Snowdrop ဇာတ်လမ်းတွဲထဲမှ အန်းယောင်းရိုဇာတ်ရုပ်နဲ့ဆုရရှိခဲ့တဲ့ Jisoo

Posted on

BLACKPINK အဖွဲ့ဝင် Jisoo ကတော့ အိုင်ဒေါအနေနဲ့အောင်မြင်သလို သရုပ်ဆောင်အနေနဲ့လည်း ပရိသတ်တွေရဲ့ချစ်ခင်ခြင်းကိုရရှိထားတာပါ။ သူကတော့ 2022 Seoul International Drama Awards ဆိုတဲ့ ဆုပေးပွဲမှာ ဆုရရှိခဲ့တာပဲ ဖြစ်ပါတယ်။


ရရှိခဲ့တဲဆုကတော့ “Outstanding Actress” ဆု ဖြစ်ပြီး ဒီဆုကတော့ ကမ္ဘာတစ်ဝှမ်းကပရိသတ်တွေရဲ့မဲပေးရွေးချယ်မှုကြောင့် ရရှိတာလည်း ဖြစ်ပါတယ်။ Jisooကတော့ JTBC ဒရမ်မာ Snowdrop ဇာတ်ကားထဲက အန်းယောင်းရိုဇာတ်ရုပ်နဲ့အတူ မဲပေးမှု (၄၁.၆%) ရရှိခဲ့ပြီး ဆုရရှိဖို့ရွေးချယ်ခံခဲ့ရတာပါ။ Jisoo ကတော့ ဆုပေးပွဲကိုမတက်ရောက်နိုင်ခဲ့တာကြောင့် ဗီဒီယိုမက်ဆေချ့်ကိုပို့ခဲ့တာဖြစ်ပါတယ်။


Jisoo ကတော့ “ဒီလိုဆုမျိုးကိုရရှိခဲ့တဲ့အတွက် အရမ်းကိုဂုဏ်ယူမိပါတယ်။အလုပ်အချိန်စာရင်းတွေကြောင့်ဆုပေးပွဲမတက်ရောက်နိုင်ခဲ့တာရှက်စရာဖြစ်တာကြောင့် ဗီဒီယိုကနေနှုတ်ဆက်လိုက်ပါတယ်။ ဒီဆုကိုရရှိလို့ အရမ်းပျော်ရွှင်ပါတယ်။ ပြီးတော့ ဒရမ်မာနဲ့ယောင်းရိုဇာတ်ရုပ်ကိုချစ်ခင်ပေးလို့ ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာလည်းပိုကောင်းတဲ့ကြိုးစားမှုတွေကို ပြသပါမယ်” လို့ ပြောခဲ့ပါတယ်။
Congratulations ပါ Jisoo!

Zawgyi ဖြင့်ဖတ်ရန်

Snowdrop ဇာတ္လမ္းတြဲထဲမွ အန္းေယာင္း႐ိုဇာတ္႐ုပ္နဲ႔ဆုရရွိခဲ့တဲ့ Jisoo
BLACKPINK အဖြဲ႕ဝင္ Jisoo ကေတာ့ အိုင္ေဒါအေနနဲ႔ေအာင္ျမင္သလို သ႐ုပ္ေဆာင္အေနနဲ႔လည္း ပရိသတ္ေတြရဲ႕ခ်စ္ခင္ျခင္းကိုရရွိထားတာပါ။ သူကေတာ့ 2022 Seoul International Drama Awards ဆိုတဲ့ ဆုေပးပြဲမွာ ဆုရရွိခဲ့တာပဲ ျဖစ္ပါတယ္။


ရရွိခဲ့တဲဆုကေတာ့ “Outstanding Actress” ဆု ျဖစ္ၿပီး ဒီဆုကေတာ့ ကမာၻတစ္ဝွမ္းကပရိသတ္ေတြရဲ႕မဲေပးေ႐ြးခ်ယ္မႈေၾကာင့္ ရရွိတာလည္း ျဖစ္ပါတယ္။ Jisooကေတာ့ JTBC ဒရမ္မာ Snowdrop ဇာတ္ကားထဲက အန္းေယာင္း႐ိုဇာတ္႐ုပ္နဲ႔အတူ မဲေပးမႈ (၄၁.၆%) ရရွိခဲ့ၿပီး ဆုရရွိဖို႔ေ႐ြးခ်ယ္ခံခဲ့ရတာပါ။ Jisoo ကေတာ့ ဆုေပးပြဲကိုမတက္ေရာက္ႏိုင္ခဲ့တာေၾကာင့္ ဗီဒီယိုမက္ေဆခ်႕္ကိုပို႔ခဲ့တာျဖစ္ပါတယ္။
Jisoo ကေတာ့ “ဒီလိုဆုမ်ိဳးကိုရရွိခဲ့တဲ့အတြက္ အရမ္းကိုဂုဏ္ယူမိပါတယ္။အလုပ္အခ်ိန္စာရင္းေတြေၾကာင့္ဆုေပးပြဲမတက္ေရာက္ႏိုင္ခဲ့တာရွက္စရာျဖစ္တာေၾကာင့္ ဗီဒီယိုကေနႏႈတ္ဆက္လိုက္ပါတယ္။ ဒီဆုကိုရရွိလို႔ အရမ္းေပ်ာ္႐ႊင္ပါတယ္။ ၿပီးေတာ့ ဒရမ္မာနဲ႔ေယာင္း႐ိုဇာတ္႐ုပ္ကိုခ်စ္ခင္ေပးလို႔ ေက်းဇူးတင္ပါတယ္။ အနာဂတ္မွာလည္းပိုေကာင္းတဲ့ႀကိဳးစားမႈေတြကို ျပသပါမယ္” လို႔ ေျပာခဲ့ပါတယ္။
Congratulations ပါ Jisoo!