရွိေနတဲ့ ‘Love in Contract’
tvN ရဲ႕ဒရမ္မာသစ္ျဖစ္တဲ့ ‘Love in Contract’ ကေတာ့ စတင္ထုတ္လႊင့္ျပသခဲ့ၿပီ ျဖစ္ပါတယ္။ ဒီအခ်စ္ဟာသဒရမ္မာဇာတ္လမ္းတြဲေလးကိုေတာ့ ပရိသတ္ေတြေစာင့္ေမွ်ာ္ေနၾကတာလည္းျဖစ္ၿပီး ၾကည့္ရႈႏႈန္းေကာင္းမြန္ခဲ့ပါတယ္။Nielsen Korea ကေတာ့ Love in Contract ဟာႏိုင္ငံအတြင္းမွာၾကည့္ရႈမႈန္း (၃.၉၉၂%) ရွိခဲ့တယ္လို႔ ဆိုပါတယ္။


ဒါကေတာ့ ျပသခဲ့တဲ့ Adamas ဇာတ္လမ္းတြဲမွာရရွိခဲ့တဲ့ (၃.၅%) ထက္တိုးတက္လာတာလည္း ျဖစ္ပါတယ္။‘Love in Contract’ကေတာ့ တစ္ကိုယ္တည္းသမားေတြအတြက္ ပြဲအခမ္းအနားေတြတက္ေရာက္တဲ့အခါမွာ ခ်စ္သူ၊ဇနီးအျဖစ္ အခေၾကးေငြယူၿပီးဟန္ေဆာင္ေပးတဲ့ ဝန္ေဆာင္မႈလုပ္ငန္းကိုလုပ္ကိုင္ေနတဲ့ အမ်ိဳးသမီး Choi Sang Eun ရဲ႕အေၾကာင္းကို အဓိကထား႐ိုက္ကူးထားတာျဖစ္ၿပီး Park Min Young ကေတာ့ Choi Sang Eun အျဖစ္ပါဝင္ထားတာျဖစ္ပါတယ္။
ဒီဇာတ္လမ္းတြဲမွာေတာ့ ႏွစ္ရွည္စာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့ Customer ေတြအျဖစ္နဲ႔ Go Kyung Pyo နဲ႔ Kim Jae Young တို႔က ပါဝင္ထားတာလည္း ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ Good Job ဇာတ္လမ္းတြဲက ၾကည့္ရႈႏႈန္းပ်မ္းမွ် (၂.၀၇၈%) နဲ႔ If You Wish Upon Me က ၾကည့္ရႈႏႈန္းပ်မ္းမွ် (၁.၇%) ရွိေနတာေၾကာင့္ Love in Contract က ျပသခ်ိန္တူတဲ့ဇာတ္ကားေတြထဲမွာ နံပါတ္တစ္ေနရာမွာရွိေနတယ္လို႔ ဆိုရမွာပါ။