The Uncanny Counter ဒရမ်မာရဲ့ Season 2 မှာပါဝင်ဖို့အတွက်ဆွေးနွေးနေတဲ့ Kim Se Jong

Posted on

မင်းသမီး Kim Se Jong ကတော့ OCN ဒရမ်မာဖြစ်တဲ့ The Uncanny Counter နဲ့အတူ ပရိသတ်တွေဆီပြန်လာဦးမယ်လို့ ယူဆရပါတယ်။ The Uncanny Counter ကတော့ (၂၀၂၀ – ၂၀၂၁) ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီး လူကြိုက်များခဲ့တဲ့စိတ်ကူးယဉ်ဆန်ဆန်ထိတ်လန့်သည်းဖိုဇာတ်ကားအမျိုးအစားလည်း ဖြစ်ပါတယ်။


The Uncanny Counter ကတော့ ခေါက်ဆွဲဆိုင်မှာအလုပ်လုပ်နေတဲ့ သူမတူတဲ့စွမ်းရည်ကိုပိုင်ဆိုင်ထားကြတဲ့သူ (၄) ဦးက ထာဝရအသက်ကို ရယူလိုတဲ့နတ်ဆိုးတွေကို လိုက်လံဖမ်းဆီးကြတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီဒရမ်မာကတော့ Season 2 ထပ်မံထွက်ရှိလာတော့မှာဖြစ်ပြီး မင်းသမီး Kim Se Jong ကိုကမ်းလှမ်းထားတယ်လို့လည်း သိရပါတယ်။


သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Jellyfish Entertainment ကတော့ မင်းသမီးက ကမ်းလှမ်းမှုကိုအပြုသဘောဆောင်သုံးသပ်နေတယ်လို့ ဆိုထားပါတယ်။ ဒီဒရမ်မာမှာတော့ Kim Se Jong အပြင် Jo Byung Gyu ၊ Yoo Jun Sang နဲ့ Yeom Hye Ran တို့လည်း ပါဝင်ထားတာဖြစ်ပါတယ်။ The Uncanny Counter ရဲ့ Season 2 ကိုစောင့်မျှော်ကြေပြီလား ပရိသတ်ကြီးရေ။
Zawgyi ဖြင့်ဖတ်ရန်

The Uncanny Counter ဒရမ္မာရဲ႕ Season 2 မွာပါဝင္ဖို႔အတြက္ေဆြးေႏြးေနတဲ့ Kim Se Jong
မင္းသမီး Kim Se Jong ကေတာ့ OCN ဒရမ္မာျဖစ္တဲ့ The Uncanny Counter နဲ႔အတူ ပရိသတ္ေတြဆီျပန္လာဦးမယ္လို႔ ယူဆရပါတယ္။ The Uncanny Counter ကေတာ့ (၂၀၂၀ – ၂၀၂၁) ခုႏွစ္မွာထြက္ရွိခဲ့တာျဖစ္ၿပီး လူႀကိဳက္မ်ားခဲ့တဲ့စိတ္ကူးယဥ္ဆန္ဆန္ထိတ္လန႔္သည္းဖိုဇာတ္ကားအမ်ိဳးအစားလည္း ျဖစ္ပါတယ္။


The Uncanny Counter ကေတာ့ ေခါက္ဆြဲဆိုင္မွာအလုပ္လုပ္ေနတဲ့ သူမတူတဲ့စြမ္းရည္ကိုပိုင္ဆိုင္ထားၾကတဲ့သူ (၄) ဦးက ထာဝရအသက္ကို ရယူလိုတဲ့နတ္ဆိုးေတြကို လိုက္လံဖမ္းဆီးၾကတဲ့အေၾကာင္းကို ႐ိုက္ကူးထားတာပါ။ ဒီဒရမ္မာကေတာ့ Season 2 ထပ္မံထြက္ရွိလာေတာ့မွာျဖစ္ၿပီး မင္းသမီး Kim Se Jong ကိုကမ္းလွမ္းထားတယ္လို႔လည္း သိရပါတယ္။


သူ႔ရဲ႕ေအဂ်င္စီျဖစ္တဲ့ Jellyfish Entertainment ကေတာ့ မင္းသမီးက ကမ္းလွမ္းမႈကိုအျပဳသေဘာေဆာင္သုံးသပ္ေနတယ္လို႔ ဆိုထားပါတယ္။ ဒီဒရမ္မာမွာေတာ့ Kim Se Jong အျပင္ Jo Byung Gyu ၊ Yoo Jun Sang နဲ႔ Yeom Hye Ran တို႔လည္း ပါဝင္ထားတာျဖစ္ပါတယ္။ The Uncanny Counter ရဲ႕ Season 2 ကိုေစာင့္ေမွ်ာ္ေၾကၿပီလား ပရိသတ္ႀကီးေရ။