Song Joong Ki နဲ့အတူ ရုပ်ရှင်ဇာတ်ကားသစ်မှာပါဝင်လာမယ့် BIBI

Posted on

BIBI ကိုတော့ သူ့ရဲ့သီချင်းတွေနဲ့အတူ အဆိုတော်တစ်ယောက်အဖြစ်သိကြမှာပါ။ သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း အနုပညာလှုပ်ရှားမှုတွေလုပ်တဲ့ BIBI ကိုတော့ နာမည်ကျော်မင်းသား Song Joong Ki နဲ့အတူဇာတ်ကားသစ်မှာ တွေ့ရတော့မှာပါ။


စက်တင်ဘာလ(၂၃)ရက်နေ့မှာတော့ Hwaran ဆိုတဲ့ဇာတ်ကားမှာ Song Joong Ki နဲ့အတူပါဝင်သွားမှာဖြစ်တယ်လို့ သတင်းထွက်ရှိလာခဲ့ပါတယ်။ ဒီဇာတ်ကားကတော့ငရဲလိုကြမ်းတမ်းတဲ့နေ့စဉ်ဘဝကနေလွတ်မြောက်ဖို့အတွက် အန္တရာယ်ရှိတဲ့ဆုံးဖြတ်ချက်တွေကိုချနေရတဲ့လူတွေရဲ့အကြောင်းကိုရိုက်ကူးထားတဲ့အကြမ်းစားရုပ်ရှင်ဇာတ်ကာားတစ်ကားပါ။


စက်တင်ဘာလအစောပိုင်းမှာတော့ BIBIဟာ Sweet Home ဆိုတဲ့ဇာတ်ကားမှာပါဝင်ဖို့အတွက်သတင်းထွက်ရှိလာခဲ့ပြီး အလုပ်အချိန်စာရင်းတွေကြောင့် ဒီဇာတ်ကားမှာမပါဝင်ဖြစ်တော့ဘူးလို့ သိရပါတယ်။ BIBI ကတော့ Song Joong Ki နဲ့အတူ Hwaran မှာပါဝင်ဖြစ်မယ့်အပြင် Disney+ ရဲ့ဒရမ်မာအသစ်ဖြစ်တဲ့ The Worst Evil မှာပါဝင်ဖို့ဆွေးနွေးနေတယ်လို့ သိရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Song Joong Ki နဲ႔အတူ ႐ုပ္ရွင္ဇာတ္ကားသစ္မွာပါဝင္လာမယ့္ BIBI
BIBI ကိုေတာ့ သူ႔ရဲ႕သီခ်င္းေတြနဲ႔အတူ အဆိုေတာ္တစ္ေယာက္အျဖစ္သိၾကမွာပါ။ သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔လည္း အႏုပညာလႈပ္ရွားမႈေတြလုပ္တဲ့ BIBI ကိုေတာ့ နာမည္ေက်ာ္မင္းသား Song Joong Ki နဲ႔အတူဇာတ္ကားသစ္မွာ ေတြ႕ရေတာ့မွာပါ။


စက္တင္ဘာလ(၂၃)ရက္ေန႔မွာေတာ့ Hwaran ဆိုတဲ့ဇာတ္ကားမွာ Song Joong Ki နဲ႔အတူပါဝင္သြားမွာျဖစ္တယ္လို႔ သတင္းထြက္ရွိလာခဲ့ပါတယ္။ ဒီဇာတ္ကားကေတာ့ငရဲလိုၾကမ္းတမ္းတဲ့ေန႔စဥ္ဘဝကေနလြတ္ေျမာက္ဖို႔အတြက္ အႏၲရာယ္ရွိတဲ့ဆုံးျဖတ္ခ်က္ေတြကိုခ်ေနရတဲ့လူေတြရဲ႕အေၾကာင္းကို႐ိုက္ကူးထားတဲ့အၾကမ္းစား႐ုပ္ရွင္ဇာတ္ကာားတစ္ကားပါ။
စက္တင္ဘာလအေစာပိုင္းမွာေတာ့ BIBIဟာ Sweet Home ဆိုတဲ့ဇာတ္ကားမွာပါဝင္ဖို႔အတြက္သတင္းထြက္ရွိလာခဲ့ၿပီး အလုပ္အခ်ိန္စာရင္းေတြေၾကာင့္ ဒီဇာတ္ကားမွာမပါဝင္ျဖစ္ေတာ့ဘူးလို႔ သိရပါတယ္။ BIBI ကေတာ့ Song Joong Ki နဲ႔အတူ Hwaran မွာပါဝင္ျဖစ္မယ့္အျပင္ Disney+ ရဲ႕ဒရမ္မာအသစ္ျဖစ္တဲ့ The Worst Evil မွာပါဝင္ဖို႔ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။