ဒိတ်တင်သတင်းထွက်ရှိခဲ့တဲ့အမျိုးသားနဲ့ လမ်းခွဲပြတ်စဲပြီသားဖြစ်ကြောင်းကြေညာခဲ့တဲ့ Park Min Young ရဲ့အေဂျင်စီ

Posted on

မနေ့ကတော့ Dispatch ကနေပြီးတော့ Park Min Young ဟာ အလွန်ကြွယ်ဝချမ်းသာတဲ့အမျိုးသားKang နဲ့တွဲနေကြောင်းကို ထုတ်ဖော်ခဲ့ပါတယ်။ ဒီသတင်းတွေပြီးနောက်မှာတော့ Kang ဟာ တစ်ချိန်ကငွေကြေးအရှုပ်အရှင်းတွေကြောင့် ထောင်(၂) နှစ်ခွဲကျဖူးတဲ့သတင်းတွေပါထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။


ဒီသတင်းတွေပြီးနောက်မှာတော့ မင်းသမီးရဲ့အေဂျင်စီဖြစ်တဲ့ Hook Entertainment ကတော့ Park Min Young ကတော့ ဒိတ်တင်သတင်းထွက်ရှိခဲ့တဲ့အမျိုးသားလမ်းခွဲပြတ်စဲခဲ့ပြီးသားဖြစ်ကြောင်း ၊ မင်းသမီးဟာ ငွေကြေးတစ်စုံတစ်ရာလက်ခံရရှိခဲ့တယ်ဆိုတာလည်း မဟုတ်ကြောင်းကို ကြေညာခဲ့ပါတယ်။ ဒါ့အပြင် Park Min Young ရဲ့အစ်မဖြစ်သူဟာ မစ္စတာ Kang ပိုင်ဆိုင်တဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ INBIOGEN မှာဒါရိုက်တာအဖြစ်ရှိနေတာဖြစ်ပြီး နှုတ်ထွက်ထားတယ်လို့ ဆိုပါတယ်။


Park Min Young ကတော့ နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်ပြီး သူပါဝင်ထားတဲ့ Love In Contract ဇာတ်လမ်းတွဲကတော့ လက်ရှိပြသနေတာ ဖြစ်ပါတယ်။ သူကတော့ ဒရမ်မာထုတ်လွှင့်မှုကိုဂရုစိုက်ပြီးအလေးထားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ဒိတ္တင္သတင္းထြက္ရွိခဲ့တဲ့အမ်ိဳးသားနဲ႔ လမ္းခြဲျပတ္စဲၿပီသားျဖစ္ေၾကာင္းေၾကညာခဲ့တဲ့ Park Min Young ရဲ႕ေအဂ်င္စီ
မေန႔ကေတာ့ Dispatch ကေနၿပီးေတာ့ Park Min Young ဟာ အလြန္ႂကြယ္ဝခ်မ္းသာတဲ့အမ်ိဳးသားKang နဲ႔တြဲေနေၾကာင္းကို ထုတ္ေဖာ္ခဲ့ပါတယ္။ ဒီသတင္းေတြၿပီးေနာက္မွာေတာ့ Kang ဟာ တစ္ခ်ိန္ကေငြေၾကးအရႈပ္အရွင္းေတြေၾကာင့္ ေထာင္(၂) ႏွစ္ခြဲက်ဖူးတဲ့သတင္းေတြပါထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။


ဒီသတင္းေတြၿပီးေနာက္မွာေတာ့ မင္းသမီးရဲ႕ေအဂ်င္စီျဖစ္တဲ့ Hook Entertainment ကေတာ့ Park Min Young ကေတာ့ ဒိတ္တင္သတင္းထြက္ရွိခဲ့တဲ့အမ်ိဳးသားလမ္းခြဲျပတ္စဲခဲ့ၿပီးသားျဖစ္ေၾကာင္း ၊ မင္းသမီးဟာ ေငြေၾကးတစ္စုံတစ္ရာလက္ခံရရွိခဲ့တယ္ဆိုတာလည္း မဟုတ္ေၾကာင္းကို ေၾကညာခဲ့ပါတယ္။ ဒါ့အျပင္ Park Min Young ရဲ႕အစ္မျဖစ္သူဟာ မစၥတာ Kang ပိုင္ဆိုင္တဲ့ကုမၸဏီတစ္ခုျဖစ္တဲ့ INBIOGEN မွာဒါ႐ိုက္တာအျဖစ္ရွိေနတာျဖစ္ၿပီး ႏႈတ္ထြက္ထားတယ္လို႔ ဆိုပါတယ္။


Park Min Young ကေတာ့ နာမည္ေက်ာ္မင္းသမီးတစ္လက္ျဖစ္ၿပီး သူပါဝင္ထားတဲ့ Love In Contract ဇာတ္လမ္းတြဲကေတာ့ လက္ရွိျပသေနတာ ျဖစ္ပါတယ္။ သူကေတာ့ ဒရမ္မာထုတ္လႊင့္မႈကိုဂ႐ုစိုက္ၿပီးအေလးထားသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။