ကျော့ရှင်းလှပတဲ့အသွင်အပြင်တွေနဲ့ Saint Laurent ရဲ့ after-dinner ပါတီမှာ အားလုံးရဲ့အကြည့်ကိုဖမ်းစားခဲ့တဲ့ Rose’

Posted on

Rose’ ကတော့ ဒိတ်ဒိတ်ကြဲအမှတ်တံဆိပ်တွေနဲ့လက်တွဲထားနိုင်တဲ့ ရှားပါးတဲ့အလှပိုင်ရှင်လေးပါပဲ။ သူ့ကိုတော့ ဖျော်ဖြေရေးစင်မြင့်ထက်မှာ ပရော်ဖက်ရှင်နယ်အဆိုတော်တစ်ယောက်အဖြစ်အမိုက်စားတွေ့ရသလို ဘယ်လိုအမှတ်တံဆိပ်နဲ့ပဲဖြစ်ဖြစ်လိုက်ဖက်တဲ့ မော်ဒယ်လ်တစ်ယောက်လည်း ဖြစ်ပါတယ်။


ကမ္ဘာကျော်ဖက်ရှင်အမှတ်တံဆိပ်ဖြစ်တဲ့Saint Laurent ရဲ့ Global Ambassador တစ်ယောက်ဖြစ်တဲ့ Rose’ကတော့ Paris Fashion Week ကိုတက်ရောက်ခဲ့တာဖြစ်ပြီး အမှတ်တံဆိပ်ရဲ့ဝတ်စုံတွေနဲ့အတူ မရိုးနိုင်အောင်အလွန်လှပနေခဲ့တာဖြစ်ပါတယ်။ Rose’ရဲ့ သေးသွယ်ကျစ်လစ်တဲ့ကိုယ်ခန္ဓာအချိုးအစားကတော့ Saint Laurent နဲ့တကယ့်ကိုလိုက်ဖက်တယ်ဆိုတာ ငြင်းစရာမရှိပါဘူးနော်။


သူကတော့ After – Dinner ပါတီမှာ Fall 2022 Ready-to-wear collectionထဲက ငွေမှင်ရောင်ဝတ်စုံနဲ့ ကျက်သရေရှိရှိလှပနေခဲ့ပါတယ်။ သူ့ကိုတော့အနက်ရောင်ဝတ်စုံတွေနဲ့စတိုင်ကျတယ်ဆိုတဲ့အမြင်တွေကနေ အခုလိုငွေမှင်ရောင်ဝတ်စုံနဲ့လည်း ငေးလောက်စရာဖြစ်နေခဲ့တာကြောင့် အားလုံးရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ Global Ambassador ပီပီ Saint Laurent နဲ့တကယ့်ကိုလိုက်ဖက်လွန်းတာပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်

ေက်ာ့ရွင္းလွပတဲ့အသြင္အျပင္ေတြနဲ႔ Saint Laurent ရဲ႕ after-dinner ပါတီမွာ အားလုံးရဲ႕အၾကည့္ကိုဖမ္းစားခဲ့တဲ့ Rose’
Rose’ ကေတာ့ ဒိတ္ဒိတ္ႀကဲအမွတ္တံဆိပ္ေတြနဲ႔လက္တြဲထားႏိုင္တဲ့ ရွားပါးတဲ့အလွပိုင္ရွင္ေလးပါပဲ။ သူ႔ကိုေတာ့ ေဖ်ာ္ေျဖေရးစင္ျမင့္ထက္မွာ ပေရာ္ဖက္ရွင္နယ္အဆိုေတာ္တစ္ေယာက္အျဖစ္အမိုက္စားေတြ႕ရသလို ဘယ္လိုအမွတ္တံဆိပ္နဲ႔ပဲျဖစ္ျဖစ္လိုက္ဖက္တဲ့ ေမာ္ဒယ္လ္တစ္ေယာက္လည္း ျဖစ္ပါတယ္။


ကမာၻေက်ာ္ဖက္ရွင္အမွတ္တံဆိပ္ျဖစ္တဲ့Saint Laurent ရဲ႕ Global Ambassador တစ္ေယာက္ျဖစ္တဲ့ Rose’ကေတာ့ Paris Fashion Week ကိုတက္ေရာက္ခဲ့တာျဖစ္ၿပီး အမွတ္တံဆိပ္ရဲ႕ဝတ္စုံေတြနဲ႔အတူ မ႐ိုးႏိုင္ေအာင္အလြန္လွပေနခဲ့တာျဖစ္ပါတယ္။ Rose’ရဲ႕ ေသးသြယ္က်စ္လစ္တဲ့ကိုယ္ခႏၶာအခ်ိဳးအစားကေတာ့ Saint Laurent နဲ႔တကယ့္ကိုလိုက္ဖက္တယ္ဆိုတာ ျငင္းစရာမရွိပါဘူးေနာ္။
သူကေတာ့ After – Dinner ပါတီမွာ Fall 2022 Ready-to-wear collectionထဲက ေငြမွင္ေရာင္ဝတ္စုံနဲ႔ က်က္သေရရွိရွိလွပေနခဲ့ပါတယ္။ သူ႔ကိုေတာ့အနက္ေရာင္ဝတ္စုံေတြနဲ႔စတိုင္က်တယ္ဆိုတဲ့အျမင္ေတြကေန အခုလိုေငြမွင္ေရာင္ဝတ္စုံနဲ႔လည္း ေငးေလာက္စရာျဖစ္ေနခဲ့တာေၾကာင့္ အားလုံးရဲ႕အာ႐ုံကိုဖမ္းစားႏိုင္ခဲ့တယ္လို႔ ဆိုရမွာပါ။ Global Ambassador ပီပီ Saint Laurent နဲ႔တကယ့္ကိုလိုက္ဖက္လြန္းတာပါပဲေနာ္။