အမိုက်စားဖက်ရှင်နဲ့ Gucci ဖက်ရှင်ရှိုးပွဲကိုတက်ရောက်ခဲ့တဲ့ IU

Posted on

IU ကတော့ Gucci ဖက်ရှင်နဲ့အလွန်လိုက်ဖက်လှပြီး Gucci-eun ဆိုတဲ့နာမည်ပေးထားခြင်းခံရတာပါ။ သူကတော့ (၂၂)ရက်နေ့က အင်ချွန်းလေဆိပ်ကနေ Gucci ဖက်ရှင်ရှိုးပွဲကိုတက်ရောက်ဖို့အတွက် မီလန်ကိုရောက်ရှိခဲ့ပါတယ်။ လေဆိပ်မှာတော့ ဆောင်းရာသီနဲ့လိုက်ဖက်တဲ့ပေါ့ပေါ့ပါးပါးဖက်ရှင်တွေနဲ့ IU ကိုမြင်တွေ့ခဲ့ရတာပါ။


Gucci ရဲ့ဖက်ရှင်ရှိုးပွဲမှာတော့ လေဆိပ်ဖက်ရှင်နဲ့လုံးဝကွဲပြားစွာမြင်တွေ့ရတာပါ။ ကင်မရာတွေရှေ့မှာတော့ IU ဟာ Gucci ဝတ်စုံတွေ အိတ်တွေနဲ့အတူ ပြီးပြည့်စုံစွာဖက်ရှင်ကျနေခဲ့တာ ဖြစ်ပါတယ်။ IU ကတော့ Gucci ရဲ့ဖက်ရှင်တွေဝတ်ဆင်တိုင်းမှာ အမိုက်စားဖြစ်နေတာလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ အခြားသောဆယ်လီဘရစ်တီတွေနဲ့အတူရိုက်ကူးထားတဲ့ ချစ်စရာကောင်းတဲ့ပိုစ့်တွေနဲ့ ပုံတွေထဲမှာမြင်တွေ့ခဲ့ရပါတယ်။


ဒီပွဲကိုမတက်ရောက်ခင်မှာတော့ IU ဟာ 2022 IU CONCERT ဆိုတဲ့ နှစ်ရက်တာဖျော်ဖြေပွဲကိုဆိုးလ်ကအိုလံပစ်ကွင်းမှာ ကျင်းပခဲ့ပါတယ်။ သူကတော့ ဒီလိုမျိုးကြီးမားတဲ့ကစားကွင်းမှာဖျော်ဖြေတဲ့ပထမဆုံးအမျိုးသမီးအနုပညာရှင်ဖြစ်လာခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

အမိုက္စားဖက္ရွင္နဲ႔ Gucci ဖက္ရွင္ရႈိးပြဲကိုတက္ေရာက္ခဲ့တဲ့ IU
IU ကေတာ့ Gucci ဖက္ရွင္နဲ႔အလြန္လိုက္ဖက္လွၿပီး Gucci-eun ဆိုတဲ့နာမည္ေပးထားျခင္းခံရတာပါ။ သူကေတာ့ (၂၂)ရက္ေန႔က အင္ခြၽန္းေလဆိပ္ကေန Gucci ဖက္ရွင္ရႈိးပြဲကိုတက္ေရာက္ဖို႔အတြက္ မီလန္ကိုေရာက္ရွိခဲ့ပါတယ္။ ေလဆိပ္မွာေတာ့ ေဆာင္းရာသီနဲ႔လိုက္ဖက္တဲ့ေပါ့ေပါ့ပါးပါးဖက္ရွင္ေတြနဲ႔ IU ကိုျမင္ေတြ႕ခဲ့ရတာပါ။


Gucci ရဲ႕ဖက္ရွင္ရႈိးပြဲမွာေတာ့ ေလဆိပ္ဖက္ရွင္နဲ႔လုံးဝကြဲျပားစြာျမင္ေတြ႕ရတာပါ။ ကင္မရာေတြေရွ႕မွာေတာ့ IU ဟာ Gucci ဝတ္စုံေတြ အိတ္ေတြနဲ႔အတူ ၿပီးျပည့္စုံစြာဖက္ရွင္က်ေနခဲ့တာ ျဖစ္ပါတယ္။ IU ကေတာ့ Gucci ရဲ႕ဖက္ရွင္ေတြဝတ္ဆင္တိုင္းမွာ အမိုက္စားျဖစ္ေနတာလည္း ျဖစ္ပါတယ္။ သူ႔ကိုေတာ့ အျခားေသာဆယ္လီဘရစ္တီေတြနဲ႔အတူ႐ိုက္ကူးထားတဲ့ ခ်စ္စရာေကာင္းတဲ့ပိုစ့္ေတြနဲ႔ ပုံေတြထဲမွာျမင္ေတြ႕ခဲ့ရပါတယ္။


ဒီပြဲကိုမတက္ေရာက္ခင္မွာေတာ့ IU ဟာ 2022 IU CONCERT ဆိုတဲ့ ႏွစ္ရက္တာေဖ်ာ္ေျဖပြဲကိုဆိုးလ္ကအိုလံပစ္ကြင္းမွာ က်င္းပခဲ့ပါတယ္။ သူကေတာ့ ဒီလိုမ်ိဳးႀကီးမားတဲ့ကစားကြင္းမွာေဖ်ာ္ေျဖတဲ့ပထမဆုံးအမ်ိဳးသမီးအႏုပညာရွင္ျဖစ္လာခဲ့ပါတယ္။