ချမ်းသာကြွယ်ဝတဲ့သူဌေးတစ်ဦးနဲ့တွဲနေတယ်လို့သတင်းထွက်လာတဲ့ မင်းသမီး Park Min Young

ဇာတ်လမ်းတွဲတွေနဲ့နာမည်ကျော်တဲ့မင်းသမီးတစ်လက်ဖြစ်တဲ့ Park Min Young ကိုတော့ ပရိသတ်တွေသိကြမှာပါ။ Dispatch ကတော့ Park Min Young ဟာသူဌေးတစ်ဦးနဲ့တွဲနေကြောင်းကို ဒီနေ့မှာ ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။


မင်းသမီးကတော့ Kang Jong Hyunလို့ခေါ်တဲ့တောင်ကိုရီယားနိုင်ငံအကြီးဆုံးcryptocurrency exchangeကုမ္ပဏီတစ်ခုဖြစ်တဲ့ Bithumb ရဲ့ဥက္ကဌဖြစ်သူနဲ့တွဲနေတာလို့သိရပါတယ်။ Park Min Young ကိုတော့ Kang Jong Hyun ရဲ့ဇိမ်ခံဗီလာထဲကနေ အလုပ်ကိုသွားတဲ့ပုံရိပ်တွေကိုလည်း ထုတ်ဖော်ခဲ့ပါတယ်။ မင်းသမီးကတော့ လက်ရှိရိုက်ကူးနေတဲ့ Love In Contract ဇာတ်ကားအတွက် ဘဲလေးသင်တန်းပြီးတဲ့အခါမှာလည်း Kang Jong Hyun ရဲ့ကားကိုစီးသွားတာကိုလည်း ဓာတ်ပုံရိုက်ခဲ့ကြတာဖြစ်ပါတယ်။


Kang Jong Hyun ကတော့ သူ့ရဲ့ကုမ္ပဏီများစွာမှာအကြီးဆုံးရှယ်ယာရှင်တစ်ယောက်ဖြစ်သော်လည်း လျှို့ဝှက်စွာနေထိုင်တဲ့ဥက္ကဌတစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။ အလွန်ကြွယ်ဝချမ်းသာတဲ့သူတစ်ယောက်ဖြစ်ပြီး ဟန်နန်ဒုံမှာရှိတဲ့ဗီလာမှာနေထိုင်ကာ ဈေးကြီးတဲ့ကားအမြောက်အများကိုပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ခ်မ္းသာႂကြယ္ဝတဲ့သူေဌးတစ္ဦးနဲ႔တြဲေနတယ္လို့သတင္းထြက္လာတဲ့ မင္းသမီး Park Min Young
ဇာတ္လမ္းတြဲေတြနဲ႔နာမည္ေက်ာ္တဲ့မင္းသမီးတစ္လက္ျဖစ္တဲ့ Park Min Young ကိုေတာ့ ပရိသတ္ေတြသိၾကမွာပါ။ Dispatch ကေတာ့ Park Min Young ဟာသူေဌးတစ္ဦးနဲ႔တြဲေနေၾကာင္းကို ဒီေန႔မွာ ေဖာ္ထုတ္ခဲ့တာျဖစ္ပါတယ္။


မင္းသမီးကေတာ့ Kang Jong Hyunလို႔ေခၚတဲ့ေတာင္ကိုရီယားႏိုင္ငံအႀကီးဆုံးcryptocurrency exchangeကုမၸဏီတစ္ခုျဖစ္တဲ့ Bithumb ရဲ႕ဥကၠဌျဖစ္သူနဲ႔တြဲေနတာလို႔သိရပါတယ္။ Park Min Young ကိုေတာ့ Kang Jong Hyun ရဲ႕ဇိမ္ခံဗီလာထဲကေန အလုပ္ကိုသြားတဲ့ပုံရိပ္ေတြကိုလည္း ထုတ္ေဖာ္ခဲ့ပါတယ္။ မင္းသမီးကေတာ့ လက္ရွိ႐ိုက္ကူးေနတဲ့ Love In Contract ဇာတ္ကားအတြက္ ဘဲေလးသင္တန္းၿပီးတဲ့အခါမွာလည္း Kang Jong Hyun ရဲ႕ကားကိုစီးသြားတာကိုလည္း ဓာတ္ပုံ႐ိုက္ခဲ့ၾကတာျဖစ္ပါတယ္။


Kang Jong Hyun ကေတာ့ သူ႔ရဲ႕ကုမၸဏီမ်ားစြာမွာအႀကီးဆုံးရွယ္ယာရွင္တစ္ေယာက္ျဖစ္ေသာ္လည္း လွ်ိဳ႕ဝွက္စြာေနထိုင္တဲ့ဥကၠဌတစ္ေယာက္ျဖစ္တယ္လို႔သိရပါတယ္။ အလြန္ႂကြယ္ဝခ်မ္းသာတဲ့သူတစ္ေယာက္ျဖစ္ၿပီး ဟန္နန္ဒုံမွာရွိတဲ့ဗီလာမွာေနထိုင္ကာ ေဈးႀကီးတဲ့ကားအေျမာက္အမ်ားကိုပိုင္ဆိုင္ထားတာလည္း ျဖစ္ပါတယ္။

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x