ပြင်သစ်ကိုထွက်ခွာဖို့အတွက် အမိုက်စားလေဆိပ်ဖက်ရှင်တွေကိုဝတ်ဆင်လာခဲ့တဲ့ Jisoo နဲ့ Rosé

Blackpink အဖွဲ့ဝင်တွေကတော့ အယ်လ်ဘမ်အတွက် World Tour တွေအပြင် လက်တွဲအလုပ်လုပ်ကိုင်နေတဲ့အမှတ်တံဆိပ်တွေအတွက် အလုပ်ရှုပ်လျက်ရှိနေပါတယ်။ Jisoo နဲ့ Rosé တို့ကတော့ Paris Fashion Weekကိုတက်ရောက်ဖို့ အင်ချွန်းလေဆိပ်မှထွက်ခွာသွားခဲ့တာပဲ ဖြစ်ပါတယ်။


Jisoo ကတော့ Dior အမှတ်တံဆိပ်ရဲ့ Global Ambassador တစ်ယောက်ဖြစ်တယ်ဆိုတာကို သိကြမှာပါ။ သူကတော့ အထက်တန်းဆန်ဆန်အနက်ရောင်ဝတ်စုံကိုဝတ်ဆင်လာခဲ့ပြီး ရှည်လျားတဲ့ဆံပင်အနက်ရောင်ကိုချထားခဲ့ပါတယ်။ မိတ်ကပ်ပါးပါးလေးကိုလိမ်းခြယ်ထားတာဖြစ်ပြီး အနက်ရောင်စကပ်အတိုကတော့ သူ့ရဲ့လှပတဲ့ခြေတံသွယ်သွယ်တွေနဲ့လိုက်ဖက်နေခဲ့ပါတယ်။


Rosé ကလည်းပဲ Saint Lauren ရဲ့ Global Ambassador တစ်ယောက်ပါ။ သူကတော့ အဝါရောင် Cardigan လေးနဲ့အတူ အနက်ရောင်ဘောင်းဘီလေးကိုဝတ်ဆင်ထားတာဖြစ်ပြီး တောက်ပနေတဲ့အသွင်အပြင်ကတော့ ပရိသတ်တွေကိုဖမ်းစားခဲ့ပါတယ်။ Paris Fashion Week မှာလည်း ဘယ်လိုမျိုးအမိုက်စားဖက်ရှင်တွေနဲ့တက်ရောက်မလဲဆိုတာကတော့ ပရိသတ်တွေစိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်


Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x