Netflix စီးရီးအသစ်နဲ့ပြန်လာမယ့် မင်းသမီးချော Kim Yoo Jung

Posted on

ကလေးသရုပ်ဆောင်ဘဝကတည်းကအနုပညာလှုပ်ရှားမှုတွေစတင်ခဲ့ပြီး အခုဆိုရင်နာမည်ကြီးမင်းသမီးတစ်လက်အဖြစ်ရပ်တည်နေတဲ့ Kim Yoo Jung ကတော့ ပရိသတ်တွေနဲ့ရင်းနှီးပြီးသားပါ။ ရုပ်ရည်ချောမောလှပသလို သရုပ်ဆောင်ကောင်းတာကြောင့်လည်း ပရိသတ်တွေရဲ့အသိအမှတ်ပြုမှုကိုရရှိထားတာပါ။


မင်းသမီးကတော့ (၂၀၂၁) ခုနှစ်မှာ Lovers of the Red Sky ဆိုတဲ့ ဒရမ်မာကို နောက်ဆုံးထွက်ရှိထားပါတယ်။ အခုဆိုရင်တော့ Dakgangjeong ဆိုတဲ့ webtoon ကိုအခြေခံထားတဲ့ Netflix စီးရီးအသစ်မှာ ပါဝင်လာဖို့ ရှိနေပါတယ်။ ကမ်းလှမ်းမှုကိုလက်ခံလိုက်မယ်ဆိုရင်တော့ စီအီးအိုရဲ့သမီးဖြစ်သူနေရာကပါဝင်သွားမှာဖြစ်ပြီး အတည်ပြုထားတဲ့သရုပ်ဆောင်တွေဖြစ်တဲ့ Ryu Seung Ryong နဲ့ Ahn Jae Hong တို့နဲ့အတူပါဝင်သွားမှာပါ။


ဒီစီးရီးကတော့ ဟာသဇာတ်လမ်းအမျိုးအစားဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့စက်ကြီးထဲဝင်လိုက်တဲ့အခါမှာ လူတွေဟာ Dakgangjeong ဆိုတဲ့ အရိုးမပါတဲ့ကိုရီးယားကြက်တောင်ပံကြော် အဖြစ်သို့ပြောင်းလဲသွားတာပါ။ ဒီဇာတ်လမ်းတွဲကတော့ နိုဝင်ဘာလမှာ စတင်ရိုက်ကူးမယ်လို့ သိရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Netflix စီးရီးအသစ္နဲ႔ျပန္လာမယ့္ မင္းသမီးေခ်ာ Kim Yoo Jung
ကေလးသ႐ုပ္ေဆာင္ဘဝကတည္းကအႏုပညာလႈပ္ရွားမႈေတြစတင္ခဲ့ၿပီး အခုဆိုရင္နာမည္ႀကီးမင္းသမီးတစ္လက္အျဖစ္ရပ္တည္ေနတဲ့ Kim Yoo Jung ကေတာ့ ပရိသတ္ေတြနဲ႔ရင္းႏွီးၿပီးသားပါ။ ႐ုပ္ရည္ေခ်ာေမာလွပသလို သ႐ုပ္ေဆာင္ေကာင္းတာေၾကာင့္လည္း ပရိသတ္ေတြရဲ႕အသိအမွတ္ျပဳမႈကိုရရွိထားတာပါ။


မင္းသမီးကေတာ့ (၂၀၂၁) ခုႏွစ္မွာ Lovers of the Red Sky ဆိုတဲ့ ဒရမ္မာကို ေနာက္ဆုံးထြက္ရွိထားပါတယ္။ အခုဆိုရင္ေတာ့ Dakgangjeong ဆိုတဲ့ webtoon ကိုအေျခခံထားတဲ့ Netflix စီးရီးအသစ္မွာ ပါဝင္လာဖို႔ ရွိေနပါတယ္။ ကမ္းလွမ္းမႈကိုလက္ခံလိုက္မယ္ဆိုရင္ေတာ့ စီအီးအိုရဲ႕သမီးျဖစ္သူေနရာကပါဝင္သြားမွာျဖစ္ၿပီး အတည္ျပဳထားတဲ့သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Ryu Seung Ryong နဲ႔ Ahn Jae Hong တို႔နဲ႔အတူပါဝင္သြားမွာပါ။
ဒီစီးရီးကေတာ့ ဟာသဇာတ္လမ္းအမ်ိဳးအစားျဖစ္ၿပီး လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့စက္ႀကီးထဲဝင္လိုက္တဲ့အခါမွာ လူေတြဟာ Dakgangjeong ဆိုတဲ့ အ႐ိုးမပါတဲ့ကိုရီးယားၾကက္ေတာင္ပံေၾကာ္ အျဖစ္သို႔ေျပာင္းလဲသြားတာပါ။ ဒီဇာတ္လမ္းတြဲကေတာ့ ႏိုဝင္ဘာလမွာ စတင္႐ိုက္ကူးမယ္လို႔ သိရပါတယ္။