(၁၀) နှစ်ကြာပြီးနောက် ပထဆုံးအနေနဲ့ Shin Hyun Bin နဲ့အတူ ဒရမ်မာသစ် Tell Me That You Love Me မှာ ပါဝင်လာမယ့် Jung Woo Sung

Posted on

Jung Woo Sung ကတော့ (၁၀) နှစ်ကြာပြီးနောက်မှပြန်လည်ရိုက်ကူးမယ့် ဒရမ်မာသစ်မှာ Shin Hyun Bin နဲ့အတူ တွဲဖက်သရုပ်ဆောင်မှာပါ။ စက်တင်လာ (၂၂)ရက်နေ့ကတော့ Jung Woo Sung နဲ့ Shin Hyun Bin တို့ကတော့ အချစ်ဒရမ်မာဇာတ်လမ်းတွဲမှာ ပါဝင်ထားတဲ့အကြောင်းကို ကြေညာခဲ့ပါတယ်။


ဇာတ်လမ်းတွဲနာမည်ကတော့ Tell Me That You Love Me ဖြစ်ပြီး The Television Drama Academy Awards မှာ ဆုများစွာချိတ်ခဲ့တဲ့ (၁၉၉၅) ခုနှစ်ဂျပန်ဒရမ်မာဇာတ်လမ်းပေါ်မှာ အခြေခံထားတာပါ။ဒီဇာတ်ကားမှာ ကိုယ့်ကိုကိုယ်ချစ်မြတ်နိုးပြီးယံကြည်မှုအပြည့်ရှိတဲ့အမျိုးသမီးအဖြစ် Shin Hyun Bin က ပါဝင်ထားပြီး Jung Woo Sung ကတော့ အကြားအာရုံချို့ယွင်းမှုရှိနေပေမဲ့ သူ့ရဲ့ကမ္ဘာမှာလွတ်လပ်ပျော်ရွှင်စွာနေနေတဲ့သူအဖြစ် ပါဝင်ထားပါတယ်။


ဒီဇာတ်ကားကတော့ Jung Woo Sung ကို (၂၀၁၂) ခုနှစ်ကထွက်ရှိခဲ့တဲ့ Padam Padam ဒရမ်မာပြီးနောက်ပထမဆုံးပြန်လည်မြင်တွေ့ရမယ့် ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။ Tell Me That You Loved Me ကိုတော့ အခုနှစ်အတွင်းမှာ စတင်ရိုက်ကူးမယ်လို့ မျှော်လင့်ရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်


