ပရိသတ်တစ်ဦးရဲ့ပြောစကားကြောင့်မျက်ရည်ကျလုနီးပါးဖြစ်ခဲ့တဲ့ Jennie

Posted on

BLACKPINK ကတော့ ဒုတိယအယ်လ်ဘမ် Born Pink ထွက်ရှိထားတာဖြစ်ပြီး ဒီအယ်လ်ဘမ်ရဲ့ပရိုမိုးရှင်းဖြစ်တဲ့ လက်မှတ်ထိုးပွဲ (၂၅)ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကတော့ အယ်လ်ဘမ်ဝယ်ထားတဲ့သူတွေကို မဲနှိုက်ရွေးချယ်ပြီးပါဝင်ခွင့်ရသူတွေသာတက်ရောက်ရတဲ့ အစီအစဉ်ပါ။ ဒီအစီအစဉ်မှာတော့ အိုင်ဒေါတွေရဲ့လက်မှတ်ရရုံတင်မက လူချင်းစကားပြောခွင့်ရတာလည်း ဖြစ်ပါတယ်။


ပွဲမှာပါဝင်ခဲ့တဲ့ပရိသတ်တွေကတော့ အိုင်ဒေါတွေနဲ့တွေ့ဆုံခဲ့ရတာနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာ ပြန်လည်မျှဝေကြပါတယ်။ ပရိသတ်တစ်ယောက်ကတော့ “မင်းဘာကိုပဲလုပ်လုပ် မင်းကိုအားပေးနေမယ်။ အမြဲတမ်းရှေ့ဆက်သွားပြီး Jennie ရဲ့ပုံစံအတိုင်းဆက်လုပ်နေပါ။ မင်းကအရမ်းမိုက်တယ်” လို့ပြောခဲ့တာဖြစ်ပြီး Jennie ကတော့ “ငါ့ကိုငိုအောင်မလုပ်ပါနဲ့” လို့ ပြန်ပြောခဲ့တာဖြစ်ပါတယ်။


ပရိသတ်ကတော့ ဒီလိုအခြေအနေမှာ Jennie ကို “Fighting” ဆိုပြီး အားပေးစကားပြန်ပြောခဲ့ပါတယ်။မကြာသေးခင်ကလည်း Jennie ဟာ အမည်မသိသူတစ်ဦးကြောင့် ဓာတ်ပုံတွေပေါက်ကြားခဲ့ပြီး Privacy ချိုးဖောက်မှုနဲ့ကြုံတွေ့ရတာကြောင့် ပရိသတ်တွေကစိတ်ပူခဲ့ရပါသေးတယ်။
Zawgyi ဖြင့်ဖတ်ရန်

ပရိသတ္တစ္ဦးရဲ႕ေျပာစကားေၾကာင့္မ်က္ရည္က်လုနီးပါးျဖစ္ခဲ့တဲ့ Jennie
BLACKPINK ကေတာ့ ဒုတိယအယ္လ္ဘမ္ Born Pink ထြက္ရွိထားတာျဖစ္ၿပီး ဒီအယ္လ္ဘမ္ရဲ႕ပ႐ိုမိုးရွင္းျဖစ္တဲ့ လက္မွတ္ထိုးပြဲ (၂၅)ရက္ေန႔ကျပဳလုပ္ခဲ့ပါတယ္။ ဒီပြဲကေတာ့ အယ္လ္ဘမ္ဝယ္ထားတဲ့သူေတြကို မဲႏႈိက္ေ႐ြးခ်ယ္ၿပီးပါဝင္ခြင့္ရသူေတြသာတက္ေရာက္ရတဲ့ အစီအစဥ္ပါ။ ဒီအစီအစဥ္မွာေတာ့ အိုင္ေဒါေတြရဲ႕လက္မွတ္ရ႐ုံတင္မက လူခ်င္းစကားေျပာခြင့္ရတာလည္း ျဖစ္ပါတယ္။


ပြဲမွာပါဝင္ခဲ့တဲ့ပရိသတ္ေတြကေတာ့ အိုင္ေဒါေတြနဲ႔ေတြ႕ဆုံခဲ့ရတာနဲ႔ပတ္သက္ၿပီး ဆိုရွယ္မီဒီယာမွာ ျပန္လည္မွ်ေဝၾကပါတယ္။ ပရိသတ္တစ္ေယာက္ကေတာ့ “မင္းဘာကိုပဲလုပ္လုပ္ မင္းကိုအားေပးေနမယ္။ အၿမဲတမ္းေရွ႕ဆက္သြားၿပီး Jennie ရဲ႕ပုံစံအတိုင္းဆက္လုပ္ေနပါ။ မင္းကအရမ္းမိုက္တယ္” လို႔ေျပာခဲ့တာျဖစ္ၿပီး Jennie ကေတာ့ “ငါ့ကိုငိုေအာင္မလုပ္ပါနဲ႔” လို႔ ျပန္ေျပာခဲ့တာျဖစ္ပါတယ္။
ပရိသတ္ကေတာ့ ဒီလိုအေျခအေနမွာ Jennie ကို “Fighting” ဆိုၿပီး အားေပးစကားျပန္ေျပာခဲ့ပါတယ္။မၾကာေသးခင္ကလည္း Jennie ဟာ အမည္မသိသူတစ္ဦးေၾကာင့္ ဓာတ္ပုံေတြေပါက္ၾကားခဲ့ၿပီး Privacy ခ်ိဳးေဖာက္မႈနဲ႔ႀကဳံေတြ႕ရတာေၾကာင့္ ပရိသတ္ေတြကစိတ္ပူခဲ့ရပါေသးတယ္။