Good Guy ဆိုတဲ့ဒရမ်မာမှာအဓိကဇာတ်ဆောင်အနေနဲ့ပါဝင်လာနိုင်ဖွယ်ရှိတဲ့ Lee Dong Wook

Posted on

နှုတ်ခမ်းနီမလေးတွေသည်းသည်းလှုပ်ချစ်ခင်အားပေးခြင်းခံရတဲ့မင်းသားတွေထဲမှာတော့ Lee Dong Wook လည်းပါဝင်ပါတယ်။ သူကတော့ အနုပညာလှုပ်ရှားမှုတွေဆက်တိုက်လုပ်နေတာဖြစ်ပြီး ပရိသတ်တွေဆီကို ဒရမ်မာအသစ်တွေနဲ့လာဦးမယ့်ပုံပါပဲ။


လက်ရှိမှာတော့ Good Guy ဆိုတဲ့ ဒရမ်မာမှာ အဓိကဇာတ်ဆောင်အဖြစ်နဲ့ပါဝင်ဖို့အတွက်ကမ်းလှမ်းထားခြင်းခံရပြီး ပါဝင်ဖို့အတွက်ဆွေးနွေးနေဆဲလို့သိရပါတယ်။ ဒါ့အပြင်ပါဝင်ဖို့အတွက် မဆုံးဖြတ်ရသေးဘူးလို့လည်း အေဂျင်စီ KING KONG ကဆိုပါတယ်။ ဒရမ်မာကတော့ ချစ်ခြင်းမေတ္တာ၊ အလုပ်နဲ့မိသားစုကိုကာကွယ်ဖို့အတွက်ဖြတ်သန်းခဲ့ရတဲ့ တတိယမျိုးဆက်ဂိုဏ်းစတားမိသားစုရဲ့အကြောင်းကို ရိုက်ကူးထားတာပါ။


လက်ရှိမှာတော့ ထုတ်လွှင့်ပြသသွားမယ့်Tale of Gumiho 1938 ဒရမ်မာအတွက်ရိုက်ကူးရေးပြုလုပ်နေဆဲလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ The Tale of the Nine-Tailed ရဲ့ prequel လည်းဖြစ်ပြီး ပရိသတ်တွေအလွန်မျှော်လင့်စောင့်စားနေတဲ့ဒရမ်မာတစ်ခုလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Good Guy ဆိုတဲ့ဒရမ္မာမွာအဓိကဇာတ္ေဆာင္အေနနဲ႔ပါဝင္လာႏိုင္ဖြယ္ရွိတဲ့ Lee Dong Wook
ႏႈတ္ခမ္းနီမေလးေတြသည္းသည္းလႈပ္ခ်စ္ခင္အားေပးျခင္းခံရတဲ့မင္းသားေတြထဲမွာေတာ့ Lee Dong Wook လည္းပါဝင္ပါတယ္။ သူကေတာ့ အႏုပညာလႈပ္ရွားမႈေတြဆက္တိုက္လုပ္ေနတာျဖစ္ၿပီး ပရိသတ္ေတြဆီကို ဒရမ္မာအသစ္ေတြနဲ႔လာဦးမယ့္ပုံပါပဲ။


လက္ရွိမွာေတာ့ Good Guy ဆိုတဲ့ ဒရမ္မာမွာ အဓိကဇာတ္ေဆာင္အျဖစ္နဲ႔ပါဝင္ဖို႔အတြက္ကမ္းလွမ္းထားျခင္းခံရၿပီး ပါဝင္ဖို႔အတြက္ေဆြးေႏြးေနဆဲလို႔သိရပါတယ္။ ဒါ့အျပင္ပါဝင္ဖို႔အတြက္ မဆုံးျဖတ္ရေသးဘူးလို႔လည္း ေအဂ်င္စီ KING KONG ကဆိုပါတယ္။ ဒရမ္မာကေတာ့ ခ်စ္ျခင္းေမတၱာ၊ အလုပ္နဲ႔မိသားစုကိုကာကြယ္ဖို႔အတြက္ျဖတ္သန္းခဲ့ရတဲ့ တတိယမ်ိဳးဆက္ဂိုဏ္းစတားမိသားစုရဲ႕အေၾကာင္းကို ႐ိုက္ကူးထားတာပါ။
လက္ရွိမွာေတာ့ ထုတ္လႊင့္ျပသသြားမယ့္Tale of Gumiho 1938 ဒရမ္မာအတြက္႐ိုက္ကူးေရးျပဳလုပ္ေနဆဲလည္း ျဖစ္ပါတယ္။ ဒီဇာတ္လမ္းကေတာ့ The Tale of the Nine-Tailed ရဲ႕ prequel လည္းျဖစ္ၿပီး ပရိသတ္ေတြအလြန္ေမ်ွာ္လင့္ေစာင့္စားေနတဲ့ဒရမ္မာတစ္ခုလည္း ျဖစ္ပါတယ္။