ကျောင်းတွင်းအနိုင်ကျင့်မှုနဲ့ပတ်သက်တဲ့သတင်းတွေပြီးနောက် ဇာတ်ကားသစ်ရဲ့ Press Conference ပွဲမှာတွေ့ရတဲ့ Nam Joo Hyuk

Posted on

Nam Joo Hyuk ကတော့ ကျောင်းတွင်းအနိုင်ကျင့်မှုနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေနဲ့ရင်ဆိုင်ခဲ့ရတာပါ။ မင်းသားကတော့ အငြင်းပွားမှုတွေဖြစ်ခဲ့ပေမဲ့လည်း အနုပညာလှုပ်ရှားမှုတွေလည်း ဆက်တိုက်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ဇာတ်ကားသစ် “Remember” ရဲ့ press conference ကိုတက်ရောက်ခဲ့တာဖြစ်ပြီး အငြင်းပွားပြီးနောက်ပထမဆုံးပရိသတ်ရှေ့ထွက်လာတာလည်း ဖြစ်ပါတယ်။


Remember ဇာတ်ကားမှာတော့ အသက် (၈၀) အရွယ်အမျိုးသားဟာ ဂျပန်တွေအုပ်ချုပ်ခဲ့စဉ်အချိန်က တစ်စုံတစ်ယောက်ကြောင့် အရာရာဆုံးရှုံးခဲ့ပါတယ်။ လက်ရှိမှာ အယ်ဇိုင်းမားရောဂါရှိနေတာဖြစ်ပြီး မှတ်ညဏ်တွေမပျောက်ဆုံးခင်မှာသူ့ရဲ့ လက်စားချေမှုကို အသက် (၂၀) အရွယ်အမျိုးသားကကူညီပေးတဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။


Lee Sung Min ကတော့ အသက် (၈၀) အရွယ်အမျိုးသားအဖြစ်ပါဝင်ထားပြီး Nam Joo Hyuk ကတော့ အသက်(၂၀) အရွယ်အမျိုးသားအနေနဲ့ပါဝင်ထားပါတယ်။ ဒီဇာတ်ကားကတော့ အမျိုးသားနှစ်ဦးက အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားတာပါ။ Nam Joo Hyuk ကတော့ သူတို့နှစ်ဦးရဲ့နွေးထွေးတဲ့ဆက်ဆံရေးကိုပြောပြခဲ့ပါတယ်။ ပရိသတ်တွေမျှော်နေရမယ့်ဒီဇာတ်ကားကတော့ အောက်တိုဘာလမှာ ထွက်ရှိလာမှာပါ။
Zawgyi ဖြင့်ဖတ်ရန်

ေက်ာင္းတြင္းအႏိုင္က်င့္မႈနဲ႔ပတ္သက္တဲ့သတင္းေတြၿပီးေနာက္ ဇာတ္ကားသစ္ရဲ႕ Press Conference ပြဲမွာေတြ႕ရတဲ့ Nam Joo Hyuk
Nam Joo Hyuk ကေတာ့ ေက်ာင္းတြင္းအႏိုင္က်င့္မႈနဲ႔ပတ္သက္တဲ့ အျငင္းပြားမႈေတြနဲ႔ရင္ဆိုင္ခဲ့ရတာပါ။ မင္းသားကေတာ့ အျငင္းပြားမႈေတြျဖစ္ခဲ့ေပမဲ့လည္း အႏုပညာလႈပ္ရွားမႈေတြလည္း ဆက္တိုက္လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ ဇာတ္ကားသစ္ “Remember” ရဲ႕ press conference ကိုတက္ေရာက္ခဲ့တာျဖစ္ၿပီး အျငင္းပြားၿပီးေနာက္ပထမဆုံးပရိသတ္ေရွ႕ထြက္လာတာလည္း ျဖစ္ပါတယ္။


Remember ဇာတ္ကားမွာေတာ့ အသက္ (၈၀) အ႐ြယ္အမ်ိဳးသားဟာ ဂ်ပန္ေတြအုပ္ခ်ဳပ္ခဲ့စဥ္အခ်ိန္က တစ္စုံတစ္ေယာက္ေၾကာင့္ အရာရာဆုံးရႈံးခဲ့ပါတယ္။ လက္ရွိမွာ အယ္ဇိုင္းမားေရာဂါရွိေနတာျဖစ္ၿပီး မွတ္ညဏ္ေတြမေပ်ာက္ဆုံးခင္မွာသူ႔ရဲ႕ လက္စားေခ်မႈကို အသက္ (၂၀) အ႐ြယ္အမ်ိဳးသားကကူညီေပးတဲ့အေၾကာင္းကို ႐ိုက္ကူးထားတဲ့ ဇာတ္ကားျဖစ္ပါတယ္။


Lee Sung Min ကေတာ့ အသက္ (၈၀) အ႐ြယ္အမ်ိဳးသားအျဖစ္ပါဝင္ထားၿပီး Nam Joo Hyuk ကေတာ့ အသက္(၂၀) အ႐ြယ္အမ်ိဳးသားအေနနဲ႔ပါဝင္ထားပါတယ္။ ဒီဇာတ္ကားကေတာ့ အမ်ိဳးသားႏွစ္ဦးက အဓိကဇာတ္ေဆာင္အျဖစ္ပါဝင္ထားတာပါ။ Nam Joo Hyuk ကေတာ့ သူတို႔ႏွစ္ဦးရဲ႕ေႏြးေထြးတဲ့ဆက္ဆံေရးကိုေျပာျပခဲ့ပါတယ္။ ပရိသတ္ေတြေမွ်ာ္ေနရမယ့္ဒီဇာတ္ကားကေတာ့ ေအာက္တိုဘာလမွာ ထြက္ရွိလာမွာပါ။