ဇနီးဖြစ်သူကမနက်စာကိုကိုယ်တိုင်ပြင်ဆင်ပေးတဲ့အကြောင်းပြောလာတဲ့ Hyun Bin

Posted on

နာမည်ကျော်အနုပညာရှင်စုံတွဲဖြစ်တဲ့ Hyun Bin နဲ့ Son Ye Jin တို့ကတော့ အများကအားကျရလောက်အောင် ကျော်ကြားအောင်မြင်တဲ့အပြင် တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ဂရုစိုက်ကြတာကလည်း အားကျစရာပါပဲ။ Son Ye Jin ဟာ ခင်ပွန်းဖြစ်သူကို ကိုယ်တိုင်မနက်စာချက်ပြုတ်ပေးတဲ့ကြင်နာတတ်တဲ့ဇနီးသည်ဆိုတာက ပရိသတ်တွေကိုစိတ်ဝင်စားစေခဲ့ပါတယ်။


Hyun Bin ကတော့ Confidential Assignment 2 ဆိုတဲ့ဇာတ်ကားနဲ့ဖန်သားပြင်ကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ နာမည်ကျော်မင်းသမီးချောSon Ye Jin နဲ့လက်ထပ်ထားတဲ့သူတို့ရဲ့အိမ်ထောင်ရှင်ဘဝကိုတော့ ပရိသတ်တွေကစိတ်ဝင်စားနေကြတာပါ။ သူ့ရဲ့လူမှုဘဝနဲ့ပတ်သက်ပြီး တောင်ကိုရီးယားမဂ္ဂဇင်းတစ်ခုက Hyun Bin ကို အင်တာဗျူးတစ်ခုမှာ မေးမြန်းခဲ့ပါတယ်။ Hyun Bin ကတော့ မနက်စာအတွက်ချက်ပြုတ်ပေးတဲ့ဇနီးဖြစ်သူမရှိရင် ကော်ဖီတစ်ခွက်သာသောက်ပြီး အလုပ်ကိုသွားလေ့ရှိတယ်လို့ဆိုပါတယ်။


ဒါတင်မကသေးဘဲ အလုပ်တိုင်းမှာဇနီးဖြစ်သူရဲ့အားပေးမှုတွေကိုရရှိပြီး ဆိုရှယ်မီဒီယာပေါ်က အပြုသဘောဆောင်တဲ့မှတ်ချက်တွေကိုလည်း အတူဖတ်လေ့ရှိတယ်လို့ ဆိုပါတယ်။ Son Ye Jin ကတော့ လက်ထပ်ပြီးနောက်ပိုင်းအံ့သြစရာကောင်းတဲ့ဟင်းချက်လက်ရာကို ပရိသတ်တွေကိုမျှဝေခဲ့ဖူးပါတယ်။ အောင်မြင်တဲ့မင်းသမီးတစ်လက်ဖြစ်သလို ကြင်နာဂရုစိုက်တတ်တဲ့ဇနီးတစ်ဦးပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်

ဇနီးျဖစ္သူကမနက္စာကိုကိုယ္တိုင္ျပင္ဆင္ေပးတဲ့အေၾကာင္းေျပာလာတဲ့ Hyun Bin
နာမည္ေက်ာ္အႏုပညာရွင္စုံတြဲျဖစ္တဲ့ Hyun Bin နဲ႔ Son Ye Jin တို႔ကေတာ့ အမ်ားကအားက်ရေလာက္ေအာင္ ေက်ာ္ၾကားေအာင္ျမင္တဲ့အျပင္ တစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္ခင္ဂ႐ုစိုက္ၾကတာကလည္း အားက်စရာပါပဲ။ Son Ye Jin ဟာ ခင္ပြန္းျဖစ္သူကို ကိုယ္တိုင္မနက္စာခ်က္ျပဳတ္ေပးတဲ့ၾကင္နာတတ္တဲ့ဇနီးသည္ဆိုတာက ပရိသတ္ေတြကိုစိတ္ဝင္စားေစခဲ့ပါတယ္။


Hyun Bin ကေတာ့ Confidential Assignment 2 ဆိုတဲ့ဇာတ္ကားနဲ႔ဖန္သားျပင္ကို ျပန္လည္ေရာက္ရွိလာခဲ့ပါၿပီ။ နာမည္ေက်ာ္မင္းသမီးေခ်ာSon Ye Jin နဲ႔လက္ထပ္ထားတဲ့သူတို႔ရဲ႕အိမ္ေထာင္ရွင္ဘဝကိုေတာ့ ပရိသတ္ေတြကစိတ္ဝင္စားေနၾကတာပါ။ သူ႔ရဲ႕လူမႈဘဝနဲ႔ပတ္သက္ၿပီး ေတာင္ကိုရီးယားမဂၢဇင္းတစ္ခုက Hyun Bin ကို အင္တာဗ်ဴးတစ္ခုမွာ ေမးျမန္းခဲ့ပါတယ္။ Hyun Bin ကေတာ့ မနက္စာအတြက္ခ်က္ျပဳတ္ေပးတဲ့ဇနီးျဖစ္သူမရွိရင္ ေကာ္ဖီတစ္ခြက္သာေသာက္ၿပီး အလုပ္ကိုသြားေလ့ရွိတယ္လို႔ဆိုပါတယ္။
ဒါတင္မကေသးဘဲ အလုပ္တိုင္းမွာဇနီးျဖစ္သူရဲ႕အားေပးမႈေတြကိုရရွိၿပီး ဆိုရွယ္မီဒီယာေပၚက အျပဳသေဘာေဆာင္တဲ့မွတ္ခ်က္ေတြကိုလည္း အတူဖတ္ေလ့ရွိတယ္လို႔ ဆိုပါတယ္။ Son Ye Jin ကေတာ့ လက္ထပ္ၿပီးေနာက္ပိုင္းအံ့ၾသစရာေကာင္းတဲ့ဟင္းခ်က္လက္ရာကို ပရိသတ္ေတြကိုမွ်ေဝခဲ့ဖူးပါတယ္။ ေအာင္ျမင္တဲ့မင္းသမီးတစ္လက္ျဖစ္သလို ၾကင္နာဂ႐ုစိုက္တတ္တဲ့ဇနီးတစ္ဦးပါပဲေနာ္။