ကာလကြည်ရှည်တွဲခဲ့တဲ့ချစ်သူ Jin Ah Reum နဲ့အောက်တိုဘာလမှာ လက်ထပ်တော့မယ့် Nam Goong Min

Posted on

နောက်ထပ်ပရိသတ်တွေချစ်တဲ့အနုပညာရှင်စုံတွဲတစ်တွဲရဲ့ မင်္ဂလာသတင်းကိုကြားရပြီ ဖြစ်ပါတယ်နော်။ တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်မင်းသားတစ်လက်ဖြစ်သလို ဒါရိုက်တာတစ်ယောက်လည်း ဖြစ်တဲ့ Nam Goong Min ကိုတော့ သိကြမှာပါ။ သူကတော့ မော်ဒယ်လ်မင်းသမီးတစ်လက်ဖြစ်တဲ့ Jin Ah Reum နဲ့ချစ်သူတွေအဖြစ်တွဲနေတာကြာခဲ့ပါပြီ။


ကာလကြာရှည်တွဲနေခဲ့ကြတဲ့Nam Goong Min တို့ချစ်သူနှစ်ဦးကတော့ အောက်တိုဘာလ(၇)ရက်နေ့မှာ လက်ထပ်တော့မယ်လို့ အေဂျင်စီကနေကြေညာခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာပွဲကိုတော့ ဆိုးလ်မှာကျင်းပမှာဖြစ်ပြီး မိသားစုဝင်တွေနဲ့မိတ်ဆွေတွေသာပါဝင်တဲ့သီးသန့်မင်္ဂလာပွဲလေးတစ်ခုသာကျင်းပပမှာ ဖြစ်တယ်လို့သိရပါတယ်။ သီးသန့်ကျင်းပတဲ့မင်္ဂလာပွဲဖြစ်တာကြောင့် အချက်အလက်အသေးစိတ်ကို ထုတ်ဖော်ခြင်းမရှိပါဘူး။


Nam Goong Min နဲ့ Jin Ah Reum တို့နှစ်ဦးကတော့ Light My Fire ဆိုတဲ့ရုပ်ရှင်ဇာတ်လမ်းတိုမှာ ဒါရိုက်တာနဲ့သရုပ်ဆောင်အဖြစ်ဆုံတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ (၂၀၁၆) ခုနှစ်မှာစတင်တွဲခဲ့တဲ့သူတို့နှစ်ဦးကတော့ ခြောက်နှစ်အကြာမှာ လက်ထပ်တော့မှာလည်း ဖြစ်ပါတယ်။
Congratulations ပါ Nam Goong Min နဲ့ Jin Ah Reum
Zawgyi ဖြင့်ဖတ်ရန်

ကာလၾကည္ရွည္တြဲခဲ့တဲ့ခ်စ္သူ Jin Ah Reum နဲ႔ေအာက္တိုဘာလမွာ လက္ထပ္ေတာ့မယ့္ Nam Goong Min
ေနာက္ထပ္ပရိသတ္ေတြခ်စ္တဲ့အႏုပညာရွင္စုံတြဲတစ္တြဲရဲ႕ မဂၤလာသတင္းကိုၾကားရၿပီ ျဖစ္ပါတယ္ေနာ္။ ေတာင္ကိုရီးယားႏိုင္ငံရဲ႕နာမည္ေက်ာ္မင္းသားတစ္လက္ျဖစ္သလို ဒါ႐ိုက္တာတစ္ေယာက္လည္း ျဖစ္တဲ့ Nam Goong Min ကိုေတာ့ သိၾကမွာပါ။ သူကေတာ့ ေမာ္ဒယ္လ္မင္းသမီးတစ္လက္ျဖစ္တဲ့ Jin Ah Reum နဲ႔ခ်စ္သူေတြအျဖစ္တြဲေနတာၾကာခဲ့ပါၿပီ။


ကာလၾကာရွည္တြဲေနခဲ့ၾကတဲ့Nam Goong Min တို႔ခ်စ္သူႏွစ္ဦးကေတာ့ ေအာက္တိုဘာလ(၇)ရက္ေန႔မွာ လက္ထပ္ေတာ့မယ္လို႔ ေအဂ်င္စီကေနေၾကညာခဲ့တာ ျဖစ္ပါတယ္။ မဂၤလာပြဲကိုေတာ့ ဆိုးလ္မွာက်င္းပမွာျဖစ္ၿပီး မိသားစုဝင္ေတြနဲ႔မိတ္ေဆြေတြသာပါဝင္တဲ့သီးသန႔္မဂၤလာပြဲေလးတစ္ခုသာက်င္းပပမွာ ျဖစ္တယ္လို႔သိရပါတယ္။ သီးသန႔္က်င္းပတဲ့မဂၤလာပြဲျဖစ္တာေၾကာင့္ အခ်က္အလက္အေသးစိတ္ကို ထုတ္ေဖာ္ျခင္းမရွိပါဘူး။


Nam Goong Min နဲ႔ Jin Ah Reum တို႔ႏွစ္ဦးကေတာ့ Light My Fire ဆိုတဲ့႐ုပ္ရွင္ဇာတ္လမ္းတိုမွာ ဒါ႐ိုက္တာနဲ႔သ႐ုပ္ေဆာင္အျဖစ္ဆုံေတြ႕ခဲ့ၾကတာ ျဖစ္ပါတယ္။ (၂၀၁၆) ခုႏွစ္မွာစတင္တြဲခဲ့တဲ့သူတို႔ႏွစ္ဦးကေတာ့ ေျခာက္ႏွစ္အၾကာမွာ လက္ထပ္ေတာ့မွာလည္း ျဖစ္ပါတယ္။
Congratulations ပါ Nam Goong Min နဲ႔ Jin Ah Reum